Covid-19 ရောဂါကူးစက်မှုတွေကို ကာကွယ်ဖို့အတွက် အိမ်မှာနေကြ၊ ကာကွယ်နည်းတွေ လိုက်နာနေကြတဲ့ အချိန်မှာ လူတွေသိချင်နေမယ့် မေးခွန်းတစ်ခုကတော့ အစားအသောက်ကနေ ကူးနိုင်လား ဆိုတာပါပဲ။
ထွက်မှာ သေချာပြီလား။
Covid-19 ရောဂါကူးစက်မှုတွေကို ကာကွယ်ဖို့အတွက် အိမ်မှာနေကြ၊ ကာကွယ်နည်းတွေ လိုက်နာနေကြတဲ့ အချိန်မှာ လူတွေသိချင်နေမယ့် မေးခွန်းတစ်ခုကတော့ အစားအသောက်ကနေ ကူးနိုင်လား ဆိုတာပါပဲ။
ဟုတ်တယ်လေ။ ကိုယ်က နှာခေါင်းစည်းတွေတပ်၊ လက်တွေ ခဏခဏဆေး၊ အမျိုးစုံ ဂရုစိုက်ပေမယ့်လည်း ဆိုင်ကဝယ်လာတဲ့ အစားအသောက်တွေကနေ ရောဂါပိုးများ ကူးလာနိုင်သလား စိုးရိမ်မိကြပါလိမ့်မယ်။ အိမ်ကနေ မှာစားတာ၊ မားကတ်တွေမှာ ပြေးဝယ်ထားတာတွေ အတွက် တွေးပူမိပြီပေါ့။
ဒီတော့ အစားအသောက်ကနေ ကူးနိုင်လား မကူးနိုင်လားဆိုတာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ ဖော်ပြချက်တချို့ကို ကြည့်ရအောင်။ သူတို့ရဲ့အချက်အလက်တွေအရဆို အစားအသောက် သို့မဟုတ် အစားအသောက်ထုပ်ပိုးမှုကနေ လူတွေကို Covid-19 ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ သိပ်မရှိနိုင်ပါဘူးတဲ့။
Covid-19 ဟာ အသက်ရှူလမ်းကြောင်းရောဂါတစ်ခုဖြစ်ပြီး မူလပထမကူးစက်မှုလမ်းကြောင်းဟာ လူလူချင်းထိတွေ့မှု၊ ရောဂါပိုးရှိသူ ချောင်းဆိုး၊ နှာချေလိုက်တဲ့အခါ ထွက်လာတဲ့ အစက်မှုန်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုကတဆင့် ဖြစ်ပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို အစားအသောက် သို့မဟုတ် ထုပ်ပိုးမှုကတဆင့် ကူးစက်ပြန့်ပွားတာမျိုး ခုချိန်ထိ အထောက်အထားမတွေ့ရှိရသေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ်တွေက အစားအသောက်မှာ မပြန့်ပွားနိုင်ပါဘူး။ ဘာလို့ဆို သူတို့က ပွားများ ပြန့်ပွားဖို့ တိရစ္ဆာန် သို့မဟုတ် လူ့ခန္ဓာကိုယ်တို့လို လက်ခံကိုယ်ခန္ဓာကို လိုအပ်ပါတယ်။
ဒီလိုမို့လို့ အစားအသောက်ကနေ မကူးနိုင်ဘူးဟေ့ ဆိုပြီး ဒလီတွေနဲ့ အကြီးအကျယ်ပွဲတော် မတည်ကြပါနဲ့ဦး။ ဆင်ခြင်ရမယ့် အချက်လေးတွေကို မမေ့ဖို့ အရေးကြီးပါတယ်လို့ သတိပေးချင်ပါတယ်။
လတ်တလောလေ့လာတွေ့ရှိချက်တွေအရ Covid-19 ဗိုင်းရပ်စ်ဟာ ပလတ်စတစ်နဲ့ စတီးမျက်နှာပြင် ပေါ်မှာ ၇၂ နာရီအထိ အသက်ရှင်နေနိုင်တယ်၊ ကော့ပါး မျက်နှာပြင်ပေါ်ဆို ၄ နာရီအထိ၊ ကတ်ထူပြားပေါ်မှာဆို ၂၄ နာရီအထိ ရှင်သန်နိုင်ပါတယ်။
(ဒီသုတေသနကို စိုထိုင်းဆနဲ့ အပူချိန် ကန့်သတ်ချိန်ညှိထားတဲ့ ဓာတ်ခွဲခန်းမှာ စမ်းသပ်ခဲ့တာမို့ ပြင်ပပတ်ဝန်းကျင်အနေအထားမှာတော့ ကွာခြားမှုတချို့ရှိရင် ရှိနိုင်ပါတယ်။)
ဒီလိုမျိုး အစားအသောက် ထုပ်ပိုးမှုမှာ ဗိုင်းရပ်စ်ရှိသူနဲ့ထိတွေ့ထားတဲ့ မျက်နှာပြင်ကို စားသုံးသူက ထိတွေ့မိတဲ့အခါ Covid-19 ပိုးက လက်မှာ ပါလာနိုင်တာပေါ့နော်။ အဲဒီမှာ လက်မဆေးမိ၊ မသန့်စင်မိရင် ဒုက္ခများနိုင်တာပေါ့။
ဒီအပိုင်းမှာ သတိထားရမှာက အစားအသောက် ပြင်ဆင်သူ၊ ပေးပို့သူတွေက ဂရုစိုက်ရမယ့်အပိုင်းနဲ့ ဝယ်သူ၊ စားသုံးသူတွေက သတိထားလိုက်နာရမယ့်အပိုင်းပဲ ဖြစ်ပါတယ်။
ဝယ်သူတွေဘက်က –
ကိုယ့်ဘက်က အတိုင်းအတာကို လိုအပ်သလောက် ကာကွယ်မှု လုပ်ဆောင်ထားတယ်ဆိုရင် Covid-19 ကူးစက်မှာကို ကြောက်ဖို့ မလိုပါဘူး။ အကောင်းဆုံးကတော့ ကိုယ့်အိမ်မှာ ကိုယ်တိုင်ချက်ပြုတ်စားတာပဲ ဖြစ်ပါတယ်နော်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Ref:
https://apps.who.int/iris/bitstream/handle/10665/331705/WHO-2019-nCoV-Food_Safety-2020.1-eng.pdf
Accessed Apr-14, 2020.
https://www.livescience.com/coronavirus-food-risk.html
Accessed Apr-14, 2020.