ဆားဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ဆားများများ စားလေလေ သွေးပေါင်ချိန်တက်လေလေပါပဲ။
ဆားဟာ သင့်ခန္ဓါကိုယ်က ရေဓါတ်ကို သိုလှောင်ထားမှု များစေပါတယ်။ ဆားစားတာ များပြားရင် သင့်ခန္ဓါကိုယ်မှာ ပိုလျှံတဲ့ ရေတွေ သိုလှောင်ထားပြီး သွေးပေါင်တက်စေပါတယ်။ ဒါဟာ သင့်မှာသာသွေးတိုးရှိနေမယ်ဆိုရင်တော့ ပြဿနာ ဖြစ်စေမှာပါ။ ပြီးတော့ ဆားအများကြီးစားခြင်းဟာ သွေးပေါင်ကျဆေးတွေဖြစ်တဲ့ ဆီးဆေး တွေကို ကောင်းကောင်း အလုပ်မလုပ်စေပါဘူး။
ဆားဘယ်လောက်စားရင ်များတယ်လို့ပြောသလဲ။
ဆား (သို့) ဆိုဒီယမ်ဟာ အသက်ရှင်ဖို့အတွက် အရေးကြီးတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ သူ့ကို ကျောက်ကပ်က ထိန်းညှိပေးပြီးတော့ သူက သင်ခန္ဓါကိုယ်ရဲ့ အရည်ပမာဏ ထိန်းညှိမှုကို လုပ်ဆောင်ပါတယ်။ ဆားဟာ အာရုံကြော နှိုးဆွမှု ဖြစ်စေပြီး ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာကို အကျိုးသက်ရောက်ပါတယ်။ ဆားဟာ ရေ သိုလှောင်ခြင်းကို ထိန်းညှိပေးတဲ့အတွက် သင့်ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါဟာ သွေးပမာဏနဲ့ ဖိအားကို ထိန်းချုပ်တဲ့နေရာမှာ အလွန်အရေးကြီးတဲ့ ကဏ္ဍကပါဝင်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဟာ ဆားကို တစ်နေ့ ၆ဂရမ်ထက်ပိုပြီး မစားသင့်ပါဘူး။ ဒါပေမယ့် လူအတော်များများကတော့ ပိုပြီး စားနေကြပါတယ်။
ညီမျှမှုကတော့ အလွန်အသေးစိတ်ပါတယ်။ ဆားအများကြီး စားခြင်းဟာ သွေးဖိအားနဲ့ဆက်နွယ်နေတဲ့ ကိုယ်ခန္ဓါထဲမှာ အရည်တွေ သိုလှောင်ထားခြင်းကို ဖြစ်စေပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဒါဟာ မော်လီကျူးအဆင့်မှာ ဘယ်လိုအလုပ်လုပ်လဲဆိုတာ သိရှိမှု နည်းပါးတယ်လို့ ဆိုပါတယ်။
နေ့စဉ်စားသောက်တဲ့ ဆားပမာဏအများစုဟာ မမြင်နိုင်ပါဘူး။ အကြမ်းဖျင်းအားဖြင့် ၈၀ ရာခိုင်နှုန်းသော ဆားတွေဟာ ပြုလုပ်ပြီးသား အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်၊ ဘီစကစ်၊ မနက်စာ စားသောက်ဖွယ်၊ အသင့်စား အစားအသောက်တွေနဲ့ ယူဆောင်သွားလို့ရတဲ့ အစားအသောက်တွေ အတွင်းမှာ တည်ရှိနေပါတယ်။ ၂၀ ရာခိုင်နှုန်းကသာ ဟင်းချက်တဲ့နေရာမှာ အသုံးပြုတဲ့ ဆား ပုံစံနဲ့ လာပါတယ်။
ဆားပမာဏဆိုတာ ဘာကိုဆိုလိုပါသလဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။