လိင်ပညာပေးခြင်းကို ဘယ်အချိန်မှာလုပ်သင့်လဲ။ ဘာကြောင့်လုပ်သင့်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 22, 2020
Share now

မိဘတွေနဲ့ကလေးတွေကြားမှာ လိင်အကြောင်းကို ရိုးရိုးသားသား၊ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ပြောဆိုကြဖို့ဟာ အရမ်းအရေးကြီးပါတယ် ။ သင့်ရဲ့ကလေးဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေနဲ့အတူလူပျို ၊ အပျို ဝင်တဲ့အချိန်မှာ လိင်အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောဖို့ပိုပြီး အရေးကြီးပါတယ် ။ သင့်ရဲ့ကလေးကို လိင်ပညာပေးအကြောင်းဘာလို့ပြောသင့်သလဲ၊ ဘယ်အချိန်မှာပြောသင့်သလဲဆိုတာတွေကိုအောက်တွင်ဖတ်၍လေ့လာလိုက်ပါ။

လိင်ပညာပေးအကြောင်းကို ကလေးကိုဘယ်အချိန်မှာ စပြောသင့်ပြီလဲ။

လေ့လာမှုတွေအရ မိန်းကလေးနဲ့ယောက်ျားလေးအများစုဟာ အသက် ၈ နှစ်အရွယ်မှာ လူပျို ၊ အပျိုဖော်ဝင်လာကြပါတယ် ။ ဒါဟာသင့်ကလေးရဲ့လိင်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအကြောင်းကို စပြီးပြောဖို့သင့်တော်တဲ့အချိန်ပါပဲ။ မိန်းကလေးတွေအတွက်ကတော့ ရာသီလာတဲ့အကြောင်းတွေကို ကျောင်းသင်ခန်းစာတွေမှာသင်ကြားကြပါတယ် ။ ဒါပေမယ့် သူတို့သင့်ကိုမေးမြန်းလာတဲ့အခါ သို့မဟုတ် သူတို့ဟာသင့်ရဲ့လမ်းညွှန်မှုကို လိုနေပြီလို့ခံစားရတဲ့အခါ သင့်ရဲ့ကိုယ်တိုင်အတွေ့အကြုံတွေကိုအခြေခံသင်ကြားပေးနိုင်ပါတယ် ။ လိင်ပညာပေးခေါင်းစဉ်တွေမှာတော့ ခန္ဓါဗေဒ ၊ လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ နဲ့ကိုယ်ဝန်ဆောင်ခြင်းအကြောင်းတို့ ပါဝင်ပါတယ် ။ သင့်ရဲ့ကလေးဟာ ဒီအကြောင်းတွေကိုကျောင်းမှာသင်ယူလာရျ့အခါမှာ နောက်ထပ်မေးစရာမေးခွန်းတွေပေါ်လာတတ်ပါတယ် ။ ဒါကြောင့်သင်ဟာ သူတို့စိတ်ရှုပ်ထွေးနေတာကိုပြောခွင့်ပေးပြီး အကျိုးရှိတဲ့အကြောင်းအရာတွေကို ရှာဖွေကြရပါမယ် ။

ဘာကြောင့်ကလေးကို လိင်ပညာပေးသင့်သလဲ။

ဆယ်ကျော်သက်နဲ့ကိုယ်ဝန်ဆောင်ရတာတွေက ထူးဆန်းတဲ့အကြောင်းအရာမဟုတ်တော့ပါဘူး ။ ဒါဟာ နိုင်ငံတော်တော်များများမှာ ခေါင်းကိုက်စရာပြဿနာတစ်ခု အခုထိဖြစ်နေတုန်းပါပဲ။ လိင်ပညာပေးခြင်းကို စောစောစီးစီးနဲ့ လုံလုံလောက်လောက်လုပ်ထားခြင်းဟာ ဆယ်ကျော်သက်နဲ့ကိုယ်ဝန်ဆောင်နေရမှုတွေကို ကာကွယ်နိုင်ပါတယ်။ အောက်ပါအကြောင်းအရာတွေကတော့ သင့်ရဲ့ကလေးဟာ မေးခွန်းတွေမေးလာရင် ဘာကြောင့် မရှောင်လွှဲသင့်ဘူးလဲဆိုတာကို ရှင်းပြထားတာပဲဖြစ်ပါတယ် ။

  • ဆယ်ကျော်သက်နဲ့ကိုယ်ဝန်ဆောင်ရခြင်းဟာ ကလေးရဲ့ကျန်းမာရေးကိုထိခိုက်စေရုံသာမက ကိုယ်ဝန်ဆောင်ရခြင်း ၊ ကလေးမွေးရခြင်း ၊ စောင့်ရှောက်ရခြင်းတို့ကြောင့် ဆယ်ကျော်သက်မိခင်ရဲ့စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ် ။
  • အပျော်အပါးလိုက်စားမှုမှ ရှောင်ကျဉ်ခြင်း ၊ ကွန်ဒုံးအသုံးပြုပုံ ၊ ကိုယ်ဝန်တားခြင်းနည်းလမ်းတွေ အကြောင်းကို ပညာပေးခြင်းဟာ ဆယ်ကျော်သက်တွေကို ကိုယ်ဝန်ရခြင်းနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါများမှကာကွယ်နိုင်ပါတယ် ။
  • ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းဟာ သူတို့နဲ့ သူတို့ကလေးရဲ့ကျန်းမာရေးအပေါ်မှာ ဘယ်လောက်အထိ သက်ရောက်မှုရှိတယ်ဆိုတာ သူတို့နားလည်သဘောပေါက်လာပါလိမ့်မယ်။ ဆယ်ကျော်သက်အရွယ်နဲ့ ကိုယ်ဝန်ဆောင်ရခြင်းဟာ အနာဂတ်မှာ ဆိုးကျိုးတွေမည်မျှရှိကြောင်းကိုလည်း နားလည်သဘောပေါက်လာပါလိမ့်မယ်။ ကိုယ်ဝန်ဖျက်ချခြင်းရဲ့ ရလဒ်တွေက အရမ်းအန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကလေးတွေဟာ ကိုယ်ဝန်ရခြင်းအကြောင်းနဲ့ ကိုယ်ဝန်မရအောင် ဘယ်လိုရှောင်ကျဉ်ရမလဲဆိုတာကို သိထားဖို့လိုအပ်ပါတယ် ။
  • လိင်ပညာပေးခြင်းဟာ သင့်ရဲ့ကလေးကို ခုခံအားကျဆင်းမှုရောဂါနဲ့ အခြားလိင်မှတစ်ဆင့်ကူးစက်ရောဂါများဖြစ်သည့် ဆီးပူညောင်းကျရောဂါ၊ ဆီးပြွန်ရောင်ခြင်း၊ ဆီးခုံရောင်သောရောဂါများ နဲ့ကာလသားရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

