အစားတလိုင်း တို့အတွက် Stay Homeအလွန် သတိထားသင့်တဲ့အချက်လေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 3, 2020 . 2 mins read
Share now

Stay Home ကာလ ပြီးဆုံးလို့ ရုံးတွေ ပြန်ဖွင့်ပြီး အရင်လို ဆိုင်တွေ ပြန်ဖွင့်ပြီဆို။ ဟိုအကင်ဆိုင်လေး ဖွင့်ပြီကြားတယ်၊ ဒီဟော့ပေါ့ဆိုင်တော့ ထိုင်စားလို့ရနေပြီ၊ ဘားလည်း ဖွင့်ပြီတဲ့။ အဲဒီလိုသတင်းတွေ ကြားတိုင်း ခေါင်းထထောင်တာ အစားတလိုင်း ၊ အသောက်တလိုင်းလေးတွေပဲ ဟုတ်။

Covid -19 ကြောင့် အိမ်မှာနေကြရတဲ့အချိန် တုန်းက ပါဆယ်လေးနဲ့ ကျေနပ်နေရ ပေမယ့် ဆိုင်မှာ ပြန်ထိုင်စားလို့ ရမယ့် ရက်ကို လက်ချိုးရေရင်း စောင့်နေကြသူ တွေပါ။ အရင်က သွားစားခဲ့ဖူးတဲ့ ဓာတ်ပုံလေးတွေ ပြန်ပြန်ကြည့်ပြီး ဖီးလ်နေရတာလည်း အမော။

ဆိုင် ပြန်ဖွင့်ပြီလေ

အစားအသောက်ဆိုင်တွေက ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ အညီ ရောဂါကာကွယ်ရေး လုပ်ဆောင်ချက်တွေ ပြင်ဆင်ထားကြတာ ဖြစ်ပေမယ့် အစားတလိုင်း တို့ အပျော်လွန်ပြီး သတိလက်လွတ် ဖြစ်ကြမှာ စိုးပါတယ်။ အပျော်လွန်ပြီး social distancing တွေ၊ ကြိုတင်ကာကွယ်ရေး အလေ့အကျင့်တွေကို မေ့လျော့သွားမှာ စိုးရပါတယ်။

ဥပမာ ထိုင်ခုံတွေ ခြားထားတာကို အတင်းစုထိုင်ကြတာမျိုး၊ ဆိုင်မှာ ထိုင်ခုံရဖို့ တိုးဝှေ့တန်းစီတာမျိုး၊ မတွေ့ရတာကြာတဲ့ သူတွေနဲ့ လူအများကြီး စုတွေ့ကြတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒါ့ကြောင့် သတိပေးချင်တာက –

(၁) အရင်အတိုင်း ပြန်နေဖို့ စိတ်မလောပါနဲ့

ဆိုလိုတာက အစားအသောက်တွေကို လွမ်းနေမှာ ဆိုပေမယ့် အရင်အတိုင်းတော့ လူပြန်စု၊ ဆိုင်ထိုင်၊ စကားပြောဆိုရင်း အပျော်အပါး ဦးစားပေးဖို့ မလုပ်သင့်သေးပါဘူး။ အစားတလိုင်း လေးတွေ စိတ်ကျေနပ်အောင် သွားစားပါ၊ သို့သော် ကျန်းမာရေးညွှန်ကြားချက် တွေကို လိုက်နာပါ။ ကိုယ့်ကျန်းမာရေး အတွက်ပဲ မဟုတ်လား။

(၂) ကပ်ထိုင်လို့ရတဲ့ ဆိုင်ကို မရှာပါနဲ့

ဆိုင် အတော်များများက social distancing နဲ့ ညွှန်ကြားချက်တွေကို လိုက်နာ ဖော်ဆောင်ထားကြပေမယ့် တချို့၊ တချို့ ဆိုင်တွေမှာ ဝိုင်းဖွဲ့ထိုင်လို့ရနေတာ တွေရှိပါတယ်။ နေရတာ အဆင်မပြေလို့ ဆိုပြီး ဒီလို ကပ်ထိုင်၊ စုထိုင်လို့ ရမယ့် နေရာတွေကို ရွေးမထိုင်ပါနဲ့။ ကူးစက်နိုင်တဲ့ အန္တရာယ် ပိုများတာကြောင့် အရင်က အောင့်အည်း သည်းခံခဲ့ရသမျှ သဲထဲရေသွန် ဖြစ်သွားနိုင်ပါတယ်နော်။

(၃) စားသောက် လို့ ပြီးတာနဲ့ နှာခေါင်းစည်း တပ်ထားပါ

မလုပ်ချင်လောက်ဘူး ဆိုပေမယ့် ဒါက လူတွေကြားမှာ ဆိုင်ထိုင်နေတဲ့ ကိုယ့်အတွက် အလုံခြုံဆုံး ကာကွယ်မှုပါ။ ဘာလို့ဆို ကိုယ့်ဝိုင်းကလူနဲ့ ခြားထားပေမယ့် ဘေးဝိုင်းက ဖြတ်သွားတဲ့သူ၊ စားပွဲထိုးဝန်ထမ်း တို့လို သူတွေက အနားရောက်မှ နှာချေလိုက်တာ၊ အနားမှာ စကားပြောမိတာတွေဆို ကူးစက်နိုင်ခြေရှိနိုင်ပါတယ်။

