သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

အိပ်ချိန်မမှန်ရင် ဝိတ်ချဖို့ ဘယ်လောက်ကြိုးစားစား အောင်မြင်ဖို့မလွယ်

    အိပ်ချိန်မမှန်ရင် ဝိတ်ချဖို့ ဘယ်လောက်ကြိုးစားစား အောင်မြင်ဖို့မလွယ်

    ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေကြတဲ့သူတွေက အရင်ဆုံးတွေးမှာက အစားလျှော့မယ် ၊ ဂျင်မ်သွားမယ်၊ အဆီကျစေမယ့် ဆေး သို့မဟုတ် ကော်ဖီသောက်မယ် ဆိုတဲ့နည်းလမ်းတွေပါပဲ။ ဒီထဲက နည်းလမ်းတစ်ခုခုကိုရွေးချယ်လိုက်တယ်၊ သေချာလိုက်နာတယ်ဆိုတာတောင် ဝိတ်ကသိပ်မကျဘူး၊ ပြန်တက်တာကျ သိပ်မြန်တာပဲ ဆိုတာမျိုး ကြုံဖူးကြမှာပါ။ အဲဒါဘာ့ကြောင့်ဖြစ်မလဲ။ပြန်တွေးကြည့်ရအောင် ။

    ဒီလိုဖြစ်စေတဲ့နောက်ကွယ်က တရားခံဟာ အိပ်ချိန်မမှန်ခြင်းပါပဲ။ လူကိုဝစေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပေမယ့် အိပ်ချိန်မမှန်တာကတော့ ဝိတ်ပြန်ချလို့မလွယ်အောင် ဟန့်တားနေတာဖြစ်ပါတယ်။

    အိပ်ချိန်မမှန်တာက လူ့ကျန်းမာရေးအတွက် ပြဿနာတွေအများကြီးပေးနိုင်တာ သိကြပြီးဖြစ်မှာပါ။ အမေရိကန်သုတေသနတစ်ခုအရ အိပ်ချိန်မမှန်တာ၊ အိပ်ရေးပျက်တာတွေက ကိုယ်အလေးချိန်လျှော့ချရာမှာ အနှောင့်အယှက်ပေးနိုင်တယ်လို့ သိရပါတယ်။

    အရွယ်ရောက်ပြီးသူတွေက အနားယူဖို့အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အချိန် တစ်နေ့ကို အနည်းဆုံး ၇ နာရီရှိဖို့ လိုအပ်ပါတယ်။ အများစုကတော့ ဒါကို မပြည့်ဝနိုင်တာတွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်က အမေရိကန်အတွင်း စစ်တမ်းအရ ပါဝင်သူတွေရဲ့ ၃၆ ရာခိုင်နှုန်းက မနက်အိပ်ရာနိုးချိန်မှာ ပြည့်ပြည့်ဝဝအနားယူခဲ့ရတယ်လို့မခံစားရကြောင်းဖြေကြားခဲ့ကြပါတယ်။ ညကသေချာအိပ်မပျော်ခဲ့ဘူးပေါ့။

    အိပ်ရေးမဝခြင်းကသွေးလည်ပတ်မှု၊ မှတ်ဉာဏ်နဲ့ လူမှုဆက်ဆံရေးတွေကိုတောင် ထိခိုက်စေနိုင်တယ်လို့ သုတေသနတွေက ဆိုပါတယ်။ အခုတစ်ခါမှာတော့ အိပ်ရေးမဝခြင်း သို့မဟုတ် အိပ်စက်ခြင်းပြဿနာတွေနဲ့ ကိုယ်အလေးချိန်လျှော့ချခြင်းကြားက ဆက်နွှယ်မှုကို သုတေသနတစ်ခုကInternational Journal of Obesity ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။

    လေ့လာမှုရလဒ်တွေအရ ကောင်းကောင်းမအိပ်တဲ့ ကိုယ်အလေးချိန်များသူတွေဟာ အိပ်စက်မှုပုံမှန်ရှိတဲ့ ဘဝတူတွေထက် အဆီချအစီအစဉ်မှာအောင်မြင်မှုနည်းပါတယ်။

    တွေ့ရှိချက်ရလဒ်တွေအရ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းတဲ့သူတွေဟာ ပုံမှန်အိပ်ချိန်ရှိသူတွေထက် ခါးနဲ့ ဗိုက်အဆီကျနိုင်ခြေ ပိုနည်းတာကိုတွေ့ရပါတယ်။

    ဒီတွေ့ရှိချက်တွေက ဇီဝကမ္မဖြစ်စဉ်မမှန်တဲ့ သက်ကြီးပိုင်းတွေမှာ ကိုယ်အလေးချိန်နဲ့ အဝလွန်ခြင်းအပေါ် အိပ်စက်ခြင်းရဲ့အရေးပါပုံကို မြင်သာစေတယ်လို့ သုတေသီတွေကပြောပါတယ်။

    ဒါ့ကြောင့် plan မျိုးစုံနဲ့ အပင်ပန်းခံဝိတ်ချနေတဲ့သူတွေအနေနဲ့ အိပ်စက်မှုစက်ဝန်းကိုသေချာဂရုစိုက်ဖို့လိုပါတယ်။ ထိထိရောက်ရောက်ဝိတ်ကျချင်တယ်ဆိုရင် ဒီအချက်ကို မေ့ထားလို့မဖြစ်တော့ပါဘူး။

    health-tool-icon

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Yun Sandi Nan Mon မှ ရေးသားသည်။ 26/08/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: