အိပ်နေရင်း စကားပြောတာရောဂါလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 25, 2020 . 2 mins read
Share now

ညအိပ်နေရင်း စကားပြောတတ်သူလား။ ဒါကဖြေရခက်တယ်နော်။ သူများတွေညအိပ်ရင်း စကားပြောတာကို သိနိုင်ပေမယ့် ကိုယ်တိုင်ကျ ညအိပ်ရင်းစကားပြောတတ်လားဆိုတာကိုကျ သိနိုင်ဖို့ခက်ပါတယ်။ ဒီပြဿနာကိုအဖြေရှာပေးနိုင်မှာက ကိုယ့်ရဲ့ မိသားစုဝင်တွေပါ။ ကိုယ်တိုင်က အိပ်နေရင်း စကားပြောတတ်သူလားဆိုတာကို သိနိုင်ဖို့အတွက် မိသားစုဝင်တွေကိုမေးကြည့်ပါ။

အိပ်နေရင်းစကားပြောခြင်း

အိပ်နေရင်းစကားပြောခြင်းကိုဆေးပညာအခေါ်အဝေါ်အနေနဲ့somniloquy လို့ခေါ်ကြပါတယ်။ အိပ်ပျော်နေစဉ်မှာ စကားပြောတတ်တဲ့ ပုံမှန်မဟုတ်တဲ့အလေ့အထတစ်မျိုးပါ။ လူတိုင်းတော့ မဖြစ်နိုင်ပါဘူး။ အိပ်နေတုန်းစကားပြောတတ်တဲ့အကျင့်ရှိသူတွေက သူတို့ဆီမှာ ဒီအကျင့်ရှိနေမှန်းတောင် မသိကြပါဘူး။ အိပ်နေစဉ်စကားပြောတဲ့အခါ ပုံမှန်ပြောနေကျအသံနဲ့ မတူတတ်ပါဘူး။ မသိစိတ်ရဲ့စေခိုင်းမှုအတိုင်းလုပ်မိနေတဲ့အပြုအမူတစ်ခုပေါ့။ အိပ်နေစဉ်စကားပြောတာက REM အဆင့်မှာဖြစ်တာများပြီး non-REM (NREM) အဆင့်မှာ မဖြစ်တတ်ကြပါဘူး။ REM အဆင့်မှာ အိပ်မက်မက်နေရင်း အိပ်မက်ထဲကမှာမြင်မက်နေတဲ့ အကြောင်းအရာတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ နှုတ်ကနေအသံထွက်တာကြောင့် အိပ်နေစဉ်စကားပြောခြင်းဖြစ်စဉ်ဖြစ်လာရတာပါ။ အသံက သဲသဲကွဲကွဲတော့ သိပ်မဖြစ်တတ်ပါဘူး။

အိပ်နေစဉ်စကားပြောခြင်းက ကလေးငယ်တွေမှာအဖြစ်များပါတယ်။ အသက် ၃ နှစ် ကနေ ၁၀ နှစ်အတွင်းကျောင်းနေအရွယ်ကလေးတွေမှာအဖြစ်များတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။ ဒီအရွယ်ကလေးငယ်တွေထဲထက်ဝက်ခန့်က ညအိပ်နေစဉ်မှာ စကားပြောကြပါတယ်။ ဒီလိုပြောတဲ့အခါမှာလည်း လက်ရှိကြုံတွေ့နေရတဲ့အကြောင်းအရာတွေနဲ့ အရင်က ကြုံခဲ့ဖူးတဲ့ အကြောင်းအရာတွေကိုပြောကြတာပိုများပါတယ်။

တော်တော်များများယူဆထားတာက အိပ်နေတုန်းစကားပြောတာက အိပ်မက်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ပေါ့။ တကယ်တော့ မဟုတ်ပါဘူး။ ဒီအချက်တွေကြောင့် အိပ်နေရင်းစကားပြောရတာပါ။

ပြင်ပကအကြောင်းအရာတွေစိတ်ဖိစီးမှုများနေတာ၊ စိတ်ဓာတ်ကျနေတာ၊ အဖျားတက်နေတာ၊ အိပ်ရေးပျက်တာတွေကြောင့်ပါ။

မျိုးဗီဇ – မျိုးရိုးလိုက်တာကြောင့်လည်း အိပ်နေစဉ်စကားပြောကြတာပါ။ ကလေးဘဝမှာ မိဘတစ်ဦးဦးက အိပ်နေစဉ်စကားပြောတာကိုမြင်ခဲ့ဖူးတဲ့ ကလေးတွေက အိပ်နေတုန်းမှာ စကားပြောတတ်ကြပါတယ်။

အိပ်စက်မှုပြဿနာရှိတာအိပ်စက်မှုပြဿနာရှိသူတွေ၊ ညဘက်အိပ်ရေးပျက်သူတွေ၊ အိပ်မက်ဆိုးမကြာခဏမက်တတ်သူတွေမှာလည်း အိပ်နေစဉ်စကားပြောတတ်ကြပါတယ်။

စိတ်ရောဂါရှိနေတာ – စိတ်ပိုင်းဆိုင်ရာဝေဒနာတစ်ခုခုကို ခံစားနေရသူတွေကလည်း ညအိပ်နေစဉ်မှာ စကားပြောတတ်ကြပါတယ်။

သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့် – အချို့သော ဆေးဝါးတွေ အိပ်နေစဉ်စကားပြောတာကိုဖြစ်စေနိုင်ပါတယ်။ ဥပမာပြောပြရရင် ပန်းနာရင်ကျပ်ရောဂါ သက်သာစေဖို့သောက်သုံးရတဲ့ဆေးတွေက ညအိပ်နေစဉ် စကားပြောတာမျိုးကိုဖြစ်စေနိုင်ပါတယ်။

အိပ်နေစဉ်စကားပြောတာကရောဂါမဟုတ်ပါဘူး။ အိပ်နေစဉ်မှာဖြစ်တတ်တဲ့ အခြေအနေတစ်မျိုးပါ။ အိပ်နေစဉ်စကားပြောတာက အိပ်စက်မှုကို ထိခိုက်တာမျိုးမရှိသလို ကျန်းမာရေးကို ထိခိုက်စေတာမျိုးလည်းမရှိနိုင်ပါဘူး။ ဒါကဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် ညတိုင်းဖြစ်နေမယ်ဆိုရင်တော့ မိသားစုဝင်တွေကို အိပ်ရေးပျက်စေနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်လာပြီဆိုရင်တော့ သင့်တော်တဲ့ ကုထုံးကို ခံယူဖို့ အကြံပြုပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

မျှဝေခံစားလိုစိတ် ဟာ လူတိုင်းအတွက် အရေးကြီးတဲ့ အမူအကျင့်တစ်ခုပါ။ တစ်ဖက်သားကို နားလည် သဘောပေါက် လက်ခံပေးတာဟာ အမူအကျင့်ကောင်းလို့ ဆိုရမယ်မဟုတ်လား

ရေးသားသူ Ye Zon Aung

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

စိတ်ဖိစီးမှုက ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲကို ဖြစ်စေပါတယ်။ ရာသီထိမ် တာတင်မက တခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read