၃။ ချောကလက်နဲ့ အချိုတွေ
ဒါတွေဟာလည်း သင်စားပေးရမယ့် အစားအစာတွေထဲမှာ ပါဝင်သလို ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာနိသင်တွေကို ရရှိစေတာလည်း အမှန်ပါ။ ဒါပေမယ့် ချောကလက်နဲ့ အချိုတွေဟာ မစားရမနေနိုင်အောင် စွဲလမ်းလာစေနိုင်ပြီး ဒီလို စွဲလာမယ်၊ အလွန်အကျွံစားသုံးမယ်ဆိုရင်တော့ သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေအပြင် တခြားရောဂါတွေပါ ရလာနိုင်ပါတယ်။
၄။ လောင်းကစား
လောင်းကစားဟာလည်း လှုပ်လေမြုပ်လေ အမျိုးဖြစ်တဲ့အပြင် ရှုံးတဲ့အခါ ဖိစီးသောကရောက်ရတတ်တာမို့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အထွေထွေကို ထိခိုက်စေနိုင်ပါတယ်။
၅။ အလှအပရေးရာ ခွဲစိတ်ခြင်း
ဒါ စွဲတတ်လို့လား။ သိပ်စွဲတတ်တာပေါ့။ ဂျပန်၊ ကိုရီးယားလို နိုင်ငံတွေမှာ အကြိမ်ပေါင်းရာနဲ့ချီ၊ ထောင်နဲ့ချီ ခွဲစိတ်ထားသူတွေမှ ပုံလို့ပါ။ ကျွန်တော်တို့ နိုင်ငံမှာလည်း အလှအပရေးရာ ဆေးခန်းတွေ ပေါများ ခေတ်စားလာခြင်းနဲ့အတူ botox လေးထိုးဦးမှ၊ နှာခေါင်းလေးချွန်ဦးမှ၊ filler လေးထိုးဦးမှ၊ V-shape လေးလုပ်ဦးမှ စသဖြင့် အသေးစားပြုပြင်မှုတွေကနေ အကြီးစား ခွဲစိတ်မှုတွေအထိ ငွေကြေးတတ်နိုင်ရင် တတ်နိုင်သလို ပြုလုပ်ကြပါတယ်။
ဒါဟာ ကာယကံရှင်တစ်ဦးတည်းကသာ သတိထားမိနိုင်မယ့် ခန္ဓာကိုယ်ရဲ့ အပြစ်အနာအဆာတွေအပေါ်မှာ အလွန်အကျွံ အာရုံစိုက်မိ၊ စွဲလမ်းနေမိတဲ့အတွက်ပါလို့ ဆိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။