တားဆေးထိုးဆေးအကြောင်းသိကောင်းစရာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 12, 2020 . 2 mins read
Share now

ခုလတ်တလောအနေနဲ့ ကလေးလည်းမလိုချင်သေး၊ ဒါပေမယ့် ကွန်ဒုံးလည်းမသုံးချင်၊ ခန္ဓာကိုယ်အတွင်း ပစ္စည်းထည့်သွင်းခြင်း၊ ခွဲစိတ်ခြင်းများလည်း မလုပ်ဆောင်ချင် ဖြစ်နေပါသလား။ ထိုအချိန်မျိုးမှာ တားဆေးထိုးဆေးသုံးဖို့ စဉ်းစားကြည့်နိုင်ပါတယ်။ ဒါပေမယ့် ထိုနည်းကိုမသုံးခင်မှာ အောက်ပါအခြေခံအချက်အလက်လေးတွေကိုတော့ သေချာဖတ်ထားသင့်ပါတယ်။

တားဆေးထိုးဆေးဆိုတာဘာလဲ

ဒတ်ပို လို့အလွယ်ခေါ်နေကြတဲ့ တားဆေးထိုးဆေးဟာ progestogen လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးပါသော Medroxyprogesterone ထိုးဆေးဖြစ်တယ်။ တားဆေးနှစ်မျိုးရှိပါတယ်- Depo-Provera နဲ့ Depo-Ralovera တို့ဖြစ်တယ်။

တားဆေးထိုးဆေးတွေက ဘယ်လိုအလုပ်လုပ်တာလဲ

သင့်ခန္ဓာကိုယ်ထဲကို ဆေးထိုးလိုက်ခြင်းက လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းအသုံးပြုထားခြင်းလိုပဲ ပုံစံတူအလုပ်လုပ်ပါတယ်။ ထိုးဆေးကို ဆရာဝန်မှ ကိုယ်ဝန်မရှိကြောင်းအတည်ပြုပြီးပါက အချိန်မရွေးထိုးလို့ရတယ်၊ ၁၂ ပတ်မှ ၁၄ ပတ်လောက်ထိခံပါတယ်။

အောက်ပါတို့ကိုလုပ်ဆောင်ခြင်းဖြင့် အာနိသင်ရှိတယ်-

• လစဉ်သားဥကြွေခြင်းကို တားဆီးခြင်း

• သားအိမ်အဝမှ အကျိအချွဲများကို ထူစေခြင်းဖြင့် သုက်ပိုးများ သားအိမ်တွင်းဝင်ကာ သားဥနဲ့တွေ့ဆုံခြင်းကို တားဆီးပါတယ်။

• သားအိမ်နံရံများကိုပါးခြင်းဖြင့် မျိုးအောင်သွားသော သားဥများတွယ်ကပ်နိုင်ခြင်းကို တားဆီးပါတယ်။

ရာသီသွေးစချိန် ၅ ရက်အတွင်းမှာဆေးထိုးရင်တော့ ချက်ခြင်းအာနိသင်ပြပြီး ချက်ချင်းကိုယ်ဝန်ရနိုင်ခြေကိုတားပေးပါတယ်။ ကလေးမီးမဖွားစဉ် သို့ မီးဖွားပြီး ၃ ပတ်အကြာမှာထိုးရင်လည်း ချက်ချင်းအာနိသင်ပါတယ်။

ဘယ်သူတွေထိုးနိုင်လဲ

အများအားဖြင့် တော်တော်များများထိုးနိုင်ပါတယ်။ ဒါပေမယ့် အောက်ပါအချက်တွေရှိရင်တော့ ထိုနည်းလမ်းက သင့်အတွက် သင့်လျော်မှာမဟုတ်ပါဘူး။

