မိုးရွာရင် ရေကြီးတတ်တာ သဘာဝပါ။ ရေကြီးတာက လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်စေနိုင်သလို ဘာမှမဖြစ်ဘူးဆိုရင်တောင်မှ ကျန်းမာရေးပြဿနာလေးတွေ အနည်းနဲ့ အများတော့ ကြုံရတတ်ပါတယ်။ ဒီတော့ ရေကြီးရင် ဘာကျန်းမာရေး ပြဿနာတွေနဲ့ ကြုံနိုင်လဲ။ ဘယ်လိုကာကွယ်ကြမလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ပြောပြထားပါတယ်။