ကိုယ်ဝန်ရခြင်းနှင့်သက်ဆိုင်သော ယုံတမ်းအမှားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 14, 2020 . 2 mins read
Share now

မလိုလားအပ်ပဲ ကိုယ်ဝန်မရစေဖို့ ပဋိသန္ဓေတားခြင်းနည်းလမ်းတွေကို အသုံးပြုရပါတယ်။ တစ်ခါတစ်လေမှာတော့ ကိုယ်သိထားတဲ့ ပဋိသန္ဓေတားခြင်းဆိုင်ရာ ယုံတမ်းအမှားတွေကြောင့် ကျန်းမာရေးအတွက်သာမက ဘဝရှင်သန်ရပ်တည်မှုမှာပါ လမ်းကြောင်းအတိမ်းအစောင်း ဖြစ်သွားစေတတ်ပါတယ်။

ဒါပေမယ့်လည်း လူအများစုကတော့ ကိုယ်ဝန်ရ/ကလေးရယူခြင်းနဲ့ ပတ်သက်ပြီး ယုံတမ်းအမှားတွေ အသိအမှားတွေကြားမှာ လွဲမှားစွာ ပြုမူမိနေကြဆဲဖြစ်ပါတယ်။ တကယ်တော့ မှားယွင်းတဲ့အသိတရားတွေကြောင့် မလိုလားအပ်ပဲ ကိုယ်ဝန်ရတာတွေ ပိုပြီးဖြစ်နိုင်ခြေရှိနေတာကို သိထားဖို့ လိုအပ်ပါတယ်။

ခုဖော်ပြပေးချင်တာကတော့ ကိုယ်ဝန်ရခြင်းနဲ့ပတ်သက်ပြီး လူတွေမှားယွင်း သိမှတ်ထားတဲ့အချက်အလက်တွေရဲ့ တကယ့်အမှန်တရားကို ရှင်းလင်းဖွင့်ဆိုပြထားတာဖြစ်ပါတယ်။

