ပါးစပ်နဲ့ လိင်ဆက်ဆံစဉ်မှာ ကွန်ဒုံး အသုံးပြုခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 18, 2020 . 2 mins read
Share now

သင်လုံခြုံစိတ်ချရတဲ့ လိင်မှုဘဝကိုရရှိချင်တယ်ဆိုရင် ကွန်ဒုံးတွေကို အလွန်လိုအပ်ပါတယ်။ ကွန်ဒုံးတွေဟာ ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။ သူတို့ဟာ သုက်ပိုးနဲ့ မိန်းမကိုယ်၊ စအို၊ နဲ့ ပါးစပ်တို့ကထွက်ရှိတဲ့ အရည်တွေကို သိမ်းထားပေးတဲ့ ကြားခံအရာအဖြစ် အလုပ်လုပ်ပါတယ်။

အမျိုးသားရော အမျိုးသမီးအတွက်ပါ ကွန်ဒုံးတွေရှိပါတယ်။ နှစ်ခုလုံးကို တစ်ကြိမ်တည်းမှာရောမသုံးဖို့ သတိရပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာတစ်ခုနဲ့တစ်ခုကပ်ပြီးပေါက်တတ်လို့ဖြစ်ပါတယ်။

အမျိုးသားသုံးကွန်ဒုံးဆိုတာ ဘာကိုပြောတာလဲ။

အမျိုးသားသုံးကွန်ဒုံးဆိုတာ လိင်ဆက်ဆံတဲ့အခါ အမျိုးသားရဲ့ လိင်တံပေါ်မှာ ဝတ်ရတဲ့ ပါးလွှာတဲ့ ပလပ်စတစ် အဖုံးတစ်ခုဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးရှိတတ်ပါတယ်။

ပလပ်စတစ် ကွန်ဒုံးတွေကို အသုံးပြုမယ်ဆိုရင် သင့်ကို လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ HIV၊ ရေယုန်၊ Chlamydia နဲ့ Gonorrhoea စတဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့အတွက် လုံခြုံစိတ်ချမှုကိုခံစားရမှာပါ။

ဒါပေမယ့် natural နဲ့ Lambskin ကွန်ဒုံးတွေကတော့ သင့်ကိုကိုယ်ဝန်ရရှိမှုကပဲ ကာကွယ်ပေးပြီးတော့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေကိုကာကွယ်ပေးမှာမဟုတ်ပါဘူး။

အမျိုးသမီးသုံးကွန်ဒုံးဆိုတာဘာလဲ။

အမျိုးသမီးသုံးကွန်ဒုံးဆိုတာ ပျော့ပြောင်းတဲ့ ပလပ်စတစ်ပြွန်တစ်ခုပဲ ဖြစ်ပါတယ်။ အစွန်းတစ်ခုစီမှာ အကွင်းတစ်ခုစီပါရှိပါတယ်။ ပိတ်ထားတဲ့ဘက်က အကွင်းကို ကွန်ဒုံးကို နေရာမရွေ့အောင် ထိန်းထားဖို့ မိန်းမကိုယ်အတွင်းပိုင်းကို ထည့်သွင်းနိုင်ပါတယ်။ ပွင့်နေတဲ့ဘက်က အကွင်းကိုတော့ မိန်းမကိုယ်အဝရဲ့ အပြင်မှာထားရမှာပါ။

ဒီလိုကာကွယ်ခြင်းဖြင့် ကိုယ်ဝန်ရရှိမှုနဲ့ လိင်အင်္ဂါတွေမှာတွေ့ရတတ်တဲ့ ရေယုန်နဲ့ကြွက်နို့ စတဲ့ ရောဂါတွေ ရရှိပြန့်ပွားခြင်းကို လျှော့ချပေးနိုင်ပါတယ်။

ကွန်ဒုံးတွေကို ဘယ်လိုအသုံးပြုမလဲ။

ကွန်ဒုံးတွေရဲ့ အစွမ်းထက်မှုကို မြှင့်တင်ဖို့ အောက်ဖေါ်ပြပါ အချက်အလက်တွေကို သတိထားသင့်ပါတယ်။