(၄) မစားခင် လက်ဆေးပါ

ဒါ အဓိက လိုက်နာရမယ့် အရေးကြီးဆုံး အချက်တစ်ခုပါ။ ရောက်ရောက်ချင်း အစားမငမ်းပါနဲ့ဦးနော်။ လက်ဆေး သန့်စင်ရပါမယ်။ စိတ်လောပြီး အရင်စားမိရင် ကိုယ့်လက်ကနေ ရောဂါပါ အဆစ်ရသွားနိုင်ပါတယ်။

(၅) ပိုးသတ် သန့်ရှင်းမှု ကို ဦးစားပေးတဲ့ ဆိုင်ကို ရွေးပါ

ကိုယ်က အထပ်ထပ် ဂရုစိုက်ပါသော်လည်း ဆိုင်က ပိုးသတ် သန့်ရှင်းမှု သေချာ မလုပ်တာ၊ ပုံမှန် မလုပ်တာ ဆိုရင် ပိုအန္တရာယ်များ ပါတယ်။ စားသုံးသူ တစ်ယောက်နဲ့ တစ်ယောက် အကူးမှာ ထိုင်ခုံတွေ၊ အသုံးအဆောင်တွေ ကို ပုံမှန် သန့်စင်ပေးထားသင့် ပါတယ်။ ဒီအချက်ကို ဦးစားပေး ရွေးချယ်ပါ၊ အရသာ ကောင်းတာ ကိုပဲ ဦးစားပေးရမယ့် အခြေအနေ မဟုတ်ပါဘူးနော်။

(၆) ဆိုင် ပြင်ပ မှာလည်း social distancing ကို မမေ့ပါနဲ့

ဆိုင်မှာတော့ ခြားပြီး ထိုင်ပါရဲ့။ အပြင်မှာ ပခုံးဖက်၊ ပူးကပ်ပြီး စကားဖောင်ဖွဲ့ကြမယ်ဆို ဘာမှမထူးတော့ပါဘူး။ ရောဂါပိုးရှိသူ ကို ကြိုမသိနိုင်တာကြောင့် အချင်းချင်းတွေ တတ်နိုင်သလောက် အကွာအဝေး သတ်မှတ်ပြီး ဆင်ခြင် တွေ့ဆုံတာ အကောင်းဆုံးပါ။ အနည်းဆုံးတော့ တအား မနီးကပ် အောင် သတိထားသင့်ပါတယ်။

အစားတလိုင်း လေးတွေရေ… ဒီလောက်ဆို ယူတို့ အပြင်ထွက်စားကြဖို့ ဘေးကင်းမှု အတွက် အထောက်အကူ ဖြစ်လိမ့်မယ် လို့ ယုံကြည်ပါတယ်။ ကိုယ်ဆင်ခြင်သမျှက ကိုယ့်အတွက်ပဲ မို့ Covid -19 ကို ကာကွယ်ပြီး ထိန်းထိန်းသိမ်းသိမ်း ပျော်ကြရအောင်နော်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးမှု။ ကာကွယ်ဆေးထိုးမယ်ဆိုရင် မထိုခင်နဲ့ ထိုးပြီး အနည်းဆုံး ၄၅ ရက် ကြာတဲ့အထိ အရက်သောက်သုံးမှုကို ရှောင်ရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Zoom Fatigue သို့ Video Call ကြောင့် ဖြစ်လာတဲ့ ဖြစ်လာတဲ့ ကျန်းမာရေးထိခိုက်မှု

Video Call တွေကြောင့် ပင်ပန်းနွမ်းလျပြီး စိတ်ဖိစီးလာနေတာကို လူသုံးများတဲ့ Zoom ကို အစွဲပြုပြီး Zoom Fatigue လို့ သုံးနှုန်းခေါ်ဝေါ်လာကြတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကိုဗစ်ကာကွယ်ဆေး မထိုးခင် ဒါအရင် ဖတ်သွားပါ။

ကိုဗစ်ကာကွယ်ဆေး မထိုးခင်မှာ ဘာတွေ ပြင်ဆင်ထားရမလဲ။ ဘာတွေရှာင်ကြဉ်ရမလဲ။ ဆေးထိုးပြီးတဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths တွေ အများကြီးကို ကြားမိနေနိုင်ပါတယ်။ ဒီအချက်တွေက တကယ်ရော မှန်ရဲ့လား။ ယုံကြည်သင့်ရဲ့လား။ သတင်း အမှန်တွေက ဘာတွေလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
Mask ၂ ထပ်ဝတ် ရင် ပိုစိတ်ချရမလား

Mask ၂ ထပ်ဝတ် ရင် ပိုစိတ်ချရမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
မျက်ရည်ယို ဓာတ်ငွေ့ ဒဏ်ကနေ ဒီလို ကာကွယ်ကြတာပါ။

မျက်ရည်ယို ဓာတ်ငွေ့ ဒဏ်ကနေ ဒီလို ကာကွယ်ကြတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
how to prevent covid when you have to be in a crowd

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read