backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ventricular septal defect (သွေးလွှတ်ခန်းနှစ်ခုကြားနံရံ ပျက်စီးခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ventricular septal defect (သွေးလွှတ်ခန်းနှစ်ခုကြားနံရံ ပျက်စီးခြင်း ) ကဘာလဲ။

သွေးလွှတ်ခန်းနှစ်ခုကြားနံရံပျက်စီးခြင်း သည် သွေးလွှတ်ခန်း နှစ်ခု၏ အဖြစ်များသော မွေးရာပါ ချို့ယွင်းမှုတစ်ခု ဖြစ်သည်။ သွေးလွှတ်ခန်းနှစ်ခုသည် နှလုံး၏ အောက်ဖက်မှ အခန်းနှစ်ခန်း ဖြစ်ပြီး အပိုင်းအခြား များဖြင့် ခွဲခြားထားပါသည်။ နှလုံး၏ ဘယ်ဘက်အခြမ်းသည် ပုံမှန် အားဖြင့် ဖိအားပြင်းပြင်းဖြင့် သွေးများကို စုပ်ထုတ်ပါသည်။ ညာဘက်ထက် အောက်စီဂျင် နည်းပါသည်။ သွေးလွှတ်ခန်းကြားနံရံတွင် အပေါက်တစ်ခု ဖြစ်လာခြင်းသည် နှစ်ဘက်မှ သွေးများကို ရောထွေးစေကာ အောက်ဆီဂျင် နည်းသောသွေးများကို ခန္ဓါကိုယ်သို့ သယ်ဆောင် စေပါသည်။ အဓိက ဆိုးကျိုးမှာ နှလုံးမှ လုံလောက်သော သွေး မထုတ်လုပ်နိုင်ခြင်းကြောင့် နှလုံးပျက်စီးခြင်း ဖြစ်သည်။ ကလေးများတွင် ပျက်စီးခြင်းသည် သွေးကြောမကြီးအဆို့ရှင်နားတွင် ဖြစ်ပါက အသက်ကြီးလာသောအခါ အဆို့ရှင်ကို အန ္တရာယ်ပေးနိုင်ပါသည်။

Ventricular septal defect (သွေးလွှတ်ခန်းနှစ်ခုကြားနံရံ ပျက်စီးခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

၎င်းသည် အဖြစ်များသော မွေးရာပါနှလုံး ချို့ယွင်းချက်ဖြစ်သောကြောင့် လူတိုင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း အမျိုးသမီးများတွင် အမျိုးသားများထက် ပို၍ ဖြစ်ပွားပါသည်။

လက္ခဏာများ

Ventricular septal defect (သွေးလွှတ်ခန်းနှစ်ခုကြားနံရံ ပျက်စီးခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အောက်ပါတို့သည် အဖြစ်များဆုံး ရောဂါလက္ခဏာများ ဖြစ်ပါသည်။

  • မောပန်းနွမ်းနယ်ခြင်း၊ အသက်ရှုမြန်ခြင်း (အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ချိန်တွင်)၊ ရင်ဘတ်နာခြင်း
  • အရေပြားသို့လာသော သွေးတွင် အောက်စီဂျင်နည်းပါးသောကြောင့် သွေးအားနည်းခြင်း
  • နှလုံးခုန်သံ စည်းချက်မကျခြင်း
  • ကိုယ်အလေးချိန်တက်ရန် ခက်ခဲခြင်း

အထက်တွင်ဖော်ပြမထားသော အခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အသက်အရွယ်ပေါ်မူတည်၍ လူနာများတွင် ရောဂါလက္ခဏာ အမျိုးမျိုး ရှိနိုင်ပါသည်။ သင့် ကလေးသည် မောပန်းလွယ်ခြင်း၊ စားချိန် ကစားချိန် များတွင် အသက်ရှူ မြန်ခြင်း သို့မဟုတ် ကလေးသည် ကိုယ်အလေးချိန် မတက်လာပါက ဆရာဝန်ထံသို့ အမြန်သွားရောက်ပြသပါ။

အသက်အရွယ်ကြီးချိန်တွင် အောက်ပါ လက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် သွားရောက် ပြသပါ။ အလျင်စလိုလှုပ်ရှားရာတွင် နှင့် လဲလျောင်းရာတွင် အသက်ရှူ ကြပ်ခြင်း၊ နှလုံးခုန်သံ မြန်ခြင်း ပုံမမှန်ခြင်း၊ အမြဲတမ်းမောပန်းနေခြင်း။

အကြောင်းရင်းများ

Ventricular septal defect (သွေးလွှတ်ခန်းနှစ်ခုကြားနံရံ ပျက်စီးခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

