ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို [မီးဖွားပြီးချိန် စိတ်ဓာတ်ကျတာကို] မေမေတွေမှာပဲ ခံစားရတယ်လို့ တော်တော်များများက သိထားကြတာပါ။ တကယ်ကတော့ မိသားစုဝင် အသစ်လေးတစ်ယောက် တိုးပွားလာချိန်မှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြောင်းလဲမှုတွေကြောင့် စိတ်ဓာတ်ကျတာကို မေမေတွေပဲ ခံစားရတာ မဟုတ်ပါဘူး။ ဖေဖေတွေလည်း ခံစားပါသတဲ့။ အထူးသဖြင့်ကတော့ အသစ်စက်စက် ဖေဖေတွေပေါ့။
ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို ဖေဖေတွေလည်း ခံစားရပါသတဲ့
ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို ဖေဖေတွေလည်း ခံစားရပါသတဲ့ အကြောင်းကတော့ ဘေဘီလေးကို ညဘက်မှာ မကြာခဏဆိုသလို နို့ချိုတိုက်ကျွေးရာမှာ ကူညီပေးရတာ၊ ကလေးက ညဘက် ထငိုလို့ ချော့ရတာတွေလိုမျိုး တာဝန် အသစ်တွေကို နေ့စဉ်ဘဝမှာ ဟန်ချက်ညီအောင် ထိန်းရတာက ဖေဖေတွေကို မီးဖွားပြီးချိန် စိတ်ဓာတ်ကျတာကို ခံစားရစေတာပါ။
ဘေဘီလေးကို မွေးဖွားပြီး အိမ်ပြန်ခေါ်လာချိန်မှာ ကြုံတွေ့ရတဲ့ ပြောင်းလဲမှုတွေက အသစ်စက်စက် ဖေဖေတွေကို စိတ်ဓာတ်ကျတာကို ခံစားရစေတာပါ။ ကြီးကြီးမားမား ပြောင်းလဲမှုက ဖေဖေတွေကို စိတ်ဓာတ်ကျစေတာလို့ ဆိုရပါမယ်။ ဒီလို စိတ်ဓာတ်ကျတာကို ဖေဖေ အယောက် ၁၀၀ မှာ ၁၀ ယောက်လောက်က ခံစားရပါတယ်။ အချို့ဖေဖေတွေဆိုရင် ဘေဘီလေးကို မေမေ ကိုယ်ဝန်ဆောင်ထားရချိန်ကတည်းက စိတ်ဓာတ်ကျတာကို ခံစားရတာပါ။
ဘေဘီလေး မွေးဖွားပြီးချိန်မှာ ခံစားရတဲ့ စိတ်ဓာတ်ကျမှုကို ဖေဖေတွေက ဘေဘီလေးကို မွေးဖွားပြီး ၃ လ ကနေ ၆ လ အကြာမှာ ခံစားရတာ ဖြစ်ပါတယ်။ အသစ်စက်စက် ဖေဖေ ၄ ယောက်မှာ ၁ ယောက်ကတော့ မီးဖွားပြီးချိန် စိတ်ဓာတ်ကျမှုကို ခံစားရပါတယ်။
ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို ဖေဖေတွေ ခံစားရတဲ့ အကြောင်းအရင်း
ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို ဖေဖေတွေခံစားရတာကတော့ ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲတာကြောင့်ပါ။ လူတိုင်းသိထားတာက မေမေတွေက ကိုယ်ဝန်ဆောင်ချိန် နဲ့ ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ ဟော်မုန်းပြောင်းလဲမှု တော်တော်လေး ဖြစ်တယ်လို့ပေါ့။ တကယ်ကတော့ ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ မေမေတွေတင် မဟုတ်ပါဘူး။ ဖေဖေတွေလည်း ဟော်မုန်း ပြောင်းလဲပါတယ်။
ဟော်မုန်းပြောင်းလဲတာအပြင် အခုလို အချက်တွေကြောင့်လည်း ဖေဖေတွေက ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာပါ။
ဘေးရောက်သွားတယ်လို့ ခံစားရတာ
