ဆီးပူညောင်းကျရောဂါအကြောင်း သိကောင်းစရာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 25, 2020 . 2 mins read
Share now

ဆီးပူညောင်းကျရောဂါဆိုတာ ဘာလဲ

ဆီးပူညောင်းကျရောဂါဆိုတာ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး ၎င်းကိုဖြစ်ပွားစေတဲ့ ဘက်တီးရီးယားပိုးမွှားကို Neisseria gonorrhoea လို့ ခေါ်ပါတယ်။ မိန်းမကိုယ်၊ ပါးစပ်၊ စအိုတို့မှာ လိင်ဆက်ဆံရာကတဆင့် တစ်ဦးနဲ့တစ်ဦး ကူးစက်နိုင်သလို ကလေးမီးဖွားစဉ်အချိန်အတွင်း ရောဂါရှိသူ မိခင်ကတဆင့် ရင်သွေးဆီ ကူးစက်တတ်ပါတယ်။

ဆီးပူညောင်းကျရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ

လူအများစုဟာ ရောဂါကူးစက်ခံရပြီးပြီးချင်း ရောဂါလက္ခဏာ ပြလေ့မရှိပါဘူး။ ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံပြီး အနည်းဆုံး ၂ရက်ကနေ ၁၀ရက်ကြာတဲ့အခါမှ လက္ခဏာပြလေ့ရှိသလို အချို့လူတွေမှာ ရက်ပေါင်း ၃၀လောက်ကြာမှ လက္ခဏာပြတာမျိုးလည်း ဖြစ်တတ်ပါတယ်။

အမျိုးသမီးတွေမှာ ဖြစ်လေ့ဖြစ်ထများတဲ့ ဆီးပူညောင်းကျရောဂါ လက္ခဏာတွေကတော့

  • မိန်းမကိုယ်မှ စိမ်းဝါရောင် သို့မဟုတ် အဖြူရောင် အရည်ဆင်းခြင်း
  • ဝမ်းဗိုက်အောက်ပိုင်း သို့မဟုတ် ဆီးစပ်တဝိုက် နာကျင်ကိုက်ခဲခြင်း
  • ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း
  • မျက်စိနီရဲပြီး ယားယံခြင်း
  • လိင်ဆက်ဆံပြီးတိုင်း သွေးဆင်းခြင်း
  • မိန်းမကိုယ်၀ ရောင်ရမ်းခြင်း
  • ပါးစပ်မှလိင်ဆက်ဆံချိန်တွင် လည်ချောင်းတွင်း ပူစပ်ပူလောင်ခံစားရခြင်း၊ ဂလင်းများရောင်ရမ်းခြင်း

မိန်းမကိုယ်မှ ပုံမှန်မဟုတ်ဘဲ အရည်ဆင်းခြင်းဟာ ဆီးပူညောင်းကျရောဂါမဟုတ်ဘဲ အခြားရောဂါတမျိုးမျိုးရဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ဆရာဝန်ဆီမှာ ရောဂါရှာဖွေစစ်ဆေးပြီး မှန်ကန်သင့်တော်တဲ့ကုသမှု ခံယူတာက သင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

အမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထများတဲ့ ဆီးပူညောင်းကျရောဂါ လက္ခဏာတွေကတော့

  • လိင်တံမှ စိမ်းဝါရောင် သို့မဟုတ် အဖြူရောင် အရည်ထွက်ခြင်း
  • ဆီးသွားတိုင်း ပူလောင်သည့်ဝေဒနာ ခံစားရခြင်း
  • ပါးစပ်မှလိင်ဆက်ဆံချိန်တွင် လည်ချောင်းတွင်း ပူစပ်ပူလောင်ခံစားရခြင်း၊ ဂလင်းများရောင်ရမ်းခြင်း
  • ဝှေးစေ့များ နာကျင်ရောင်ရမ်းခြင်း

အဆိုပါလက္ခဏာတွေဟာ ရောဂါကူးစက်ခံရပြီး ၂ရက် မှ ၁၄ရက်အတွင်း ပေါ်လာတတ်ပါတယ်။

ဆီးပူညောင်းကျရောဂါရဲ့ အန္တရာယ်တွေက ဘာတွေလဲ

ဆီးပူညောင်းကျရောဂါဟာ သင့်တော်တဲ့ကုသမှု မခံယူရင် သင့်ကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ အမျိုးသမီးတွေမှာ သားအိမ်၊ သားဥပြွန်၊ သားဥအိမ်တွေအထိ ရောဂါပိုး ပျံ့နှံ့သွားနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာလည်း ရင်သွေးငယ်ကို ထိခိုက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံထားရသူ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရင်သွေးငယ်ဟာ ဦးနှောက်နဲ့ ဗဟိုအာရုံကြောမကြီးကို ဖုံးအုပ်ထားတဲ့ အမြှေးပါးရောင်ရမ်းခြင်း၊ မျက်စိပိုးဝင်ပြီး အမြင်အာရုံဆုံးရှုံးခြင်း စတဲ့ ဆိုးကျိုးတွေကို ခံစားရတတ်ပါတယ်။