သင့်ရဲ့ကလေးဟာ လိင်ပိုင်းဆိုင်ရာအကြောင်းကို သိချင်လာခြင်းဟာ ပုံမှန်ပဲဖြစ်ပါတယ်။ ဒါဟာ ကိုယ်ခန္ဓာအကြောင်းကို နားလည်ခြင်းတွင် ပုံမှန်အဆင့်တစ်ခုပဲဖြစ်ပါတယ်။ လိင်ပညာပေးခြင်းဟာ ဆယ်ကျော်သက်တွေကို သူတို့ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုတွေအကြောင်းကို ပိုပြီးအကောင်းမြင်စေသလို လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုအကြောင်းကိုလည်း နားလည်စေပါတယ်။ သင့်ရဲ့ကလေးကို သူတို့သိချင်တာကို ပွင့်ပွင့်လင်းလင်းပြောပြခြင်းဟာ သူတို့ကြီးလာတဲ့အခါ အန္တရာယ်ရှိတဲ့အပြုအမူတွေကနေ ကာကွယ်ရာလည်းရောက်ပါတယ်။ သူတို့ဟာ ဒီအကြောင်းအရာတွေကို သင်နဲ့ရင်းရင်းနှီးနှီးဆွေးနွေးလာရတဲ့အခါမှာ သူတို့ဟာ ဆယ်ကျော်သက်ပြဿနာများဖြစ်သည့် ရည်းစားပြသနာများ ၊ စိတ်ဓါတ်ကျခြင်း ၊ ကျောင်းတွင်အနိုင်ကျင့်ခံရခြင်း ၊ အရက်စွဲနေခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြောင်းအရာတွေကို သင့်ကိုပိုပြီးပြောပြလာပါလိမ့်မယ် ။

Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ၊ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နွားနို့ အမျိုးအစားတွေနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

နွားနို့ မလိုင် အဆီ ကယ်လိုရီ ပရိုတင်းဓာတ် ဗီတာမင် အာဟာရ နှလုံး သွေးတိုး ဦးနှောက် ဉာဏ်ရည် ကယ်လ်စီယမ်ဓာတ် အရိုး ကလေး ဆယ်ကျော်သက် အရိုးပါးရောဂါ ကိုယ်အလေးချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

လိင်တူ၊ လိင်ကွဲ ၂မျိုးလုံးကို စိတ်ဝင်စားခြင်း (Bisexuality)

လိင်တူ လိင်ကွဲ ယောက်ျား မိန်းမ လိင်စိတ် လိင်စိတ်တိမ်းညွှတ်မှု လိင်ဆက်ဆံခြင်း လိင်ပညာပေး လူနေမှုဘဝ အမူအကျင့် စိတ်ဓာတ် အိမ်ထောင်ရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

နဖူးမှာမှ ရွေးပေါက်တဲ့ ဝက်ခြံလေးတွေ

နဖူး ဝက်ခြံ အရေပြား အလှအပ ကျန်းမာရေး အသားအရေ ချွေးပေါက် အညစ်အကြေး အဆီပြန် စိတ်ဖိစီးမှု သန့်ရှင်းရေး ဆံပင် ဓာတ်မတည့် ဆယ်ကျော်သက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

Covid-19 ကပ်ဘေးကာလမှာ အရက်၊ ဆေးလိပ် သုံးစွဲမှုကို လျှော့ချပါ

Covid-19 အရက် ဆေးလိပ် Vape coronavirus မူးယစ်ဆေးဝါး ကျန်းမာရေး စိတ်ညစ်စရာ စိတ်ဖိစီးမှု အထီးကျန် လူငယ် ဆယ်ကျော်သက် စိတ်ကုထုံး တရားထိုင် ယောဂ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

လိင်ပညာပေး နဲ့ ပတ်သတ်ပြီး သင်သိထားတာတွေ မှန်ရဲ့လား။

လိင်ပညာပေး နဲ့ ပတ်သတ်ပြီး သင်သိထားတာတွေ မှန်ရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020
လိင်ပညာပေး သင်ကြားရာမှာ ကြုံလာနိုင်တဲ့ အခက်အခဲများ

လိင်ပညာပေး သင်ကြားရာမှာ ကြုံလာနိုင်တဲ့ အခက်အခဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
Sex education ကို ဘာကြောင့် သင်ပေးရတာလဲ။

Sex education ကို ဘာကြောင့် သင်ပေးရတာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2020
ကျောင်းတွေမှာ ဘာလို့ sex education သင်ပေးသင့်တာလဲ။

ကျောင်းတွေမှာ ဘာလို့ sex education သင်ပေးသင့်တာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2020