သိပ္ပံပညာရှင်များသည် ရောဂါဖြစ်စေသော အဓိကအကြောင်းရင်းကို မဖော်ထုတ်နိုင်သေးပါ။ ကလေးသည် သားအိမ်ထဲတွင် ရှိနေချိန်တွင် သွေးလွှတ်ခန်းနှစ်ခန်းသည် ဆက်နေပါသည်။ ထို့နောက် ပိုင်းခြားသောနံရံ ပေါ်ပေါက်လာပါသည်။ နံရံအကန့် ပေါ်ပေါက်ရာတွင် ပြဿနာ တစ်ခု ဖြစ်ပွားပါက ဟနေသော အပေါက် ပေါ်လာပါမည်။ ထိုသို့ဖြင့် သွေးလွှတ်ခန်း နှစ်ခုကြား နံရံပျက်စီးခြင်းဖြစ်လာပါသည်။

Risk factors

ငါ့ဆီမှာ Ventricular septal defect (သွေးလွှတ်ခန်းနှစ်ခုကြားနံရံ ပျက်စီးခြင်း ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

သွေးလွှတ်ခန်းနှစ်ခုကြားနံရံပျက်စီးခြင်း သည် မိသားစုအတွင်းတွင် ဆင်းသက်ဖြစ်ပွား နိုင်ပါသည်။ Down syndrome ကဲ့သို့သော မျိုးဗီဇ ရောဂါများဖြင့် တစ်ပြိုင်တည်း ဖြစ်ပွားနိုင်ပါ သည်။ သင့်တွင် နှလုံးချို့ယွင်းမှုရှိသော ကလေးတစ်ယောက် ရှိပါက နောက်ကလေးတွင် ရောဂါ အန ္တရာယ်မရှိစေရန် မျိုးရိုးဗီဇ ကျွမ်းကျင်ပညာရှင် နှင့် တိုင်ပင်ဆွေးနွေး သင့်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့်အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေး ချက် များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက် များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Ventricular septal defect (သွေးလွှတ်ခန်းနှစ်ခုကြားနံရံ ပျက်စီးခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည်ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများနှင့် ရောဂါလက္ခဏာများမှ အဖြေရှာ အတည်ပြုနိုင်ပါသည်။ ရောဂါအဖြေရှာမှုသည် မရှင်းလင်းပါက အခြားရောဂါများ ဖြစ်နိုင်ခြေကို ဖယ်ရှားရန် ဓါတ်မှန်ရိုက်ခြင်းနှင့် EKG ရိုက်ခြင်း ကို ပြုလုပ်နိုင်သည်။

Ventricular septal defect (သွေးလွှတ်ခန်းနှစ်ခုကြားနံရံ ပျက်စီးခြင်း ) ကို ဘယ်လိုကုသပါသလဲ

သွေးလွှတ်ခန်းနှစ်ခုကြားနံရံအပေါက်သည် ကလေးဘဝတွင် ခွဲစိတ်ကုသမှုခံယူခြင်းဖြင့် ပိတ်ပစ် နိုင်သည်။ သို့သော် အရွယ်ရောက်ချိန်တွင် ပြန်ပွင့်တက်ပါသည်။ ပျက်စီးမှု အနည်းငယ်ရှိသူ များနှင့် ပုံမှန်ပြန်ပိတ်သွားသောသူများ သည် ရောဂါလက္ခဏာများ မရှိပါ။ ကုသရန်လည်း မလိုအပ်ပါ။ ပျက်စီးမှု သည် ဆက်လက်တည်ရှိနေပါက ကုသရန် လိုအပ်ပါသည်။ သွေးလွှတ်ခန်းနှစ်ခုကြားနံရံပျက်စီးခြင်း ရောဂါသည် အခြားနှလုံးရောဂါ များလောက် မဆိုးရွှားဘဲ ပုံမှန်ဘဝ နှင့် နေထိုင်နိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမသုံးကုထုံးတွေအသုံးပြုခြင်းကသွေးလွှတ်ခန်းနှစ်ခုကြားနံရံပျက်စီးခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါလူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည်ကိုသွေးလွှတ်ခန်း နှစ်ခုကြား နံရံပျက်စီးခြင်း ကို ကုသသော နေရာတွင် အကူအညီပေးနိုင်ပါသည်။

  • ညွှန်ကြားသည့်အတိုင်း ဆေးသောက်ပါ
  • သွေးလွှတ်ခန်းနှစ်ခုကြားနံရံပျက်စီးခြင်း ၏ ရောဂါလက္ခဏာ များရှိပါက ဆရာဝန်နှင့် ပြသပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိပါက သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement