backup og meta

ရေဓာတ်ဆုံးရှုံးခြင်းနှင့် ပတ်သက်ပြီး သင်သိထားသင့်သော အကြောင်းအရာများ

ရေဓာတ်ဆုံးရှုံးခြင်းနှင့် ပတ်သက်ပြီး သင်သိထားသင့်သော အကြောင်းအရာများ

နေ့စဉ် ကျွန်ုပ်တို့ဟာ ဘာမှမလုပ်ပါဘဲနဲ့ ရေဓာတ် ဆုံးရှုံးနေကြပါတယ်။ တစ်နေ့တာမှာ ချွေးထွက်များတာ မဟုတ်ရင်တောင် ဆီးသွားတာ၊ ဝမ်းသွားတာ၊ အသက်ရှူထုတ်လိုက်တဲ့အခါ ပါသွားတဲ့ ရေငွေ့တွေ၊ ခန္ဓာကိုယ်အပူချိန်ထိန်းဖို့ စတဲ့ အကြောင်းအရာတွေကြောင့် ရေဓာတ်ဆုံးရှုံးနေရပါတယ်။ ဒီတစ်ခေါက်မှာတော့ ရေဓာတ်ဆုံးရှုံးခြင်းနှင့် ပတ်သက်ပြီး သင်သိထားသင့်သော အကြောင်းအရာများ ကို ပြောပြပေးချင်ပါတယ်။

ရေဓာတ်ဆုံးရှုံးခြင်းနှင့် ပတ်သက်ပြီး သင်သိထားသင့်သော အကြောင်းအရာများ

ရေဓာတ်ဆုံးရှုံးခြင်းနှင့် ပတ်သက်ပြီး သင်သိထားသင့်သော အကြောင်းအရာများ ကတော့

၁။ ဘာတွေက ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေသလဲ။

လူအများအတွက် ရေဓာတ်ဆုံးရှုံးရခြင်းရဲ့ အဓိကအကြောင်းအရာဟာ ရေလုံလုံလောက်လောက် မသောက်တာကြောင့်ပါ။ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ဟာ ရေဓာတ် ၇၀ ရာခိုင်နှုန်းနှင့် ဖွဲ့စည်းထားပါတယ်။ နေ့စဉ် ကျွန်ုပ်တို့ဟာ ဆီးသွားခြင်း၊ ဝမ်းသွားခြင်း၊ ချွေးထွက်ခြင်းနဲ့ မျက်ရည်ထွက်ခြင်း စတာတွေကနေ ရေဓာတ်ဆုံးရှုံးနေပါတယ်။ ဆုံးရှုံးသွားတဲ့ ရေပမာဏကို ပြန်လည်မသောက်ပေးဘူးဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်ရာခိုင်နှုန်းဟာ လျော့နည်းလာပြီး ပြဿနာတွေ ကြုံလာရမှာ ဖြစ်ပါတယ်။

၂။ ရေဓာတ်ဆုံးရှုံးမှန်းကို သင်ဟာ ဘယ်လိုသိနိုင်သလဲ။ ဘာလက္ခဏာတွေ ခံစားရမှာလဲ။

အရွယ်ရောက်ပြီး သူများမှာ အဖြစ်များလေ့ ရှိတဲ့ လက္ခဏာတွေကတော့

  • ရေငတ်ခြင်း သို့မဟုတ် နှုတ်ခမ်းခြောက်ခြင်း၊
  • အာခံတွင်း ခြောက်သွေ့ခြင်း၊
  • ဆီးအရောင်ရင့်ခြင်း သို့မဟုတ် ဆီးအနည်းငယ်သာ သွားခြင်း၊ (တစ်နေ့ တစ်ကြိမ် သို့မဟုတ် ၂ကြိမ်လောက်)
  • အိပ်ငိုက်ခြင်း၊
  • ဝမ်းချုပ်ခြင်း၊
  • အသားအရေ ခြောက်သွေ့ခြင်း၊
  • ခေါင်းကိုက်ခြင်း၊
  • မူးဝေခြင်း၊
  • မိုက်ခနဲ ဖြစ်ခြင်း၊
  • ကြွက်တက်ခြင်း၊ (အထူးသဖြင့် လေ့ကျင့်ခန်း လုပ်စဉ်) စတာတွေဖြစ်ပါတယ်။