အမျိုးသားတွေက သူတို့ အိမ်ထောင်ဖက်ရဲ့ အာရုံစိုက်ချစ်ခင်မှုကို အပြည့်အဝ ရရှိချင်သူတွေပါ။ ဘေဘီလေး ရောက်မလာခင်ကတော့ ခွဲဝေပေးစရာ မလိုဘဲ အိမ်ထောင်ဖက်ရဲ့ ချစ်ခင်ဂရုစိုက်မှုကို အပြည့်အဝ ရရှိတယ်ဆိုပေမယ့် ဘေဘီလေး ရောက်လာချိန်မှာတော့ မေမေဖြစ်လာတဲ့ အိမ်ထောင်ဖက်က ဖေဖေအပေါ်မှာ အာရုံစိုက်မှု လျော့သွားပြီး ဘေဘီလေးကို အာရုံစိုက်တဲ့အခါ အရင်ကရခဲ့တဲ့ တဝက်လောက်ပဲ ဂရုစိုက်ခံရတာ။ ဘေးရောက်သွားတယ်လို့ ခံစားရတာတွေကြောင့် စိတ်ဓာတ်ကျလာတာပါ။
အပိုဆောင်း ဖိအားတွေ များလာတာ
ဖေဖေဖြစ်လာချိန်မှာ ငွေကြေးကိစ္စကစလို့ စိတ်ဖိစီးမှုတွေ ပိုများလာသလို အရင်ကထက်ပိုပြီး ဖိအားတွေ များလာတာကလည်း ဖေဖေတွေကို စိတ်ဓာတ်ကျစေနိုင်ပါတယ်။
တာဝန်မကျေဘူးလို့ ခံစားရတာ
အသစ်စက်စက် ဖေဖေတစ်ယောက်အနေနဲ့ လုပ်ငန်းတာဝန်တွေကိုရော မိသားစုတာဝန်တွေကိုပါ မလစ်ဟင်းအောင် လုပ်ဆောင်ရတာက မလွယ်ပါဘူး။ ဒီလို လုပ်ဆောင်တဲ့အခါ အကုန်လုံးကို ပြည့်စုံအောင် လုပ်ဆောင်ဖို့ မလွယ်ပါဘူး။ ဒီလို ပြည့်စုံအောင် မလုပ်ဆောင်မိတာကြောင့် တာဝန်မကျေဘူးလို့ ခံစားလာရတာကလည်း ဖေဖေတွေကို စိတ်ဓာတ်ကျစေတဲ့ အကြောင်းအရင်းပါ။
ရနေကျ အခွင့်အရေးတွေ မရတာ
ဘေဘီလေး ရလာတဲ့အခါ အရင်ကလောက် အိပ်ရေးဝဝ မအိပ်ရတာ၊ အိမ်ထောက်ဖက်နဲ့ အတူနေချိန် နည်းလာတာ၊ နှစ်ယောက်ကြားက ဆက်ဆံရေး အရင်ကလောက် မရှိတာတွေက ဖေဖေတွေကို စိတ်ဓာတ်ကျစေနိုင်ပါတယ်။
ဘေဘီလေးကြောင့် ဖေဖေ စိတ်ဓာတ်ကျနေတာလား
ဘေဘီလေးကြောင့် ဖေဖေတွေမှာ ခံစားရတဲ့ စိတ်ဓာတ်ကျတာက မေမေတွေမှာနဲ့ မတူပါဘူး။ များသောအားဖြင့်ကတော့
- ဒေါသဖြစ်တာ
- စိတ်အလိုမကျတာ
- ရန်လိုတာ
- အလုပ်ထဲမှာ စိတ်မဝင်စားတာ
- အကြိုက်ဆုံး အလုပ်တွေကိုတောင် လုပ်ဖို့ စိတ်မပါတာ
- တစ်ချိန်လုံး အလုပ်တွေပဲ လုပ်နေတာ
- မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ခပ်ကင်းကင်းနေတာ
- စိတ်ဓာတ်ကျနေတာ
- ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျ ဖြစ်တာ
- ဝမ်းနည်းတာ
- မျှော်လင့်ချက်မဲ့နေတာ ခံစားရနိုင်ပါတယ်။
စိတ်ဓာတ်ကျတာကို ခံစားဖူးတဲ့ အမျိုးသားတွေ နဲ့ မီးဖွားပြီးချိန်မှာ အိမ်ထောင်ဖက် [မေမေ]က စိတ်ဓာတ်ကျမှု ခံစားနေရသူတွေမှာ ဘေဘီလေး မွေးဖွားပြီးချိန် စိတ်ဓာတ်ကျတာကို ခံစားရနိုင်ခြေ ပိုများပါတယ်။
ဘယ်လိုကျော်လွှားမလဲ
ဘေဘီလေး မွေးဖွားပြီးချိန်မှာ ခံစားရတဲ့ စိတ်ဓာတ်ကျမှုကို ဒီလိုလေး ကျော်လွှားလိုက်ပါ ဖေဖေတို့ရေ။
- အာဟာရ ပြည့်ဝမျှတအောင် စားပါ
- ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ
- အနားယူပါ
- အရက်မသောက်ပါနဲ့
- လောင်းကစား မလုပ်ပါနဲ့
- မူးယစ်ဆေး ရှောင်ပါ
- ခံစားချက်တွေကို မိသားစုဝင်တွေ နဲ့ သူငယ်ချင်းတွေကို ရင်ဖွင့်ပါ။
ဘေဘီလေး မွေးဖွားပြီးချိန်မှာ ဖေဖေတွေ စိတ်ဓာတ်ကျတာ
- ဘေးရောက်သွားတယ်လို့ ခံစားရတာ
- အပိုဆောင်း ဖိအားတွေ များလာတာ
- တာဝန်မကျေဘူးလို့ ခံစားရတာ
- ရနေကျ အခွင့်အရေးတွေ မရတာ
- အိပ်ရေးပျက်တာ တွေပါ။
[embed-health-tool-bmi]