မေးနှစ်ထပ်ဖြစ်လို့ စိတ်ညစ်နေပြီလား။ ဒါလေးတွေ လုပ်ကြည့်ပါ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 1 min read
Share now

V- shaped လိုမျိုး သွယ်လျ အချိုးကျတဲ့ မျက်နှာ လေးတစ်ခု ပိုင်ဆိုင်ချင်ကြတာ တို့မိန်းကလေးတိုင်းပါ။ ခက်တာက လောကကြီးမှာ လိုတာမရ ရတာမလိုဖြစ်နေတာတွေကများတော့ လိုချင်တာက သွယ်လျတဲ့မျက်နှာ ဖြစ်နေတာက မေးနှစ်ထပ်နဲ့ တွဲတွဲကြီးဖြစ်နေတော့ မှန်ထဲ ကြည့်လိုက်တိုင်း စိတ်ညစ်ကြတယ်လေ။

ခုလို ပျိုမေတို့ စိတ်ညစ်နေရတဲ့ မေးနှစ်ထပ်ပြဿနာကို အိမ်တွင်းဆေးနည်းလေးတွေနဲ့ သက်သာအောင် လုပ်လို့ရနေပြီဆိုတာ သိပါသလား။ မသိလိုက်ဘူး မဖြစ်ရလေအောင် ခုပဲ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ကြနော်။ ။

မေးနှစ်ထပ်ကို အပြတ် တိုက်ထုတ်မယ့် အိမ်တွင်းဆေးနည်းလေးများ ။ ။

ကြက်ဥ အကာ ။ ။

  • ကြက်ဥအနှစ် မပါဘဲ အကာချည်းသက်သက်ကို ပျားရည်သံပရာရည်၊ နို့ စားပွဲတင်ဇွန်း တစ်ဇွန်းဆီနဲ့ ရောခေါက်ပြီး မေးစိနားတစ်ဝိုက်ကိုသုတ်လိမ်းပေးပါ။
  • မိနစ် ၃၀ ကြာအောင် ထားပြီး ရေပြန်ဆေးချပါ။
  • တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။

ကက်ဥအကာရဲ့ အသားအရေ တင်းရင်းမှု အစွမ်းကြောင့် တွဲကျနေတဲ့ သင့်မေးနှစ်ထပ် ပျောက်သွားပါလိမ့်မယ်။

လက်ဖက်စိမ်း လက်ဖက်ရည် ။ ။

  • လက်ဖက်စိမ်း( green tea ) လက်ဖက်ခြောက်ကို ရေနွေးထဲ ထည့်ခတ်ပြီး ပျားရည်လေးရောပြီး ပူပူလေးသောက်ပေးပါ။

လက်ဖက်စိမ်းရဲ့ ကိုယ်အလေးချိန်ကျစေတဲ့အစွမ်းကြောင့် နှစ်ထပ်ဖြစ်နေတဲ့သင့် မေးကြီးလည်း အဝေးကို ထွက်ပြေးသွားပါလိမ့်မယ်။

သံလွင်ဆီ ။ ။

သံလွင်ဆီကို အပူလေးပေးပြီး နှစ်ထပ်ဖြစ်နေတဲ့ မေးစေ့နေရာကို တစ်ညလုံး လိမ်းထား( ဒါမှမဟုတ် ) တစ်နာရီ ၂ နာရီလောက် လိမ်းထားပြီး ရေဆေးချပါ။

  • တစ်နေ့ တစ်ကြိမ်လောက် လုပ်ပေးပါ။
  • သံလွင်ဆီမှာပါတဲ့ ဗီတာမင် E ရဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြောင့် သင့်အသားအရေ ထိခိုက်ပျက်စီးတာကို တားဆီးပေးမယ့်အပြင် အရေပြားအတွက် လိုအပ်တဲ့ အစိုဓါတ်လည်း ရစေတာကြောင့် အသက်အရွယ်အရဖြစ်တဲ့ အသားအရေလျော့တွဲလာခြင်းကို အကောင်းဆုံး ကာကွယ်ပေးမှာပါ။

ပီကေဝါးပါ။

ကိုယ်ပေါ်ကအဆီတွေ ကျစေဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု လုပ်ရပါတယ်။ ဒါဆို နှစ်ထပ်ဖြစ်နေတဲ့ မေးစေ့က အဆီတွေ ကျဖို့ဆိုရင်ရော ဘာလုပ်ရမလဲ ။ လွယ်ပါတယ် ။ ပီကေဝါးပါ။ ပီကေဝါးနေတဲ့အချိန်ဆို မေးစေ့ကလည်း အငြိမ်မနေရတဲ့အတွက် မေးကို နှစ်ထပ်ဖြစ်စေတဲ့ အဆီတွေ လောင်ကျွမ်းသွားမှာပါ။

နှိပ်နယ်ပေးပါ။ ။

မေးစေ့နားတစ်ဝိုက်ကို နှိပ်နယ် ပေးတာကြောင့် သွေးလည်ပတ်မှု တွေ ကောင်းသွားပြီး မေးစေ့မှာ စုနေတဲ့ အဆီတွေ လောင်ကျွမ်းသွားမှာပါ။ လက်ချည်းပဲနှိပ်နှိပ် အဆီ တစ်မျိုးလိမ်းပြီးပဲ နှိပ်နှိပ် အဆင်ပြေပါတယ်။

ကဲ မေးနှစ်ထပ်ဖြစ်နေရင် စိတ်မညစ်နဲ့တော့နော် ။ ခုပြောထားတဲ့ နည်းလေးတွေ လိုက်လုပ်ကြည့်။ မှန်ထဲကြည့်လိုက်တာနဲ့ စိတ်ပြန်ချမ်းသာစေဖို့ တာဝန်ယူတယ်။ တစ်ခုပဲ။ စိတ်ရှည်ဖို့တော့ လိုတယ်နော်။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းပင်က အရွက်ကစလို့ အစေ့၊ ပင်စည်၊ အသီး၊ အမြစ် အားလုံးက အသုံးဝင်ပါတယ်။ ဒါဆို မန်ကျည်းပင်စည်က အခေါက်ထူထူလေးတွေက ဘယ်လို ဆေးဖက်ဝင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား……….

ဆဲလ်သေတွေဖယ်ရှားမှ အသားအရေက ကျန်းမာတယ်။ အခုလို အသားခြောက်တဲ့ ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားလို့ ဖြစ်ပါ့မလား။ အသားများ ပိုခြောက်သွားမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မနက်ခင်းမှာ လှပနေစေဖို့ ညမအိပ်ခင် ဒီလိုထိန်းသိမ်းမှုလေးတွေ လုပ်ပါ။

မနက်နိုးလာလို့ မှန်ထဲကြည့်တဲ့အခါ မျက်နှာလေးက ကြည်လင် ဝင်းပနေရင် စိတ်ထဲက ကျေနပ်ပြီး မနက်ခင်းတွေက လှပနေရောဟုတ် လေဒီ။ မနက်တိုင်း လှပစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆောင်းအအေးဒဏ်ကြောင့် နှုတ်ခမ်းတွေ ခြောက်ပြီးကွဲလာပြီဆိုရင်

ဆောင်းတွင်းအခါသမယဆိုတာ အသားအရေကို ဂရုစိုက်သူတွေအတွက်တော့ တော်တော်လေးကို စိတ်ညစ်စရာကောင်းတဲ့ ...

ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 2 mins read
လမ်းလျှောက်ရလို့ ဖိနပ်ပေါက် တဲ့အခါ

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 3 mins read
ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေသက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 7, 2021 . 2 mins read