  • မပြီးခင်ကြိုထွက်တဲ့ သုက်ကြောင့် ကိုယ်ဝန်မရနိုင်ဘူး – မှားယွင်းတဲ့ အချက်အလက်တစ်ခုပါ။ မပြီးခင် စိတ်လှုပ်ရှားမှုကြောင့် ထွက်တဲ့ သုက်မှာလည်း သုက်ပိုးလေးတွေ ပါဝင်နေတာကြောင့် ကိုယ်ဝန်ရနိုင်ပါတယ်။ အမျိုးသား ၄၀% လောက်ဟာ လိင်အင်္ဂါစတင်တောင်မတ်စဉ် ဒါမှမဟုတ် လိင်ဆက်ဆံနေစဉ်မှာ pre-ejaculate ဖြစ်တတ်ပါတယ်။
  • ရာသီသွေးဆင်းနေစဉ်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူး – လုံးဝမရနိုင်ဘူးလို့ မဆိုလိုပါဘူး။ ကိုယ်ဝန်ရနိုင်ခြေနည်းပါးတာသာဖြစ်ပါတယ်။
  • စအိုဝနဲ့ လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူး – မှန်သလိုလိုရှိပေမယ့် ၁၀၀% အပြည့်အဝတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေအနည်းငယ်ရှိတယ်ဆိုတာကို မမေ့ဖို့ လိုအပ်ပါတယ်။ စအိုနဲ့လိင်ဆက်ဆံရာမှာ ကိုယ်နေဟန်အနေအထားကြောင့် သုက်ရည်တွေ စအိုဝကနေ မအင်္ဂါထဲကို မတော်တဆဝင်နိုင်ရှိနေတာကြောင့်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။
  • သုက်ရည်ကို မျိုချမိရင် ကိုယ်ဝန်ရနိုင်တယ် – ပါးစပ်နဲ့ လိင်ဆက်ဆံချိန်မျိုးမှာ သုက်ရည်မျိုချမိတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်တော့ ကိုယ်ဝန်မရနိုင်ပါဘူး။ မျိုချလိုက်တဲ့သုက်ရည်ဟာ အစာအိမ်ထဲကိုရောက်သွားမှာဖြစ်ပြီး အစားအစာတွေလိုပဲ ခြေဖျက်ခံရမှာပါ။
  • လိင်ဆက်ဆံချိန် အဝတ်အစားဝတ်ထားရင် ကိုယ်ဝန်ရနိုင်ခြေနည်းတယ် – မအင်္ဂါကို ထိုးသွင်းမှုမရှိပဲ လိင်ဆက်ဆံတာမျိုးပြုလုပ်စဉ်မှာ အဝတ်အစားဝတ်ဆင်ထားမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေနည်းပါးတာ အမှန်ပါ။
  • မီးဖွားပြီးခါစ/နို့တိုက်မိခင်ဖြစ်နေတာမို့ ကိုယ်ဝန်မရနိုင်ဘူး – မီးဖွားပြီး ပထမ ၃ လ အတွင်းမှာဆိုရင် အခွင့်အလမ်းနည်းပါးတယ်လို့သာ ဆိုရမှာပါ။ နောက်ပိုင်းကာလတွေမှာတော့ ကိုယ်ဝန်ပြန်ရနိုင်ခြေက ပုံမှန်ပါပဲ။
  • အမျိုးသမီးလုပ်သူ အထွတ်အထိပ်မရောက်ရင် ကိုယ်ဝန်မရနိုင်ဘူး – လိင်ဆန္ဒအထွတ်အထိပ်ရောက်တာနဲ့ ကိုယ်ဝန်ရတာနဲ့က ဆက်စပ်မှုမရှိဘူးလို့ ဆိုရမှာပါ။ ကိုယ်ဝန်ရနိုင်ခြေက သဘာဝအတိုင်းဆက်ရှိနေမှာပါ။
  • လိင်ဆက်ဆံပြီး မအင်္ဂါကိုဆေးကြောပစ်ရင် ကိုယ်ဝန်မရနိုင်ဘူး – လူတချို့က ကိုယ်ဝန်မရအောင် ဒီနည်းလမ်းကို အသုံးပြုကြပါတယ်။ တကယ်တော့ သုက်ပိုးတွေဟာ အလွန်လျင်မြန်စွာသွားလာနိုင်တဲ့ သတ္တဝါလေးတွေဖြစ်ပြီး ဆက်ဆံလို့ပြီးပြီးချင်းမှာ ဆေးကြောပစ်မယ်ဆိုရင်တောင်မှ မမီနိုင်သလို သုက်တွေအားလုံးကိုလည်း ဖယ်ရှားနိုင်မှာမဟုတ်တာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။
  • သားဥကြွေချိန်က တစ်ရက်တည်းမို့ ကိုယ်ဝန်ရနိုင်ခြေက တစ်လမှာ တစ်ရက်ပဲ ရှိတယ် – အမျိုးသမီးတွေရဲ့ အဓိကသားဥကြွေချိန်က တစ်လမှာ တစ်ရက်တည်းဆိုတာမှန်ပေမယ့် သုက်ပိုးက ခန္ဓာကိုယ်ထဲမှာ ၅ ရက်အထိ ရှင်သန်နိုင်တာကို မမေ့ဖို့ လိုအပ်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ သားဥကြွေတဲ့ရက်ကလည်း တစ်လနဲ့တစ်လ မတူညီပါဘူး။ ဒါကြောင့် ပဋိသန္ဓေတားတဲ့နည်းလမ်းတွေကို အသုံးချနေကြရတာပါ။
  • လိင်ဆက်ဆံပုံပေါ်မူတည်ပြီး ကိုယ်ဝန်ရနိုင်ခြေ ကွာတယ် – မတ်တပ်ရက် လိင်ဆက်ဆံတာမျိုး၊ အမျိုးသမီးက အပေါ်ကနေ ဆက်ဆံတာမျိုးတွေကြောင့် ကိုယ်ဝန်မရနိုင်ဘူးဆိုတာက မှားပါတယ်။ မိန်းမကိုယ်အတွင်းမှာ သုက်ပိုးကျန်ခဲ့မယ်ဆိုရင် ဘယ်လိုဆက်ဆံပုံနဲ့ပဲဖြစ်ဖြစ် ကိုယ်ဝန်ရနိုင်ပါတယ်။
  • ကွန်ဒုံးမရှိရင် ပလတ်စတစ် ဒါမှမဟုတ် ပူဖောင်းကို သုံးနိုင်တယ် – ကွန်ဒုံးမဟုတ်တဲ့ တခြားပစ္စည်းတွေနဲ့ လုံးဝမစမ်းသပ်သင့်ပါဘူး။ ကိုယ်ဝန်ရနိုင်ခြေကို မတားဆီးနိုင်သလို အမျိုးသမီးကိုလည်း မတော်တဆထိခိုက်စေနိုင်ပါတယ်။
  • ပထမဆုံးအကြိမ်မှာတင် ကိုယ်ဝန်ရနိုင်တယ် – အကာအကွယ်မရှိပဲ လိင်ဆက်ဆံမယ်ဆိုရင် ဘယ်နှစ်ကြိမ်မြောက်မှာဖြစ်ဖြစ် ကိုယ်ဝန်ရနိုင်ခြေက အတူတူပါပဲ။
  • လိင်ဆက်ဆံပြီး ရေချိုးတာ၊ ဆီးသွားတာတွေက ကိုယ်ဝန်ရနိုင်ခြေနည်းစေတယ် – မဟုတ်ပါဘူး။ ရေချိုးတာက ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ကိုသာ သန့်စင်ပေးနိုင်ပါတယ်။ မိန်းမကိုယ်ရဲ့ အတွင်းပိုင်းအထိ မသန့်စင်ပေးနိုင်ပါဘူး။ ဆီးသွားခြင်းကလည်း သုက်ပိုးတွေကို မဖယ်ရှားပေးနိုင်ပါဘူး။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး

