သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ခြေဖဝါး၊လက်ဖဝါး အကြောလျှော့အနှိပ်ခံခြင်းရဲ့ အကျိုးကျေးဇူးတွေ သိထားပြီးပြီလား

    ခြေဖဝါး၊လက်ဖဝါး အကြောလျှော့အနှိပ်ခံခြင်းရဲ့ အကျိုးကျေးဇူးတွေ သိထားပြီးပြီလား

    ရုံးဆင်းပြီဆိုရင် Foot Reflexology ဆိုင်တွေကို ပြေးတတ်ကြတယ်နော်။ ဒီနေရာတွေက တစ်နေ့ကုန် ဖိစီးတောင့်တင်းနေတဲ့ အကြောအခြင်တွေကို နာရီပိုင်းလေးအတွင်းမှာ ပြေလျော့သက်သာစေမယ့် အနားယူစရာလေးတွေ ဖြစ်လာပါတယ်။ အလုပ်မှာပင်ပန်းသမျှ စိတ်ဖိစီးမှုတွေကိုပါ ပြေလျော့ သက်သာစေနိုင်ပါတယ်တဲ့။

    ခြေဖဝါး၊ လက်ဖဝါးတို့အပြင် ခန္ဓာကိုယ်ရဲ့အကြောတောင့်တင်းနိုင်တဲ့ဧရိယာတွေကို ဖြေလျှော့နှိပ်နယ်ပေးတဲ့ ဝန်ဆောင်မှုဟာ အတော်လေးခေတ်စားလာခဲ့ပြီမို့ အကြောပြေအနှိပ်ခံခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အားသုံးနှိပ်နယ်တာမဟုတ်ဘဲ အကြောအခြင်အဓိကပွိုင့်လေးတွေကိုပဲ အသာအယာနှိပ်နယ်နှိုးဆွပေးတဲ့နည်းကို ဆိုလိုတာပါနော်။

    (၁) အာရုံကြောလုပ်ဆောင်မှုကို ပိုကောင်းစေတယ်

    အသက်ကြီးလာတာနဲ့အမျှ ကျွန်မတို့ခန္ဓာကိုယ်မှာရှိတဲ့အာရုံကြောစွန်းတွေ(ခြေဖျား၊လက်ဖျားတို့လို အစွန်အဖျားအစိတ်အပိုင်းတွေ)က ထိတွေ့အာရုံခံနိုင်စွမ်း အားနည်းလာပါတယ်။ Reflexology တစ်ကြိမ်လောက်နဲ့ အာရုံကြောအစွန်းပေါင်း ၇၀၀၀ ကျော်ကို နှိုးဆွပေးနိုင်တယ်၊ လုပ်ဆောင်ချက်နဲ့ ပြန်လည်တုံ့ပြန်နိုင်စွမ်းပိုကောင်းစေနိုင်တယ်လို့ ဆိုကြပါတယ်။

    (၂) အားပိုဖြစ်စေတယ်

    ကိုယ်တွင်းအစိတ်အပိုင်းတွေနဲ့ ကြွက်သားစနစ်လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးတဲ့ reflexology က ကိုယ်တွင်းဇီဝဖြစ်စဉ်တွေနဲ့ ခွန်အားဖြစ်ပေါ်မှုတွေကို တိုးမြှင့်ပေးနိုင်ပါတယ်။

    (၃) အိပ်ပျော်စေတယ်

    အိပ်ရာမဝင်ခင်အချိန်က ခြေထောက်ကိုနှိပ်နယ်ဖို့ အကောင်းဆုံးပါပဲ။ ခြေထောက်ကို အကြောပြေလျော့ပြီး သက်တောင့်သက်သာရှိစေတဲ့ နှိပ်နယ်မှုက သွေးလည်ပတ်မှုပိုကောင်းစေပါတယ်။ သွေးလည်ပတ်မှုပိုကောင်းတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

    (၃) သွေးလည်ပတ်မှုပိုကောင်းစေတယ်

    အကြောလျှော့အနှိပ်ခံခြင်းရဲ့လူသိများတဲ့ကောင်းကျိုးတွေထဲမှာ ခန္ဓာကိုယ်အနှံ့သွေးလည်ပတ်မှု ပိုကောင်းစေတဲ့အချက် ပါဝင်ပါတယ်။ ညင်သာစွာနဲ့ ထိမိတဲ့ နှိပ်နယ်မှုကြောင့် ကိုယ်တွင်းက အရေးပါတဲ့အစိတ်အပိုင်းတွေဆီကို အောက်စီဂျင်ပိုမိုရောက်ရှိစေပြီး လုပ်ဆောင်ချက်တွေပိုကောင်း စေမယ်။ အကျိုးရလဒ်အနေနဲ့ အနာကျက်ခြင်းနဲ့ ထိခိုက်ပျက်စီးနေတဲ့ဆဲလ်တွေ ပြန်လည်ဖြစ်ပေါ်မှုတို့ မှာလည်း ပိုမြန်ဆန်စေပါတယ်။

    (၄) ပင်ပန်းမှုတွေကို ပြေပျောက်စေတယ်

    အပေါ်မှာပြောခဲ့သလိုပဲ reflexology က အာရုံကြောတွေကို နှိုးဆွပေးနိုင်လို့ ခန္ဓာကိုယ်ကို ပြေလျော့စေပြီး ပိုလို့သက်တောင့်သက်သာဖြစ်စေပါတယ်။ ဒါ့ကြောင့်ပဲ အိပ်စက်မှုဆိုင်ရာ ရောဂါတွေကို ကုသရာမှာ ဒီနည်းကို သုံးခဲ့ကြပါတယ်။ ညအိပ်မပျော်သူတွေမှာ reflexology ကြောင့် ခန္ဓာကိုယ်ကို ပေါ့ပါးသက်သာစေပြီး နှလုံးခုန်နှုန်းကိုပါ ပုံမှန်ပြန်ဖြစ်စေပါတယ်။

    (၅) အဆိပ်အတောက်တွေ ကင်းစင်စေတယ်

    Reflexology ကြောင့် ဆီးအိမ်လုပ်ဆောင်ချက်ကို ပိုကောင်းစေပြီး ဆီးလမ်းကြောင်းပြဿနာတွေကို သက်သာလျော့ပါးစေပါတယ်။ ဒါ့ကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေနဲ့ တခြားဓာတ်ပစ္စည်း တွေကို ဖယ်ရှားသန့်စင်ရာမှာ လုပ်ဆောင်ချက်ပိုကောင်းစေပါတယ်။

    ဒီလိုကောင်းကျိုးတွေရှိတယ်ဆိုတော့လည်း အလုပ်ဆင်းလို့ အားတဲ့အချိန် ဒါမှမဟုတ် အလုပ်ပိတ်ရက်လေးတွေမှာ အနားယူရင်း တစ်ကြိမ်တစ်ခေါက်တော့ သွားပြီးအနားယူသင့်တာပေါ့နော်။ Hello ဆရာဝန် ပရိသတ်တို့ ကျန်းမာပေါ့ပါးတဲ့ နေထိုင်မှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    health-tool-icon

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Yun Sandi Nan Mon မှ ရေးသားသည်။ 4 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: