အဓိပ္ပါယ်ဖွင့်ဆိုချက်
Hypotension (သွေးပေါင်ကျခြင်း) ဆိုတာဘာလဲ
သွေးပေါင်ကျတယ်ဆိုတာကသွေးလွှတ်ကြောတွေ၊သွေးပြန်ကြောတွေကနေတဆင့်သွေးတွေစီးဆင်းမှုနည်းသွားတာကြောင့်ဖြစ်လာတဲ့ သွေးပေါင်ချိန်နည်းလာတဲ့လက္ခဏာတစ်ရပ်ပါ။သွေးကြောတွေထဲမှာသွေးစီးဆင်းမှု အရမ်းနည်းသွားတဲ့အခါ ဦးနှောက်၊နှလုံး နဲ့ကျောက်ကပ်တို့လိုမျိုး ခန္ဓါကိုယ်အတွက် အရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီကိုအောက်ဆီဂျင်နဲ့အာဟာရဓါတ်တွေရောက်ရှိမှုနည်းသွားနိုင်ပါတယ်။ ဒီလိုမျိုးအခြေအနေက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပုံမှန်အလုပ်မလုပ်နိုင်တဲ့ အခြေအနေကိုရောက်ရှိသွားစေနိုင်သလို ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးတာမျိုးအထိတောင်ဖြစ်စေနိုင်ပါတယ်။