backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

စိတ်ဓာတ်ကျခြင်းရဲ့ ကနဦးလက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 20/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

စိတ်ဓာတ်ကျခြင်းရဲ့ ကနဦးလက္ခဏာများ

စိတ်ဓာတ်ကျ တယ်ဆိုတာ လူတိုင်းကြုံတွေ့ရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာ တစ်မျိုးပါ။ ပြင်းထန်လာရင်တော့ စိတ်ကျဝေဒနာအထိ ဖြစ်သွားစေနိုင်တဲ့ ပြဿနာမျိုးပေါ့။

ဒါပေမယ့် လူတော်တော်များများက သူတို့စိတ်ဓာတ်ကျနေတယ်ဆိုတာကို စောလျင်စွာ သိရှိကြခြင်းမရှိကြပါဘူး။ အကြောင်းကတော့ စတင်ပြသလာနေတဲ့ ရောဂါလက္ခဏာတွေကို သတိမထားမိတာကြောင့်ပါ။

စိတ်ဓာတ်ကျခြင်းရဲ့ ကနဦးလက္ခဏာများ ကို သတိမမူမိတာကြောင့် အသိနောက်ကျလေ့ရှိပြီး အခြေအနေရင့်မာလာချိန်မှာတော့ စိတ်ကျဝေဒနာစွဲကပ်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။

ဒါကြောင့် မိမိစိတ်ဓာတ်ကျနေပြီဆိုတာကို သိနားလည်စေနိုင်မယ့် ကနဦးလက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။ လူတစ်ယောက် စိတ်ကျလာပြီဆိုရင် ကနဦးပိုင်းမှာတင် အောက်ပါ လက္ခဏာတွေ ကို ပြသမှာဖြစ်ပါတယ်။

စိတ်ဓာတ်ကျ ခြင်းရဲ့ ကနဦးလက္ခဏာများ

စိတ်ဓာတ်ကျခြင်းရဲ့ ကနဦးလက္ခဏာများ ကတော့

ဒီ လက္ခဏာတွေ ဟာ တစ်ခုခြင်းထက် အစုအဖွဲ့လိုက်ပြသတတ်ပါတယ်။ ဒါကြောင့် သတိထားကြည့်မယ်ဆိုရင် ရောဂါ လက္ခဏာတွေ က ထင်သာမြင်သာရှိတတ်ပါတယ်။

မိမိမှာ စိတ်ဓာတ်ကျဆင်းနေတဲ့ လက္ခဏာတွေ ရှိလာနေပြီဆိုရင် စိတ်ကျဝေဒနာအဆင့်အထိ ဖြစ်မလာစေဖို့ စနစ်တကျ တားဆီးနိုင်ဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့်တော့ အချက် ၄ ချက်ကို လိုက်နာနိုင်မယ်ဆိုရင် ကနဦးလက္ခဏာတွေကို တားဆီးနိုင်ပါလိမ့်မယ်။

  • ပုံမှန် အိပ်စက်ပါ – စိတ်ဓာတ်ကျလာပြီဆိုရင် အိပ်ရတာ ခက်လာတတ်ပါတယ်။ ဒါမှမဟုတ်လည်း အလွန်အမင်း အိပ်စက်တာမျိုးဖြစ်တတ်ပါတယ်။ ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖို့က အလွန်အရေးတကြီး လိုအပ်တဲ့အချက် ဖြစ်ပါတယ်။
  • နေ့စဉ် လေ့ကျင့်ခန်း လုပ်ပါ – ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ စိတ်ဓာတ်ခိုင်မာဖို့ လိုပါတယ်။ ဒီနေ့လုပ်လိုက် နောက်နေ့မလုပ်လိုက် လုပ်နေရင် ကိုယ်၊ စိတ် ကျန်းမာရေးကို အကျိုးပြုမှာ မဟုတ်ပါဘူး။
  • ကျန်းမာရေး နဲ့ ညီညွတ်စွာ စားသောက်ပါ – အဆီအဆိမ့်တွေ၊ အငန်တွေ၊ အချိုတွေကို ရှောင်ကြဉ်ပြီး အသားငါး နဲ့ သစ်သီးဝလံတွေကို အချိန်မှန် အာဟာရ ပြည့်ပြည့်ဝဝ ချိန်ညှိပြီး နေ့စဉ် စားသောက်ဖို့လည်း လိုအပ်ပါတယ်။
  • အဆက်အသွယ် မပြတ်ပါစေနဲ့ – မိသားစုဝင်တွေ၊ ချစ်သူခင်သူတွေ၊ ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ အဆက်အသွယ် မပြတ်နေထိုင်ပြီး အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းတိုင်ပင်ဖို့လည်း လိုအပ်ပါလိမ့်မယ်။

ဒီနေရာမှာ သိထားဖို့က လူတစ်ယောက် စိတ်ဓာတ်ကျ နေရင် တက်ကြွစွာ လုပ်ဆောင်နိုင်ဖို့ကိစ္စက တကယ်တမ်း ထင်တားတာထက် ပိုမို ခက်ခဲပါတယ်။ ဒါကြောင့် စိတ်ဓာတ်ခိုင်မာမှုရှိဖို့တော့ လိုအပ်ပါတယ်။

စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ တွန်းလှန်မှသာ စိတ်ကျဝေဒနာဆီကို ဦးမတည်ဘဲ သာမန် စိတ်ဓာတ်ကျဆင်းမှုကို တားဆီးကာ ကျန်းမာပျော်ရွှင်တဲ့ ဘဝဆီကို ပြန်လည် ရောက်ရှိနိုင်မယ် ဆိုတာ ပါပဲ။

စိတ်ဓာတ်ကျနေပြီ ဆိုရင်

စိတ်ဓာတ်ကျနေပြီ ဆိုရင် အခုလိုတွေ ခံစားလာရနိုင် ပါတယ်။ သတိပြုနိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 20/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement