backup og meta

ကိုဗစ်ကြောင့် အနံ့ပျောက် တာလား၊ တခြားအကြောင်းရင်းကြောင့်လား။

ခုတလော ဟိုဟာတွေ့လည်း လိုက်ရှူ၊ ဒီဟာလေးဆိုလည်း လိုက်ရှူ၊ အနံ့လေးရမှပဲ စိတ်ချမ်းသာတော့တယ်။ ဘာကြောင့်လဲ။ အနံ့ပျောက်တာက ကိုဗစ်ရဲ့ လက္ခဏာ တစ်ခုဖြစ်နေလို့ပါ။ တချို့ဆို ဘာလက္ခဏာမှ ထူးထူးခြားခြားမခံစားရ၊ ဖျားလည်း မဖျားဘဲ အနံ့ပျောက်တာတစ်မျိုးနဲ့ပဲ ကိုဗစ်ရောဂါပိုးရှိနေတာပါ။ တချို့ကလည်း အနံ့သိပ်မရတော့တာနဲ့ ကိုဗစ်ဖြစ်ပြီလားဆိုပြီး သိချင်ကြပါတယ်။ ဒါလေးတွေကို ဖြေပေးသွားမှာပါ။

ဘာကြောင့်အနံ့မရတော့တာလဲ။

ဆဲလ်တွေ၊ မျိုးဗီဇအကြောင်းတွေ ပြောမှာဖြစ်လို့ နည်းနည်းတော့ ရှုပ်ထွေးပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်ပိုးက ဆဲလ်တွေထဲဝင်ပြီး ကူးစက်ဖို့ဆိုရင် ACE-2 receptorလေး လိုပါတယ်။ TMPRSS2ဆိုတဲ့ ပရိုတိန်းလေးရောပေါ့။ ဒီပစ္စည်းနှစ်ခုက နေရာတော်တော်များများမှာ ရှိပါတယ်။ နှာခေါင်း၊ လည်ချောင်းနဲ့ လေပြွန်အပေါ်ပိုင်းတွေမှာ ပိုတွေ့ရပါတယ်။

နှာခေါင်းမှာဆိုရင် အသက်ရှူလမ်းကြောင်းဆဲလ်လေးတွေ၊ အနံ့ခံဆဲလ်လေးတွေမှာ ပိုတွေ့ရပါတယ်။ ဒီဆဲလ်တွေထဲကို  ဝင်ပြီးဖျက်ဆီးတဲ့အတွက် အနံ့မရတော့တာပါ။ ကံကောင်းတာက အနံ့ခံတဲ့ အာရုံကြောဆဲလ်တွေက ဗိုင်းရပ်စ်ဝင်လို့ရတဲ့ ပုံစံတွေ မဟုတ်ပါဘူး။ ဒါကြောင့် အနံ့ပျောက်တယ်ဆိုတာ အာရုံကြောထိခိုက်လို့မဟုတ်ဘဲ သာမန်အနံ့ခံဆဲလ်လေးတွေ ထိခိုက်လို့ပါပဲ။

အနံ့မရတိုင်း ကိုဗစ်လား။

အနံ့မရတိုင်း ကိုဗစ်လို့တော့ တသမတ်တည်း ပြောလို့မရပါဘူး။ အသက်ရှူလမ်းကြောင်းကို ထိခိုက်တဲ့ ဗိုင်းရပ်စ်တော်တော်များများက အနံ့ပျောက်တာ ဖြစ်တတ်ပါတယ်။ ဒါ့ပြင်

ဒါဆို ကိုဗစ်နဲ့ ဘယ်လိုခွဲမလဲ။

လက္ခဏာချည်းသက်သက်နဲ့တော့ ခွဲရခက်ပါတယ်။ အကြမ်းဖျင်းလောက်ပဲ ပြောလို့ရပါတယ်။

ကိုဗစ်က ရုတ်တရက်ကြီး အနံ့ပျောက်တာ များပါတယ်။ နှာခေါင်းပွင့်နေရက်နဲ့ ဘာအနံ့မှ မရတာပါ။ တခြား ကိုဗစ်လက္ခဏာနဲ့ တွဲနေတာမျိုးတော့ ရှိနိုင်ပါတယ်။ ဥပမာ ဖျားတာ၊ ချောင်းဆိုးတာ။

တခြားရောဂါတွေအနေနဲ့က ဥပမာ အအေးမိတာဆိုရင် နှာရည်ယို၊ နှာပိတ်နေလို့ အနံ့မရတာ၊ ထိပ်ကပ်နာဆိုလည်း မျက်နှာလေအိတ်တွေ ရောင်ရမ်းပြီး ချွဲတွေနဲ့ ပိတ်နေလို့ အနံ့မရတာ၊ အသားပိုဆိုရင်လည်း အသားပိုနဲ့ ပိတ်နေလို့ မရတာမျိုး ဖြစ်တတ်ပါတယ်။

ဒါတွေက လက္ခဏာအရပဲ ပြောတာဖြစ်လို့ သိပ်တော့ မတိကျပါဘူး။

ဘယ်လောက်ကြာမှာလဲ။

တချို့ကလည်း နေပြန်ကောင်းတာတောင် အနံ့ပြန်မရသေးလို့ စိတ်ပူကြတာမျိုး ရှိပါတယ်။ တချို့က ချက်ချင်းပြန်ရသလို တချို့က နည်းနည်းစောင့်ရပါတယ်။ နာတာရှည်ဖြစ်သွားမလားကိုတော့ သေချာမပြောနိုင်သေးပါဘူး။ ကိုဗစ်ဖြစ်တာ ၉လလောက်ပဲ ရှိသေးတဲ့အတွက် နာတာရှည်ဖြစ်သွားမလားဆိုတာ ပြောရခက်ပါတယ်။။

အများစုကတော့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ အနံ့ပြန်ရကြပါတယ်။ ဒါက သာမန်ဗိုင်းရပ်စ်တွေထက်ကို မြန်ပါတယ်။ တခြား ဗိုင်းရပ်စ်တွေဆိုရင် အနံ့ခံအာရုံကြောကို ထိခိုက်တဲ့အတွက် ပြန်ကောင်းဖို့ လပိုင်းလောက်ထိကြာတတ်ပါတယ်။

အနံ့ပျောက်တာက ကိုဗစ်ရဲ့ သိသာတဲ့ လက္ခဏာတစ်ခု ဖြစ်လာပါပြီ။ အနံ့ပျောက်တိုင်း ကိုဗစ်လို့ တန်းပြောလို့ မရပေမယ့် ခုနက အချက်လေးတွေ ရှိနေရင်တော့ ဆေးစစ်ကြည့်ဖို့ အကြံပြုလိုပါတယ်။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.nhs.uk/conditions/lost-or-changed-sense-smell/

https://hms.harvard.edu/news/how-covid-19-causes-loss-smell

ယခုပုံစံ

26/11/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ

ကိုဗစ်-၁၉ နဲ့ အသက်အန္တရာယ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/11/2021 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement