brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

တီဗီရှေ့ အိပ်ပျော်မသွားသင့်တဲ့ အကြောင်းရင်း

တီဗီရှေ့ အိပ်ပျော်မသွားသင့်တဲ့ အကြောင်းရင်း

တီဗီရှေ့ အိပ်ပျော်မသွားသင့်တဲ့ အကြောင်းရင်း

တီဗီရှေ့ အိပ်ပျော်မသွားသင့်တဲ့ အကြောင်းရင်း တွေ ရှိပါတယ်။ ညသန်းခေါင်ကျမှ တီဗီရှေ့မှာ တရေးနိုး လာတဲ့ ဖီလင်က ဘယ်လိုမျိုးလဲ။ အိပ်ရာထဲလည်း မရောက်၊ တီဗီလည်း မပိတ်ဘဲ ဘယ်အချိန်က အိပ်ပျော်သွားမှန်း မသိလိုက်တာမျိုးက သင့်ကို ဝလာစေနိုင် ပါတယ်လို့ သုတေသနက ဖော်ပြလာပါတယ်။ ဘာလို့လဲ ဆိုတော့ …

National Institute of Health သုတေသီတွေက အသက် ၃၅ နှစ် ကနေ ၇၄ နှစ် အတွင်း အမေရိကန် အမျိုးသမီး ၄၃၇၂၂ ဦး အပေါ်လေ့လာမှု အချက်အလက်တွေကို ဆန်းစစ်ခဲ့ကြ ပါတယ်။

ညဘက် အလင်းရောင် မှိန်မှိန် ထားအိပ်တဲ့ အမျိုးသမီးတွေဟာ ကိုယ်အလေးချိန် ထိန်းနိုင်တာ တွေ့ရပြီး ညဘက် အိပ်စက်ချိန်မှာ အလင်းရောင် သို့မဟုတ် တီဗီ အလင်းရောင်နဲ့ ထိတွေ့လေ့ ရှိတဲ့ အမျိုးသမီးတွေ ကတော့ ၅ နှစ်တာ ကာလအတွင်း ၁၁ ပေါင်လောက် ဝိတ်ပိုတက် လာနိုင်ခြေ ၁၇ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။

ဒီ သုတေသန ရလဒ်တွေကို JAMA Internal Medicine မှာ ဖော်ပြခဲ့တာပါ။

တီဗီရှေ့ အိပ်ပျော်မသွားသင့်တဲ့ အကြောင်းရင်း

တီဗီရှေ့ အိပ်ပျော်မသွားသင့်တဲ့ အကြောင်းရင်း က တီဗီကနေ ထွက်ရှိတဲ့ အလင်းတုက အမျိုးသမီးတွေရဲ့ ကိုယ်တွင်း ဇီဝနာရီကို အနှောင့်အယှက် ဖြစ်စေတဲ့ အခါ အိပ်စက်မှု ဟော်မုန်း မယ်လာတိုနင် ထွက်ရှိမှုကို အဟန့်အတား ဖြစ်စေတယ်လို့ သုတေသီတွေက တွက်ချက်ခဲ့ကြ ပါတယ်။

ကိုယ်အလေးချိန် တိုးလာရတာက တခြား အကြောင်းအချက်တွေ ကြောင့်လည်း ပါဝင်နေနိုင် ပါတယ်။ သုတေသီတွေ ကတော့ အသက်အရွယ်၊ လူမျိုး၊ လူမှုစီးပွားရေး အနေအထား၊ စားသုံးတဲ့ ကယ်လိုရီ ပမာဏ၊ ကိုယ်လက် လှုပ်ရှားမှု စတဲ့ အချက်တွေကိုလည်း ထည့်တွက်ခဲ့ပါတယ်။

“အိပ်စက်မှု မမှန်တာက အဝလွန်ခြင်း၊ ကိုယ်အလေးချိန် များခြင်းတို့နဲ့ ဆက်နွှယ် နေပေမယ့် အိပ်စက်ချိန် အတွင်း အလင်းတု ထိတွေ့မှုနဲ့ ကိုယ်အလေးချိန် ကြားက ဆက်နွှယ်မှုကို မရှင်းနိုင်သေးပါဘူး” လို့ National Institute of Environmental Health Sciences (NIEHS) မှ ပါမောက္ခ သုတေသီ Dale Sandler က ပြောပါတယ်။

လူကို ဝစေတဲ့ အကြောင်းရင်းတွေ အများကြီး ရှိနေသေးတာမို့ ဒီအကျင့်တွေလည်း ရှိမယ်၊ တီဗီရှေ့ အိပ်ပျော်တတ်တဲ့ အကျင့်လည်း ရှိမယ်ဆိုရင် ဝလာဖို့က သူများထက် အခွင့်အရေး ပိုများတာပေါ့။

ဒါ့ကြောင့် ကယ်လိုရီများပြီး ကျန်းမာရေးနဲ့ မညီတာတွေ စားမယ်၊ အထိုင်များတဲ့ အမူအကျင့်လည်း ရှိတယ်ဆိုရင် အဝလွန်ခြင်း ဘက်ကိုခြေလှမ်း စနေပြီလို့ သတိရပါ။

တီဗီရှေ့မှာ အိပ်ပျော်ပြီ ဆိုမှတော့ မအိပ်ခင် ကတည်းက မုန့်လေး စားရင်း အေးဆေး တီဗီ ကြည့်ဖြစ်ခဲ့မှာ သေချာသလောက်ရှိပါတယ်။ တီဗီကြည့်ရင်း အစားစားတာကလည်း အဆီတက်စေနိုင်တဲ့ လမ်းကြောင်းတစ်ခုပါ။

အိပ်တာချင်းအတူတူ တီဗီကထွက်တဲ့ရောင်ခြည်၊ အလင်းတုတွေ မပါဘဲ အိပ်ရာထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာက လူ့ခန္ဓါကိုယ်အတွက် ပိုအကျိုးပြုပါတယ်။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။