အမြဲလွှင့်ပစ်ကြတဲ့ ဖရဲသီးအခွံရဲ့ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 1 min read
Share now

အများစုက  ဖရဲသီးရဲ့ အရည်ရွှမ်းပြီး ချိုမြတဲ့အသားကိုပဲ စားကြပါတယ်။ ဒါပေမဲ့ ဖရဲသီးရဲ့အခွံကိုလည်း စားလို့ရပါတယ်တဲ့။ ဖရဲသီးအခွံက သင့်ခန္ဓါကိုယ်ကို  ဘက်ပေါင်းစုံက အကျိုးပြုနေလို့ပါပဲ။

ဖရဲသီးအခွံမှာ ဘာတွေပါလို့လဲ

ဖရဲသီး အသားမှာလိုပဲ အခွံမှာ ရေ ဓါတ် အပြည့်အဝ ပါဝင်ပါတယ်။ သည် လိုရေဓါတ် ပါဝင်လို့လည်း ကျောက်ကပ်ရဲ့စွန့်ထုတ်နိုင်စွမ်းကို ပိုကောင်းစေတာပါ။ ဒါ့အပြင် ရေဓါတ်အလုံအလောက်ရရှိ မှုကြောင့် သွေးတိုးကိုလည်းကျစေဖို့ အထောက်ကူပေးပါတယ်။

ဖရဲခွံသားက ဗီတာမင်C ၊ B6  နဲ့   A တို့ ပြည့်ဝစွာပါဝင်တဲ့အပြင် ပိုတက်စီယမ်နဲ့ ဇင့်တို့ကိုလည်း ပမာဏအတန်အသင့်ရရှိ နိုင်ပါတယ်။

ဗီတာမင် စီပါဝင်လို့ free radical ကြောင့်ထိခိုက်ပျက်စီးမှုတွေကို ခုခံနိုင်ပြီး ကိုယ်ခံအားကို ကောင်းစေပါတယ်။

ဖရဲသီးအခွံသားကို စားရင်ရရှိနိုင် မယ့် အကျိုးကျေးဇူး

၁ ။ ကျောက်ကပ်မှာ ကျောက်ကြေစေတယ်

ဖရဲခွံမှာပါတဲ့ ပိုတက်စီယမ်ဟာ ကျောက်ကပ်ထဲက အက်စစ်ပမာဏကို ထိန်းညှိ၊ ထိန်း သိမ်း ပေး တာ ဖြစ် လို့ ကျောက် ကပ်ကျန်းမာရေးအတွက် အကျိုးများစေပါတယ်။ ရေဓါတ်ပါဝင်မှုကြောင့် ကျောက်ကပ်မှာတည်နေတဲ့ ကျောက်တွေကို ကြေကျစေပါတယ်။

၂။ ကိုယ်အလေးချိန်ကျစေတယ်

ဗီတာမင်C ပါဝင်မှုကြောင့် diet လုပ်၊ ဝိတ်ချနေသူတွေအတွက် အထောက် အကူဖြစ်စေပြီး အမျှင်ဓါတ်ကြောင့် အချိန်အတော်ကြာ ဗိုက်ပြည့်နေစေမှာ ဖြစ်ပါ တယ်။

၃။ ရောင်ရမ်းမှုလျော့ကျစေတယ်

ဖရဲသီးခွံမှာပါတဲ့ lycopene ဓါတ်က အဆစ်ရောင် နာကျင်ကိုက်ခဲမှုတွေမှာ ဖြစ်တတ်တဲ့ရောင်ရမ်းမှုဝေဒနာကို လျော့ကျ စေပါတယ်။ ဖရဲသီးခွံမှာ မျက်စိကျန်းမာရေးအတွက်ကောင်းတဲ့ beta carotene ဓါတ်လည်း တော်တော်လေး ပါဝင်ပါ တယ်။

၄ ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသနိုင်တယ်

ဖရဲသီးအခွံရဲ့ ရေဓါတ်ဖြည့်တင်း နိုင်စွမ်းနဲ့ ဆီးရွှင်စေတဲ့အာနိသင်က ဆီးပိုးဝင် ခြင်း ကို ကုသရာမှာ ထိရောက်စေမှာပါ။ ဒါ့ ကြောင့် ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာ  စတွေ့ပြီဆိုတာနဲ့ ဖရဲသီးအခွံဖျော်ရည် ကို သောက်နိုင်ပါတယ်။

၅ ။ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာစေတယ်

ဖရဲသီးအခွံသားကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေစားပေးမယ်ဆိုရင် ရင်ပူတာတွေ သက်သာစေပြီး ကိုယ်ဝန် ကြောင့် ဖြစ်တဲ့ ဖောရောင်မှုတွေကို လျော့ပါးစေပါ တယ်။ ဖရဲသီးအခွံမှာပါဝင်တဲ့ သဘာဝသကြားဓါတ်ကြောင့် အော့အန်ခြင်း ဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါ တယ်။

၆။ သွေးတိုးထိန်းပေးနိုင်တယ်

ဖရဲသီးအခွံသားက သွေးတိုးကိုကျစေတယ်လို့ဆိုပေမဲ့ သွေးပေါင်ကျနေတဲ့ အခါမျိုးမှာလည်း သွေးလည်ပတ်မှုကို ကောင်းစေပြီး သွေးဖိအားကို  ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးတွေ သံဓာတ် ပြည့်ဝနေစေဖို့ နေ့စဉ်အာဟာရထဲမှာ ဘာတွေကျွေးမွေးကြမလဲ

သံဓာတ် ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သန်းနဲ့ချီတဲ့ ကလေးတွေမှာ ကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အားကစားသမားများအတွက် အထူးအာဟာရ Sports nutrition ဆိုတာ

Sports nutrition မှာ စားရမယ့် အာဟာရတစ်မျိုးချင်းစီကို အသေးစိတ်တွက်ပြီး စားမှ အားကစားသမားတွေ ကျန်းမာရေး မထိခိုက်ဘဲ လေ့ကျင့်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

တန်ဆောင်တိုင် လပြည့်ညဆို ငယ်ငယ်ကတည်းက ဆေးပေါင်းခတယ်ဆိုပြီး မစားချင်တောင် ဆေးဖြစ်ဝါးဖြစ်လေးစားဆိုပြီး ဖွားဖွားက ခွံပေးတဲ့ မယ်ဇလီဖူးသုပ်ကို စားဖူးတယ်ဟုတ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆောင်းအအေးဒဏ်ကြောင့် နှုတ်ခမ်းတွေ ခြောက်ပြီးကွဲလာပြီဆိုရင်

ဆောင်းတွင်းအခါသမယဆိုတာ အသားအရေကို ဂရုစိုက်သူတွေအတွက်တော့ တော်တော်လေးကို စိတ်ညစ်စရာကောင်းတဲ့ ...

ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ထက်ထက်မြက်မြက် မျိုးဆက်သစ်များ ဖြစ်လာစေဖို့အတွက်

ထက်ထက်မြက်မြက် မျိုးဆက်သစ်များ ဖြစ်လာစေဖို့အတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 2 mins read
မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 21, 2020 . 1 min read