စိတ်ကျခြင်းလက္ခဏာဟာ လူတိုင်းမှာ ဖြစ်ပေါ်ပုံခြင်း မတူညီပါဘူး။ လူတချို့မှာ စိတ်ဓာတ်ကျဆင်းနေမှန်း သိသာပေမယ့် တချို့မှာတော့ သိသာထင်ရှားတဲ့ လက္ခဏာတွေ မပြပါဘူး။ ဒါ့အပြင် စိတ်ဓာတ်ကျဆင်းသူတွေမှာ ဝမ်းနည်းခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း စတာတွေဟာ အတွေ့ရများတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ အဆိုပါလက္ခဏာတွေဟာ သိသာတဲ့အတွက် အလွယ်တကူ သတိပြုမိနိုင်ပေမယ့် လက္ခဏာတချို့ဟာတော့ ပုန်းလျှိုးကွယ်လျှိုးရှိနေတတ်ပါတယ်။