ဘယ်တော့များ သတင်းကြားရမလဲ စိုးထိတ်နေကြတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ဂယက်ထသွားခဲ့ရတာက နှာခေါင်းစည်း (mask)စျေးကွက်ပါပဲ။ ကူးစက်ခံရမှာကို ကြောက်လန့်ပြီး တတ်နိုင်သလောက်ကာကွယ်ဖို့ နှာခေါင်းစည်းတွေ အပြေးအလွှားလုဝယ်ကြရာက ဆေးဆိုင်မှာတင်မက အွန်လိုင်းကမှာယူမှုတွေပါ ပစ္စည်းပြတ်၊ စျေးတက် ဖြစ်လာခဲ့ပါတယ်။