လူတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေဖို့ဆိုတာဟာ သာမန်လူတစ်ယောက်ရဲ့ အမြင်မှာတော့ ဖြစ်နိုင်ချေ အတော်နည်းပါးတဲ့ ကိစ္စတစ်ခုလို့ ရှုမြင်စရာပါ။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင်ဖိအားနဲ့ စိတ်အားငယ်မှုစတာတွေကို ခံစားနေရသူတစ်ယောက်အတွက်ဆိုရင်တော့ ဒီအချက်ဟာ ဖြစ်မလာနိုင်ဘူးလို့ ဆိုဖို့ခက်ခဲတဲ့ အရာတစ်ခုဖြစ်ပါတယ်။