ဒီရောဂါဟာ အရွယ်ရောက်ပြီးသူတိုင်းမှာ ဖြစ်နိုင်သလို သူ့ရဲ့လက္ခဏာတွေက လိင်ကိစ္စအပြုအမူတွေအပြင် စဉ်းစားတွေးခေါ်နိုင်စွမ်းမှာပြဿနာရှိလာခြင်း၊ မလိုလားအပ်တဲ့ အတွေးတွေအကြိမ်ကြိမ်ဖြစ်ပေါ်လာခြင်း(စိတ်စွဲလမ်းခြင်း)၊ ရှက်စိတ်၊အပြစ်ရှိစိတ်နဲ့ ချို့ယွင်းချက်ရှိသလို ခံစားနေရခြင်းတို့ပါဝင်ပါတယ်။
nymphomaniaဖြစ်ရတဲ့အဓိကအကြောင်းရင်းကိုတော့ အတိအကျမသိရသေးပါဘူး။ တခြားစိတ်ရောဂါဝေဒနာတွေလိုပဲnymphomania ဟာ ပတ်ဝန်းကျင်၊ မျိုးရိုးအခံ၊ဘဝအနေအထား စတဲ့အချက်တွေရဲ့ ရလဒ်အဖြစ် ခံစားလာရတတ်ပါတယ်။ စိတ်ခံစားမှုနဲ့သက်ဆိုင်တဲ့serotonin, dopamine နဲ့ norepinephrine လို ဦးနှောက်တွင်း neurotransmittersတွေမညီမျှမှု၊ ဦးနှောက်ကို ထိခိုက်စေတဲ့ရောဂါတချို့၊ ဦးနှောက်ရဲ့ အာရုံကြောဆဲလ်လှုပ်ရှားမှုလမ်းကြောင်း( neural circuits)မှာ အပြောင်းအလဲဖြစ်ခြင်းတို့ကလည်းnymphomania အကြောင်းရင်းထဲမှာပါဝင်နိုင်ပါတယ်။
nymphomania ရဲ့အဖြစ်များတဲ့လက္ခဏာတွေကဘာတွေလဲ
nymphomania ရဲ့အဓိကလက္ခဏာကတော့ လိင်မှုကိစ္စအာသာဆန္ဒပြင်းပြမှုဖြစ်ပါတယ်။ ဒီရောဂါက တခြားအာသာဆန္ဒပြင်းပြနေတဲ့ စွဲလမ်းမှုပြဿနာတွေ ဒါမှမဟုတ် တခြားစိတ်ဝေဒနာတွေရဲ့လက္ခဏာတွေနဲ့အတူဖြစ်လာနိုင်ပါတယ်။nymphomania လက္ခဏာတွေကိုနေ့တိုင်း သို့မဟုတ် ခဏကြာတိုင်းတစ်ကြိမ်ဖြစ်လာတတ်ပါတယ်။
- လိင်စိတ်ဆန္ဒကပြင်းထန်လာပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်လို့မရသလို ခံစားလာရခြင်း၊
- လိင်ဆက်ဆံမှုတွေပြီးဆုံးရင်တောင်မှ စိတ်ကျေနပ်မှုမရှိသလို။ စိတ်မပျော်သလိုခံစားနေရခြင်း၊
- လိင်ဆက်ဆံမှုကို အထီးကျန်ခြင်း၊စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ဖိစီးမှုတို့လို တခြားပြဿနာတွေရဲ့ ထွက်ပေါက်အဖြစ် သဘောထားခြင်း၊
- လိင်မှတစ်ဆင့်ကူးစက်နိုင်သောရောဂါများ ကူးစက်ရရှိခြင်း သို့မဟုတ် တခြားသူဆီ ကူးစက်စေခြင်း၊ အရေးပါသော ဆက်ဆံရေးတွေ ပြတ်တောက်ဆုံးရှုံးရခြင်း၊ အလုပ်မှာ အဆင်မပြေခြင်းတို့လို ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာနိုင်တဲ့အထိ လိင်ကိစ္စကို ဆက်လက်လိုက်စားခြင်း၊
- ကိုယ်က လက်ထပ်ပြီးသား သို့မဟုတ် လက်ထပ်ဖို့ရည်ရွယ်ထားသူရှိနေရင်တောင်မှ စိတ်ချင်းရင်းနှီးဖို့ ဆက်ဆံရေးတည်ဆောက်ဖို့ ခက်ခဲနေခြင်း
တစ်ခါတစ်ရံမှာ လက္ခဏာတွေက ပိုဆိုးရွားလာနိုင်ပါတယ် –