နှလုံးဆိုတာလည်း ကြွက်သားတစ်ခုပါပဲ။ ဒါပေမယ့် သူ့မှာ အလွှာသုံးလွှာပါပါတယ်။ အပြင်ဘက်ဆုံးက နှလုံးအမြှေးပါးရယ်၊ အလယ်က ကြွက်သားရယ်၊ အတွင်းသားလေးရယ်ပေါ့။ ဒီသုံးလွှာလုံးက အကြောင်းအမျိုးမျိုးကြောင့် ရောင်ရမ်းတတ်ပါတယ်။ ဒီထဲမှာ နှလုံးကြွက်သားရောင်တာကို အရင်ပြောပြပေးပါမယ်။