အမျိုးသားတွေမှာတော့ သုက်ပို့ပြွန်ဆီ ရောဂါပိုးပျံ့နှံ့သွားတတ်ပြီး ဝှေးစေ့တဝိုက်မှာ နာကျင်ရောင်ရမ်းမှုဝေဒနာ ခံစားရတတ်ပါတယ်။

ဒီရောဂါဟာ အရိုးအဆစ်တွေနဲ့ သွေးထဲအထိပါ ပျံ့နှံ့နိုင်ပြီး ရောဂါရှိသူတွေဟာ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။

ဆီးပူညောင်းကျရောဂါကို ဘယ်လိုကုသရမလဲ

ဆီးပူညောင်းကျရောဂါကို ပိုးသတ်ဆေး သောက်ဆေး သို့မဟုတ် ထိုးဆေး အသုံးပြုပြီး ကုသရမှာ ဖြစ်ပါတယ်။ ရောဂါပိုးရှိသူကိုသာမက ၎င်းရဲ့အဖော်ဖြစ်သူ (လိင်ကိစ္စရင်းနှီးမှုရှိသူ) ကိုပါ တပြိုင်တည်းကုသဖို့ လိုအပ်ပါတယ်။

ဆေးကုသမှု ခံယူနေစဉ်ကာလအတွင်း အောက်ပါလမ်းညွှန်ချက်တွေကို သတိပြုလိုက်နာဖို့ အရေးကြီးပါတယ်။

ဆေးကုသမှု မပြီးဆုံးခင် လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ပါ။

လိင်ဆက်ဆံချိန်တိုင်း ကွန်ဒုံးအသုံးပြုပါ။

ဆီးပူညောင်းကျရောဂါဟာ ရောဂါလက္ခဏာမပြဘဲ ရှိနေနိုင်တဲ့အတွက် မိမိမှာ ရောဂါပိုးကူးစက်ခံထားရကြောင်း မိမိအဖော်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။

ဆီးပူညောင်းကျရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်ဖို့ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုဆိုင်ရာ အလေ့အကျင့်တွေရှိဖို့ အရေးကြီးပါတယ်။ ရောဂါပိုးမရှိသူ အဖော်တစ်ဦးတည်းနှင့်သာ လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံစဉ် ကွန်ဒုံးအသုံးပြုခြင်းအားဖြင့် ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်တားဆီးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

ဒီရောဂါနဲ့ အသက်ရှင်ဖို့ဆိုတာက လွယ်တာတော့ မဟုတ်ပါဘူး။ လူကောင်းလို ဟန်မပျက် သွားလာလှုပ်ရှားနိုင်ပေမယ့် စိတ်ထင့်ရတဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

COVID-19 ရောဂါပိုး ဆံပင်မှာ ကပ်ငြိရှင်သန်နိုင်သလား

COVID-19၊ ကမ္ဘာတစ်လွှား၊ မာကျောတဲ့မျက်နှာပြင်၊ ချောင်းဆိုး၊ Mask၊ ဆံပင်၊ အမျိုးသမီး၊ ပိုးသယ်ဆောင်သူ၊ ခေါင်းလျှော်၊ ဦးရေပြား၊ အဆီလွှာ၊ antimicrobial effect

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မိသားစုဝင်အချင်းချင်း အဖျားမကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ

ကိုဗစ်ရောဂါ၊ တုပ်ကွေးမိ၊ အအေးပတ်၊ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကာကွယ်ဆေး၊ ဆပ်ပြာ၊ ရေ၊ လက်သန့်ဆေးရည်၊ ကူးစက်ပြန့်နှံ့မှု၊ အစားအသောက်၊ Social Distancing

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကလေးတွေဟာ တိတ်တဆိတ် COVID-19 ရောဂါပိုးဖြန့်ဝေသူတွေ ဖြစ်လာနိုင်သလား

COVID-19၊ ကူးစက်မှုနှုန်း၊ ကာကွယ်ဆေး၊ သေဆုံးသူ၊ ရောဂါပိုး၊ ရောဂါလက္ခဏာ၊ သံသယ၊ G614 မျိုးစိတ်၊ Positive၊ အသက်ရှူလမ်းကြောင်း၊ အသက်အရွယ်မရေး၊ နှာခေါင်းစည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အဖြစ်များသော အစာအိမ်အူလမ်းကြောင်းပြဿနာများ

အဖြစ်များသော အစာအိမ်အူလမ်းကြောင်းပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ ..ဘယ်လိုကာကွယ်ကြမလဲ

ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ ..ဘယ်လိုကာကွယ်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 18, 2020 . 2 mins read
သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း

သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2020 . 2 mins read
မဖြစ်မနေ သိထားရမယ့် COVID-19 လက္ခဏာများ

မဖြစ်မနေ သိထားရမယ့် COVID-19 လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 3, 2020 . 2 mins read