  • ကွန်ဒုံးအထုတ်ကို စဖွင့်ရင် သတိထားပါ။ အထဲက ကွန်ဒုံးကိုတောင် ပြဲစေနိုင်ပါတယ်။
  • ကြွတ်ဆတ်နေရင်၊ တောင့်နေရင်၊ စီးကပ်နေရင်၊ ရက်လွန်နေရင် လွှင့်ပစ်ဖို့ လက်မတွန့်ပါနဲ့။
  • လိင်တံထောင်မတ်ပြီးနဲ့ သင့်လိင်ဆက်ဆံသူရဲ့ ဘယ်နေရာကိုမှ မထိရသေးခင်မှာတပ်ဆင်ပါ။
  • လိင်တံတစ်ခါထောင်မတ်ပြီးတိုင်း အသစ်တစ်ခုကို အသုံးပြုပါ။
  • လိင်တံထိပ်အရေပြားကို မဖြတ်ထားသူကအသုံးပြုမယ်ဆိုရင် ကွန်ဒုံးမဝတ်ဆင်ခင် လိင်တံထိပ်ငုံအရေပြားကို အနောက်ကိုဆွဲပါ။
  • ကွန်ဒုံးမှာ သိုလှောင်ရန် ထိပ်မပါခဲ့ရင် အဆုံးကိုသုတ်လွှတ်ပြီး သုက်ပိုးစုဆောင်းရန် လက်မဝက်လောက်ရှိတဲ့ နေရာတစ်ခုဖြစ်လာစေဖို့ ဆွဲပါ။
  • ထိပ်ဖျားကိုကိုင်ထားပြီး ကျန်တဲ့လက်တစ်ဘက်နဲ့ ကွန်ဒုံးကို လိင်တံရဲ့ အောက်ခြေအထိဆွဲချပါ။
  • လိင်ဆက်ဆံစဉ်မှာ ကွန်ဒုံးပေါက်ပြဲတယ်လို့ ခံစားရရင် ချက်ချင်းရပ်ပြီး အသစ်တစ်ခုအသုံးပြုပါ။
  • သုက်ပိုးလွှတ်ပြီးနဲ့ လိင်တံထောင်မတ်မှု မပြီးဆုံးခင်မှာကွန်ဒုံးကို သေချာစွာဆွဲဖယ်ပါ။
  • ကွန်ဒုံးကို ဖယ်ရှားနေစဉ်မှာ သုက်ပိုးကို အပြင်ကို ဖိတ်မကျပါစေနဲ့။
  • နောက်ဆုံးအနေနဲ့ သင်ဟာပါးစပ်နဲ့ လိင်ဆက်ဆံမှုကို ပြုလုပ်သည်ဖြစ်စေ၊ ခံရသည်ဖြစ်စေ ကွန်ဒုံးကိုအသုံးပြုပါ။

သင်နဲ့ သင့်ပါတနာကို ကိုယ်ဝန်ဆောင်ခြင်းနဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကနေ ကာကွယ်ချင်တယ်ဆိုရင် ကွန်ဒုံးဟာ အသင့်တော်ဆုံးရွေးချယ်မှုဖြစ်ပါတယ်။ အပေါ်က အကြံပြုချက်တွေကို မမေ့လျော့သင့်ပါဘူး။ ဒီအချက်တွေဟာ ရိုးစင်းပေမယ့် ကွန်ဒုံးသုံးတဲ့အခါ သင့်ကိုသေချာပေါက် ကူညီပေးပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အိပ်ရာပေါ်မှာ သင် စွမ်းဆောင်ရည်မဲ့နေတာ မဟုတ်ပါဘူး၊ ဒီ အချက် (၉) ချက်ကြောင့်ပါ

တောင့်တမှု၊ အိပ်ယာ၊ စွမ်းဆောင်ရည်၊ စိုးရိမ်စိတ်၊ လိင်ဆက်ဆံ၊ လိင်အင်္ဂါ၊ ဦးနှောက်၊ ခန္ဓာကိုယ်၊ ကွန်ဒုံး၊ သုတ်လွှတ်စော၊ အိမ်ထောင်ဖက်၊ ကိုယ်ဝန်၊ အာသာဖြေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ဒီဆေးတွေက တားဆေး တွေရဲ့ အာနိသင်ကို ကျစေနိုင်ပါတယ်နော်။

တားဆေး ဆေးမတည့် စွဲသောက်နေတဲ့ဆေး ကိုယ်ဝန်ရ ပိုးသတ်ဆေး တီဘီဆေး ကွန်ဒုံး HIV ဆေး မှိုသတ်ဆေး အတက်ကျဆေး သစ်ဥသစ်ဖုများ တောင်ရေချမ်းယားအပင် နှမ်းကြတ်စေ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

သားဆက်ခြားနည်း သန္ဓေတားနည်း အရေပြား ရင်သား ရာသီသွေး သန္ဓေတားနိုင်စွမ်း လိင်ဆက်ဆံတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ကျွန်မ မနေ့က ဆေးမသောက်မိဘူး ဆရာမ

တားဆေးသောက်ဖို့မေ့ တားဆေး အီစထရိုဂျင် ပရိုဂျက်စတုန်း ၃လခံဆေး သားအိမ်ထဲပစ္စည်းထည့် လက်မောင်းတွင်းထည့်သန္ဓေတားပစ္စည်း ကွန်ဒုံး ကိုယ်ဝန်ရ အရေးပေါ်သန္ဓေတား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

စိတ်ချရတယ်ဆိုပြီး မီးနီဖြတ်မလို့လား။ ခဏလေး နေပါဦး

စိတ်ချရတယ်ဆိုပြီး မီးနီဖြတ်မလို့လား။ ခဏလေး နေပါဦး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 23, 2020 . 1 min read
ခံတွင်းအကာ (Dental Dam) အကြောင်း သိသင့်သမျှ

ခံတွင်းအကာ (Dental Dam) အကြောင်း သိသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 23, 2020 . 2 mins read

ငယ်ရွယ်စဉ် အပြာရုပ်ရှင်ကြည့်မိတဲ့ ကလေးများရဲ့ အနာဂတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 21, 2020 . 3 mins read

ကပ်ဘေးကာလ စိုးရိမ်မှုတွေကြောင့် လိင်စိတ်ပျောက်ဆုံးသွားခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 17, 2020 . 2 mins read