ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အစိုးရိမ်ကြီးနေသူ တော်တော်များများက လာမေးနေကြလို့ ပြန်တင်ပေးရခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်နဲ့ အမြဲထိတွေ့နေရတဲ့၊ ဘယ်သွားသွား ကိုယ်နဲ့ မကွာ ဆောင်ယူသွားကြတဲ့ စမတ်ဖုန်းတွေမှာ လူတွေထင်မထားနိုင်လောက်အောင် ရောဂါပိုးပေါင်းများစွာ ကပ်ငြိနေတယ်ဆိုတာ အခု Covid-19 ကာလမှ မဟုတ်ပါဘူး၊ အရင်ကတည်းပါပဲ။ ဒီအတွက် ဖုန်းစကရင်ကိုလည်း သန့်ရှင်းရေးလုပ်ဖို့ လိုတယ်ဆိုပေမယ့် တကယ်တမ်း လိုက်နာတဲ့သူဟာ အယောက်တစ်ရာမှာ တစ်ယောက်တောင် မရှိပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ခုလိုအချိန်မျိုးမှာတော့ ကိုယ့်လက်နဲ့ အမြဲထိတွေ့နေတဲ့ စမတ်ဖုန်းတွေကို သေချာ ပိုးသန့်စင်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ။