မကြာခဏဆိုသလို သွားကြိတ်တတ်တဲ့ အကျင့်ဖြစ်နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဒီအခြေအနေကို Bruxism လို့ ခေါ်ပါတယ်။ အပေါ်သွားနဲ့ အောက်သွားတွေကို ပွတ်ပြီးကြိတ်တာ၊ အံကိုတင်းတင်းကြိတ်တဲ့ လက္ခဏာမျိုးပေါ့။ ပုံမှန်အားဖြင့် နိုးထနေစဉ် တမင်တကာ သို့မဟုတ် မရည်ရွယ်ဘဲ သွားကြိတ်မိခြင်း (Awake Bruxism) နဲ့ အိပ်ပျော်နေစဉ် သွားကြိတ်ခြင်း (Sleep Bruxism) ဆိုပြီး အမျိုးအစား ၂မျိုးရှိပါတယ်။

၁။ နိုးထနေစဉ် သွားကြိတ်ခြင်း (Awake Bruxism)

တချို့လူတွေ စိတ်ဆိုး၊ ဒေါသထွက်တဲ့အခါ ကိုယ်တိုင်ကမသိလိုက်ဘဲ အံကို တင်းတင်းကြိတ်တဲ့ အကျင့်ဖြစ်လာပါတယ်။ ဒီအကျင့်ကကြာလာတဲ့အခါ သိသိကြီးနဲ့ သွားကြိတ်တာလည်း ဖြစ်နိုင်သလို လုံးဝသတိမထားမိဘဲ အံသွားက အကျင့်ပါသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေ ဥပမာ – စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာ၊ ဒေါသ၊ စိတ်ညစ်တာ၊ စိတ်ရှုပ်တာ၊ စိတ်ကိုတင်းထားတဲ့ အခြေအနေတွေမှာ ပိုအဖြစ်များသလို အာရုံစူးစိုက်နေတဲ့အချိန်မှာ သွားကြိတ်လိုက်တာမျိုးလည်း ရှိပါတယ်။

၂။ အိပ်ပျော်နေစဉ် သွားကြိတ်ခြင်း (Sleep Bruxism)

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အချိန်မှာ ဖြစ်လာတတ်တဲ့ အမူအကျင့်မျိုးဖြစ်ပါတယ်။ အိပ်မက်မက်နေစဉ်၊ လိင်ပိုင်းဆိုင်ရာ အိပ်မက်တွေ မက်နေတဲ့အချိန်မှာ ခံတွင်းရဲ့ အံသွားက သူ့အလိုလို ကြိတ်နေတတ်ပါတယ်။ ဒီလိုအိပ်နေစဉ် သွားကြိတ်တဲ့သူတွေမှာ ဟောက်တာ၊ အိပ်နေစဉ် အသက်ရှူရပ်သွားတာမျိုးလည်း ရှိပါတယ်။

သွားကြိတ်တတ်တဲ့ အကျင့်ရှိလားဆိုတာ ဘယ်လိုသိနိုင်မလဲ။

  • ကိုယ်သွားကြိတ်နေတဲ့ အသံက ဘေးမှာအိပ်နေတဲ့သူကိုတောင် လန့်နိုးလာစေလောက်တဲ့အထိ အသံကျယ်နေတာ
  • သွားရဲ့ အောက်နား၊ အပေါ်နားတွေက အချွန်လေးလိုမဟုတ်တော့ဘဲ ပြန့်နေတာ၊ ပဲ့နေတာ
  • သွားက ချောင်ပြီး လှုပ်စိစိဖြစ်လာတာ
  • သွားအပေါ်ယံကြွေလွှာတွေ ပါးလာတာ
  • မကြာခဏ သွားကိုက်တာ၊ သွားကျဉ်တာ
  • တစ်ခုခုဆိုရင် သွားက ထိခိုက်လွယ်တာ
  • သွားဖုံးကြွက်သားတွေ နာကျင်နေတာ
  • မေးရိုးအပြင် လည်ပင်းနဲ့ ပါးတစ်ဝိုက်မှာ ကိုက်နေသလိုဖြစ်တာ
  • နားကိုက်နေသလို ခံစားရတာ
  • ခေါင်းအနည်းငယ်ကိုက်တာ
  • ညဘက်မှာ ကောင်းစွာမအိပ်ပျော်အောင် နှောင့်ယှက်တာ စတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင် ကိုယ့်မှာ သွားကြိတ်တတ်တဲ့အကျင့်ရှိတာ သေချာပါပြီ။