• ကိုယ်ဝန်ရှိနေတယ်ထင်ပါက

• ရာသီသွေးမမှန်ခြင်းကို မလိုလားပါက

• ရာသီမဟုတ် ကြားဖောက်သွေးဆင်းတတ်ပါက၊ အတူနေပြီး အကြောင်းအရင်းမရှိ သွေးဆင်းပါက

• နှလုံးရောဂါရှိဖူးပါက သို့ လေဖြတ်ဖူးပါက

• သွေးခဲတတ်ပါက

• ရင်သားကင်ဆာရှိပါက

• အသည်းရောဂါရှိပါက

• ဆီးချိုသွေးချိုရှိပြီး ရောဂါဒဏ်ခံစားနေရပါက

• အရိုးပါးနိုင်ချေများပါက

ဘယ်လိုဆေးထိုးရသလဲ

တင်ပါး သို့ လက်မောင်းနေရာမှာ ဆေးထိုးရပါတယ်။ ၃ လတစ်ခါထိုးဖို့လိုပါတယ်။

ကောင်းကျိုးများ

ကောင်းကျိုးတွေကတော့-

 ထိုးဆေးတားဆေးဟာအလွန်အာနိသင်ရှိပါတယ်။

 အသုံးပြုရလည်းလွယ်ကူပြီး တစ်ခါထိုးရင် ၃ လခံပါတယ်။

 နို့တိုက်နေစဉ်မှာလည်းထိုးနိုင်ပါတယ်။

 တခြားဆေးများကြောင့်လည်း အာနိသင်မပြောင်းပါဘူး။

 ရာသီလာခြင်းကိုလည်း တားနိုင်တာကြောင့် တချို့အမျိုးသမီးတွေ သဘောကျပါတယ်။

 နေ့စဉ်ဆေးသောက်ဖို့ မှတ်မနေနိုင်ဘူးဆိုရင်အသုံးဝင်ပါတယ်။

 သားအိမ်ကင်ဆာကို ကာကွယ်နိုင်ပါတယ်။

 ရာသီလာခြင်းဆိုင်ရာ ပြဿနာများကုသရာမှာလည်းသုံးနိုင်တယ်။

 အတူနေရာမှာအနှောင့်အယှက်မဖြစ်ပါဘူး။

ဖြစ်နိုင်ချေရှိသော ဘေးထွက်ဆိုးကျိုးများ

တားဆေးထိုးဆေးဟာဘေးကင်းတယ်ဆိုပေမယ့် ဘေးထွက်ဆိုးကျိုးတွေတော့ဖြစ်နိုင်ပါသေးတယ်။

• အချိန်ကြာသုံးပါက အရိုးထိခိုက်နိုင်ပါတယ်၊ အရိုးပါးနိုင်ချေများပါတယ်။

• ရာသီလာခြင်းကို မူမမှန်ဖြစ်စေနိုင်ပါတယ်။

• ခေါင်းကိုက်ခြင်း၊ ဝက်ခြံထွက်ခြင်းကဲ့သို့ အဆင်မပြေသောလက္ခဏာများခံစားရနိုင်ပါတယ်။

• အလေးချိန်တက်လာနိုင်ပါတယ်။

• အရင်ထက်ပို စိတ်ဆတ်လာတတ်ပါတယ်။

• ဝမ်းဗိုက်တဝိုက်မှာ နေရထိုင်ရမအီမသာဖြစ်တတ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သင့်ရဲ့ လိင်စွမ်းဆောင်ရည်ကို ဒုက္ခပေးမယ့် ဆီးချိုရောဂါ

အိပ်ယာပေါ်နှစ်ပါးသွားချိန်မှာ စိတ်ကျေနပ်မှုပေးချင်ကြတာ သဘာဝပါပဲ။ လိင်စွမ်းဆောင်ရည်ကို ဆီးချိုရောဂါက ဖျက်ဆီးနိုင်တယ်ဆိုတာ သိပြီးပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ရုရှားဆေးကို အားကိုးရဖွယ်ရှိနေတဲ့ ကိုဗစ်ကာကွယ်ဆေး ဖန်တီးမှုအခြေအနေ

ကိုဗစ်ကာကွယ်ဆေး၊ COVID-19 Vaccine၊ စမ်းသပ်ခံလူနာ၊ ဘေးထွက်ဆိုးကျိုး၊ Adenovirus၊ အအေးမိ၊ တုပ်ကွေး၊ ပရိုတင်း ကိုယ်ခံအားစနစ်၊ SARS-CoV-2 virus၊ ကမ္ဘာ့ကပ်ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဖိုးဖိုးဖွားဖွားတို့ ဝမ်းမချုပ်စေဖို့ သတိပြုစေချင်

ဝမ်းချုပ်တာက ဖိုးဖိုးဖွားဖွားတို့မှာခံစားရနိုင်တဲ့ အခြေခံ ကျန်းမာရေးပြဿနာတစ်ခုပါ။ ဖိုးဖိုးဖွားဖွားတို့ရဲ့ရှင်သန်မှုကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘားဟိုးဖောက်ခြင်း (သို့မဟုတ်) ဦးခွံရိုးကို အပေါက်ဖောက်ပြီး ကုသခြင်း

ဘားဟိုးဖောက်ခြင်း (သို့မဟုတ်) ဦးခွံရိုးကို အပေါက်ဖောက်ပြီး ကုသခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read
ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read
အူမကြီးကင်ဆာအတွက် မှန်ပြောင်းကြည့်မယ်ဆို ဒါတွေသိထားဖို့လိုမယ်နော်

အူမကြီးကင်ဆာအတွက် မှန်ပြောင်းကြည့်မယ်ဆို ဒါတွေသိထားဖို့လိုမယ်နော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
စတီးရွိုက်တွေကို ရုတ်တရက်ရပ်လိုက်မယ်ဆိုရင်

စတီးရွိုက်တွေကို ရုတ်တရက်ရပ်လိုက်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read