အဓိပ္ပါယ်ဖွင့်ဆိုချက်
Obstructive Sleep Apnea (အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်း ) ကဘာလဲ။
Sleep Apnea ဆိုတာကတော့ အိပ်ပျော်နေစဉ်မှာ အသက်ရှူခြင်းကို ကြိန်ဖန်များစွာ အနှောက်အယှက်ဖြစ်စေတဲ့ အိပ်စက်ခြင်းဆိုင်ရာ မူမမှန်တဲ့ ရောဂါတစ်ခုပါ။ ရလဒ်အနေနဲ့ကတော့ ဒီအခြေအနေရှိသူတစ်ယောက်ရဲ့ ကိုယ်တွင်းအင်္ဂါတွေ အထူးသဖြင့် ဦးနှောက်ဟာ အောက်စီဂျင်မလုံလောက်တော့ဘဲ အိပ်ရေးမဝတာကြောင့် နေ့ဘက်တွေမှာပါ တစ်နေကုန်လုံး ပင်ပန်းနေတတ်တာပါ။ Sleep Apneaမှာ အဓိက ပုံစံ ၂မျိုးရှိပါတယ်။