မကောင်းတဲ့အဆီများ (Trans fats)နှင့် ပြည့်ဝသောအဆီများ(saturated fats)
မကောင်းတဲ့အဆီများ(trans fats) က မကောင်းတဲ့အဆီ
ဓါတ်ဖြစ်တဲ့ LDL ကိုတက်စေပြီး ကောင်းတဲ့အဆီဖြစ်တဲ့
HDL ကို လျော့ကျစေပါတယ်။ ထို့ကြောင့် အာဟာရမရှိတဲ့
အစားအစာတွေမှာ မကောင်းတဲ့အဆီတွေပါတာကြောင့်
နှလုံးရောဂါ ဖြစ်နိုင်တဲ့အန္တရာယ် ပိုများပါတယ်။
အစားအသောက် ထဲမှာပါတဲ့ မကောင်းတဲ့အဆီများ (trans fats) ကို ပြ ုလုပ်ထားတဲ့အစားအသောက်ပုံစံများမှာ တွေ့
ရတတ်ပါတယ်။ မကောင်းတဲ့အဆီတွေကိုရှောင်နိုင်ဖို့အတွက်
အစားအသောက်တွေမှာ မကောင်းတဲ့အဆီပါတယ် လို့ တံဆိပ်တပ်ထားတွေကို ရှောင်နိုင်ပါတယ်။
ပြည့်ဝသောအဆီများထဲမှာမကောင်းတဲ့အဆီဖြစ်တဲ့ LDLအဆီဓါတ်တွေ တွေ့နိုင်ပြီး ၎င်းတို့ကို အနည်းငယ်သာ
စားသုံးသင့်ပါတယ်။ ပြည့်ဝသော အဆီများပါဝင်တဲ့ အရင်းအမြစ်တွေကတော့
-ချိုချဉ်များ
-ဖုတ်ထားသောမုန့်များ
-ကြော်ထားသောအစားအသောက်များ
-အနီရောင်ရှိသောအသား
-ပြ ုလုပ်ပြင်ဆင်ထားသောအသားများ
-အဆီပါသောအသားများ
-အုန်းဆီများ
-အဆီပါသောနို့ထွက်ပစ္စည်းများ
ဒီလိုအစားအသောက်တွေကို အများကြီးစားသောက်ခြင်း၊ အလွယ်တကူအမြန်ရတဲ့အစားအသောက်များ၊ပြင်ဆင်ပြ ုလုပ်ထားတဲ့အစားအသောက်များကိုစားခြင်းနဲ့ အဝလွန်ခြင်း
ဝိတ်တက်ခြင်းတို့ဖြစ်လာစေပြီး သင့်ကို နှလုံးရောဂါပိုဖြစ်စေ
ခြင်းနဲ့ တစ်ခြား ကျန်းမာရေးပြသနာတွေပိုဖြစ်ဖို့ အခွင့်အ
လမ်း များစေပါတယ်။
အဆီဓါတ်များတဲ့ ရောဂါလက္ခဏာများ။
သင့်မှာ အဆီဓါတ်များခြင်းဖြစ်ပါက များသောအားဖြင့် လက္ခဏာတွေမပြတတ်ပါဘူး။ လူတော်တော်များများကတော့
သူတို့မှာ အဆီဓါတ်တွေတအားများနေတာကို သိပ်သတိမ
ထားမိတတ်ကြပါဘူး။ သင့်ရဲ့အဆီဓါတ် ဘယ်လောက်တက်
နေတာလဲဆိုတာကို သိရတာနဲ့ ဒီအဆီဓါတ်တွေကို ဘယ်လို လျှော့ချရမလဲဆိုတဲ့နည်းလမ်းတွေကို ချက်ခြင်းရှာဖွေဆောင်ရွက်ရပါမယ်။
Hello Health Group မှ ဆေးပညာ အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုပေးခြင်းများ မပြ ုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။