သွားကြိတ်တတ်တာ စိုးရိမ်စရာရှိလား။

ပုံမှန်အားဖြင့်တော့ ဒီအကျင့်ဟာ တခြားသူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတာ မှန်ပေမယ့် ကာယကံရှင်အတွက်တော့ အစာစားတဲ့အခါ ပြဿနာတစ်စုံတစ်ရာမဖြစ်စေတာမို့ စိတ်ပူဖို့လည်း မလိုသလို ကုသမှုလည်း ခံယူစရာမလိုအပ်ပါဘူး။ ရံဖန်ရံခါ အခြေအနေမျိုးမှာ သွားကြိတ်တဲ့အကျင့်ကြောင့် မေးရိုးနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ၊ ခေါင်းကိုက်တာ၊ သွားတွေပျက်စီးကျိုးပဲ့တာ ဖြစ်လာပြီဆိုရင်တော့ ကုသမှုခံယူသင့်ပါတယ်။ အထူးသဖြင့် အိပ်နေစဉ် သွားကြိတ်တတ်တဲ့သူတွေမှာ ကိုယ်တိုင်က ဒီလိုအကျင့်မျိုးရှိမှန်းမသိတာကြောင့် မိသားစုဝင်တွေအနေနဲ့ ဒီကိစ္စကို အသိပေးဖို့ လိုပါတယ်။

ငယ်သေးတဲ့ကလေးတွေ သွားကြိတ်တတ်ရင်တော့ မေမေတွေအနေနဲ့ သွားဆရာဝန်ဆီ အမြန်ဆုံးသွားပြပေးဖို့ လိုအပ်တယ်နော်။ ကလေးတွေမှာ အဖြစ်များတာမှန်ပေမယ့် ဆယ်ကျော်သက်နဲ့ အသက် ၂၀ နောက်ပိုင်းမှာတော့ သူ့အလိုလို ပျောက်ကင်းသွားတာမျိုးတွေလည်း ရှိပါတယ်။ အကောင်းဆုံးကတော့ သွားဆရာဝန်ဆီ ၆လ သို့မဟုတ် တစ်နှစ်တစ်ကြိမ် ပုံမှန်ပြသပေးပါ။ သွားကြိတ်တဲ့အကျင့်ရှိရင် ရာဘာအံစွပ်လေးတွေ အသုံးပြုမယ်ဆိုလည်း အဆင်ပြေပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 ကြောင့် အသက်အန္တရာယ်အပြင်ဘာတွေဖြစ်နိုင်သေးလဲ

ရောဂါတစ်ခုခု ဖြစ်ပြီဆိုရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စမြဲပါ။ Covid -19 ရောဂါပိုး ကူးစက်ခံရရင်လည်း နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေခံစားရနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာ

ဟော်မုန်း ခေါင်းကိုက်ခြင်း အမျိုးသမီး မျိုးရိုးဗီဇ ရောဂါ ကိုယ်ဝန်ဆောင် သွေးဆုံး ရာသီလာ တားဆေး ကလေးမွေး ဓမ္မတာလာ အိပ်ချိန် အရက် စိတ်ဖိစီးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

လိုတာထက် ပိုအိပ်မိရင် ဘာတွေ ဖြစ်တတ်လဲ

ပုံမှန် အိပ်စက်ချိန်စံနှုန်းဟာ ၈နာရီပဲ ရှိပါတယ်။ ဒီထက်ပိုရင်တော့ Oversleep ဖြစ်တယ်၊ ပိုအိပ်မိတယ်လို့ ဆိုနိုင်ပါတယ်။ အိပ်စက်ခြင်း။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

စွမ်းအားဖြည့်အချိုရည် (Energy Drinks) တွေ မသောက်ရမနေနိုင်ဖြစ်နေသလား

စွမ်းအားဖြည့်အချိုရည်တွေကို မသောက်ရမနေနိုင်ဖြစ်သွားရင် ချက်ချင်းဖြတ်ဖို့တော့ ခက်ပါတယ်။ စွမ်းအားဖြည့်အချိုရည်များဟာ အက်ဆစ်ဓာတ်ကဲတဲ့ အရည်မျိုးဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

သွားပိုးဝင်ရာမှ ကိုယ်ခန္ဓာအခြားနေရာများသို့ ပျံ့နှံ့ခြင်း

သွားပိုးဝင်ရာမှ ကိုယ်ခန္ဓာအခြားနေရာများသို့ ပျံ့နှံ့ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 2 mins read
ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read
နှုတ်ခမ်းပါးလေးတွေ ခြောက်သွေ့အက်ကွဲတဲ့အခါ

နှုတ်ခမ်းပါးလေးတွေ ခြောက်သွေ့အက်ကွဲတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
စိတ်ဖိစီးမှုကြောင့် ပိုမိုဆိုးရွားနိုင်သည့် ရောဂါဝေဒနာများ

စိတ်ဖိစီးမှုကြောင့် ပိုမိုဆိုးရွားနိုင်သည့် ရောဂါဝေဒနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2020 . 3 mins read