မောပန်းနွမ်းနယ်ခြင်းကို သက်သာစေသော နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

မောပန်းနွမ်းနယ်ခြင်းကို သက်သာစေသော နည်းလမ်းများ

အိပ်မပျော်ခြင်း၊ စားသောက်မှု မမှန်ခြင်း၊ စိတ်ဖိစီးခြင်း၊ အသက်ကြီးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ မကျန်းမာ ခြင်း တို့သည် မောပန်းနွမ်းနယ်ခြင်း၏ အဓိက အကြောင်းရင်း များဖြစ်သည်။ မောပန်းနွမ်းနယ်ခြင်းသည် ရောဂါပေါင်းများစွာ ၏ အရင်းခံ လက္ခဏာတစ်ခု ဖြစ်သည်။

မောပန်းနွမ်းနယ်ခြင်း သည် ဆိုးရွားသော ရလဒ်များ မဖြစ်စေလျှင်ပင် စွမ်းအင် မြန်စွာ ကုန်ခြင်း၊ နေ့စဉ် လှုပ်ရှားမှုများကို အနှောင့်အယှက် ပေးခြင်းတို့ ဖြစ်နိုင်သည်။ မောပန်းနွမ်းနယ်ခြင်း အကြောင်းကို နားလည်ပြီး ထိရောက်စွာ ထိန်းချုပ်နိုင်ပါက သင့်စွမ်းအင် ကို ပြန်လည် သိမ်းဆည်းနိုင်ပြီး ဘဝ နေထိုင်မှု ပိုကောင်းလာ မည် ဖြစ်သည်။

၁။ မကြာခဏ စားပါ။

အချို့ ဆရာဝန်များက မကြာခဏ စားသောက်ခြင်း သည် ပင်ပန်းခြင်းကို သက်သာစေသည်ဟု ဆိုသည်။ နေ့ တစ်လျှောက် ပမာဏ နည်းနည်းနှင့် ပုံမှန်စားခြင်းသည် အကြိမ်ရေနည်းနည်းနှင့် ပမာဏ များများစားခြင်းထက် ပိုကောင်းသည်ဟု ဆိုသည်။ စားခြင်းသည် တစ်နေ့တာ လှုပ် ရှားမှုများအတွက် စွမ်းအင်ကို မြင့်တင်ပေးသည်။

၂။ ရေများများသောက်ပါ။

ရေဓါတ် ခန်းခြောက်ခြင်းသည် စွမ်းအင်ကို နည်းစေပြီး ခန္ဓါကိုယ်အား ပုံမှန် အလုပ်လုပ်ရန် ခက်ခဲစေသည်။ ထို့ ကြောင့် ရေဓါတ်ခန်းခြောက်ခြင်းသည် အလွယ်တကူ မောပန်း နွမ်းနယ်ခြင်းကို ဖြစ်စေသည်။ အထူးသဖြင့် အလုပ် ကြမ်းလုပ်ရသူများ သို့မဟုတ် လေ့ကျင့်ခန်းလုပ်သူများတွင် ဖြစ်သည်။

ရေဓါတ်ခန်းခြောက်ခြင်းသည် အာရုံစိုက်နိုင်မှု နှင့် နိုးကြားမှုကို လျော့ကျစေသည်။ တစ်နေ့ ရေ နှစ်လီတာ သောက်ခြင်းသည် မောပန်းနွမ်းနယ်ခြင်း ကို လျော့ချပေးပြီး စွမ်းအင်ကို ပြန်လည် သိမ်း ဆည်းစေသည်။

၃။ အိပ်ယာ စောစောဝင်ပါ။

အိပ်ရေးပျက်ခြင်းသည် အထူးသဖြင့် အသက်ကြီးသူများ တွင် မောပန်းနွမ်းနယ်ခြင်း ကို ဖြစ်စေ သော အကြောင်း ရင်းတစ်ခုဖြစ်သည်။ လူတိုင်းသည် နောက်တစ်ရက်တွင် ကောင်းစွာ အလုပ်လုပ်နိုင်ရန် တစ်နေ့လျှင် အနည်းဆုံး ၇ နာရီ အိပ်ရန် လိုသည်။

ဆရာဝန်များက သင့်အား ညတွင် အပြည့်အိပ် နိုင်ရန် အိပ်ယာစောစောဝင်ရန် အကြံပြု ထောက်ခံသည်။ ထို့အပြင် နေ့အချိန်တွင် တမှေးမှေးခြင်း သည် သွက်လက်ဖျတ်လတ်စေပြီး ဆောင်ရွက်မှုများကို ပို ကောင်းစေသည်။ တစ်မှေးမှေးခြင်းသည် မိနစ် ၃၀ ထက် မပိုရန် အရေးကြီးသည်။ ပိုပါက ညဘက်တွင် အိပ်ခြင်းကို ခက်ခဲစေနိုင်သည်။

၄။ စွမ်းအင်ရရှိရန် ကိုယ်အလေးချိန် ချပါ။

သင်ပိုဝလေ လှုပ်ရှားမှုအတွက် စွမ်းအင်ပိုသုံးရလေ ဖြစ် သည်။ ကိုယ်အလေးချိန်သည် နှလုံးကို အပိုဖိအား ဖြစ်စေပြီး မောပန်းစေပါသည်။ ထို့ကြောင့် ကိုယ်အလေးချိန် လျော့ချ ပြီး ကျန်းမာသော ခန္ဓါကိုယ်ကို ထိန်းသိမ်းခြင်းသည် ပို၍ လှုပ် ရှားတက်ကြွစေသည်။