လျှာရဲ့ နောက်ထပ် လုပ်ငန်းစဉ်တစ်ခုက ကျန်းမာရေး အခြေအနေတွေကို ဖော်ပြပေးနေသေးတာပါ။ လျှာအရောင်အလိုက် ကျန်းမာရေးအခြေအနေတွေက အမျိုးမျိုးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သီးသီးအကြောင်း သိကောင်းစရာ

သီးသီးက အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပန်ကရိယလေး ကျန်းမာပါစေ။

န်ကရိယလေးက အစာခြေစနစ်ရဲ့ အရေးပါတဲ့ လုပ်သားလေးပေါ့။ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း နဲ့ အဆီတွေကို ချေဖျက်ဖို့အင်ဇိုင်းတွေ ထုတ်ရင်း ကူညီပေးတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လိင်ဆက်ဆံတဲ့အခါတိုင်း ချောဆီကို မဖြစ်မနေသုံးပါ

လိင်ဆက်ဆံ ချောဆီ အမျိုးသမီး မိန်းမကိုယ် ယားယံ ခြောက်သွေ့ ကိုယ်ဝန် လိင်မှတစ်ဆင့်ကူးစက်ရောဂါ ကွန်ဒုံး ရေယုန် တံတွေး ထိခိုက်ပွန်းပဲ့ အာသာဖြေ ဓာတ်မတည့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 3 mins read
အစာအိမ်ဖြတ်ထုတ်ကုသခြင်း

အစာအိမ်ဖြတ်ထုတ်ကုသခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
အစာအိမ်ကင်ဆာ ကာကွယ်ပါ

အစာအိမ်ကင်ဆာ ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read

အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read