ပညာရှင်တွေ ပြောကြားချက်အရ ပြင်းထန်အဆုတ်ရောင် ကိုဗစ်ရောဂါ (Covid-19) ကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေကို အစားအစာကနေ ကူးစက်နိုင်ခြေ မရှိသလောက် နည်းတယ်လို့ သိရပါတယ်။ ဒီလို ကပ်ဘေးကာလမှာ အိမ်ရဲ့ စားဝတ်နေရေးအတွက် ဝယ်ခြမ်းချက်ပြုတ်နေရတဲ့ အိမ်ထောင်ရှင် အမျိုးသမီးများအတွက်တော့ ရင်အေးစရာ သတင်းလို့ ဆိုရမှာပါပဲ။