ကိုယ်အလေးချိန်ကျစေရန် ကျန်းမာ ရေးနှင့်ညီညွတ်သော အစားအသောက် စားခြင်း၊ တက်ကြွ စွာ နေခြင်း၊ လေ့ကျင့်ခန်းများများလုပ်ခြင်းတို့ ပြုလုပ်ပါ။

၅။ အရက်၊ ကဖင်းနှင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။

ထိုအရာများသည် သင်၏ အလုံးစုံ ကျန်းမာရေးကို တိုက် ရိုက် ထိခိုက်မှု ရှိသည်။ အရက်၊ ကဖင်းနှင့် စီးကရက်သည် မောပန်းခြင်းကို လျင်မြန်စွာ ဖြစ်စေပြီး ခေါင်းကိုက်ခြင်း သို့မ ဟုတ် နေ့စဉ် စွမ်းအင်ကုန်းခမ်းသော ရုပ်ပိုင်းဆိုင်နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများကို ဖြစ်စေ သည်။

အရက်၊ ကဖင်း နှင့် ဆေးလိပ်သောက်ခြင်းကို အထူး သဖြင့် အစာမစားမီနှင့် အိပ်ယာမဝင်မီတွင် ဖြတ်တောက် သင့်သည်။ ရလဒ်အနေဖြင့် သင်သည် မောပန်းမှု နည်းလာ ပြီး အာရုံစူးစိုက်နိုင်မှု ပို၍မြင့်စေသည်။

၆။ စွမ်းအင် မြင့်စေရန် စိတ်ဖိစီးမှုများကို လျော့ပါ။

စိတ်ဖိစီးမှုသည် သင့်တစ်နေ့တာ၏ စွမ်းအင်အများစုကို ကုန်ဆုံးစေပါသည်။ စိတ်ဖိစီးမှု လျော့ကျရန် စိတ်ဖြေလျော့မှု နှင့် အသက်ရှူ ကုသမှု တို့ကို စတင် ပြုလုပ်ပါ။ ယောဂ ကျင့်စဉ်ကျင့်ခြင်း၊ အားကစားရုံ၌ လေ့ကျင့်ခန်းလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း စာဖတ်ခြင်း စသည်တို့ ပြုလုပ်ပါ။

စိတ်ဖိစီးမှု များပြီး စွမ်းအင်ကုန်စေသော အဖြစ်အပျက်များကို ရှောင်ကြဉ်ပါ။

၇။ ကုထုံး ယူပါ။

ဆွေးနွေးလမ်းညွှန်ခြင်း သို့မဟုတ် အပြုအမှု သိမြင်ခြင်း ကုထုံး စသော ကုထုံးအချို့ရှိသည်။ ၎င်းတို့သည် မောပန်း နွမ်းနယ်ခြင်းကို ထိရောက်စွာ သက်သာစေသည်။ မောပန်း နွမ်းနယ်ခြင်းသည် သင်၏ နေ့စဉ်ဘဝကို ဆိုးရွားစွာ နှောင့် ယှက်ပါက အကောင်းဆုံးကုသမှုရရန် ဆေးဖက်ဆိုင်ရာ အကူ အညီရှာဖွေ သင့်သည်။

၈။ ပို၍ ကျန်းမာရေးနှင့် ညီညွတ်စွာ စားပါ။

ငါးကြီးဆီတွင် omega-3 များစွာပါပြီး နိုးကြားမှုကို မြင့် တက်စေသည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများတွင် ဗီတာမင် များစွာ ပါဝင်ပြီး သင့် ခန္ဓါကိုယ်အတွက် စွမ်းအင် ပေးသည်။ ပို၍ ကျန်းမာရေးနှင့် ညီညွတ်စွာ စားခြင်းသည် အာဟာရများစွာ ရပြီး မောပန်းခြင်းကြောင့် ကုန်ဆုံး သွားသော စွမ်းအင်ကို ပြန်လည်ရရှိစေသည်။ ထို့ကြောင့် မောပန်းနွမ်းနယ်ခြင်းကို လျော့ကျစေသည်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ခါးနာခြင်း

လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုတဝိုက်အရေပြားက ခန္ဓာကိုယ်မှာအစကတည်းက စိုထိုင်းစများတဲ့နေရာဖြစ်တဲ့အတွက် အရေပြားပေါ်မှာအစိုဓာတ်အောင်းပြီး မှိုတွေပေါက်ပွားလာနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ။ ဆောင်းရာသီမှာ ကျန်းမာအောင် ဘယ်လို စားသောက်ကြမလဲဆိုတာ ဖတ်ကြည့်လိုက်ဦးနော်။

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အစားအသောက်တွေကနေ သင့်ဆီကို ဘာရောဂါပိုးတွေ ရောက်လာနိုင်သလဲ။

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 4 mins read
ကလေးထိန်းပြီး ဝိတ်ချမလား

ကလေးထိန်း ပြီး ဝိတ်ချမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read
ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 1 min read