ကလေးတွေမှာ ဆိုရင်တော့

  • ၆ နာရီမှ ၈ နာရီကြာသည်အထိ ဆီးလုံးဝ မသွားခြင်း သို့မဟုတ် သေးခံ မစိုခြင်း၊ (ကလေးကြီးများတွင် ၁၂ နာရီကြာသည်အထိ ဆီးမသွားခြင်း)
  • ငိုတဲ့အခါ မျက်ရည်မထွက်ခြင်း
  • မျက်တွင်းချိုင့်ဝင်နေခြင်း
  • ကလေးငယ်လေးများတွင် ငယ်ထိပ် ချိုင့်နေခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း၊ မှိန်းနေခြင်း
  • ကလေးကြီးများတွင် နုံးချိခြင်း သို့မဟုတ် မူးဝေခြင်း စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

၃။ တကယ်လို့ သင်ဟာရေဓာတ် ချို့တဲ့နေပြီ ဆိုရင် ဘာလုပ်သင့်သလဲ။

ရေဓာတ် ပြန်ဖြည့်ရမှာပါ။ အလွယ်ဆုံးနည်းကတော့ ရေတစ်ခွက်ထသောက်လိုက်တာပါပဲ။ ဒါတွေအပြင် ဓာတ်ဆားဖြည့် ဖျော်ရည်တွေ၊ အားကစားလုပ်ရာမှာ သောက်တဲ့ အချိုရည်တွေ သောက်ပေးတာကလည်း ချွေးထွက်ခြင်းမှတစ်ဆင့် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားနဲ့ ရေကို ပြန်ဖြည့်ပေးနိုင်ပါတယ်။

အရွယ်ရောက်ပြီးသား လူတစ်ယောက်က တစ်နေ့ကို ရေ၂လီတာနဲ့ ၃လီတာကြား သောက်ပေးသင့်ပါတယ်။

၄။ ရေဓာတ်ချို့တဲ့ခြင်းအတွက် အရေးပေါ်အခြေအနေတွေက ဘာတွေလဲ။

ရေဓာတ်ဆုံးရှုံးခြင်းက သိပ်ကို ပြင်းထန်လာပြီဆိုရင် ဆေးကုသဖို့ လိုအပ်ပါတယ်။ အရေးပေါ်အခြေအနေလို့ သတ်မှတ်နိုင်တဲ့ ရေဓာတ်ချို့တဲ့ခြင်း လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • အလွန်အမင်း ရေငတ်ခြင်း၊
  • လှုပ်လှုပ်ရှားရှား လုပ်ပေမယ့် ချွေးမထွက်တော့ခြင်း၊
  • မျက်လုံးများ ချိုင့်ဝင်နေခြင်း၊
  • အရေပြားခြောက်သွေ့ရှုံ့တွနေခြင်း၊
  • အသက်ရှူ မြန်ခြင်း၊
  • အဖျားတက်လာခြင်း၊
  • အာခံတွင်းခြောက်သွေ့ခြင်း၊
  • သွေးပေါင်ကျခြင်း၊
  • နှလုံးခုန်မြန်ခြင်း၊
  • သတိလစ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ရေဓာတ်ချို့တဲ့ခြင်း အနည်းငယ်ဆိုရင်တောင်မှ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် စိတ်ခံစားမှု ပြောင်းလဲခြင်း၊ အာရုံစူးစိုက်မရခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ဝမ်းချုပ်ခြင်း စတာတွေကို ဖြစ်နိုင်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေ ဖြစ်လာပြီဆိုရင်တော့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

၅။ သင်ဟာ ရေဓာတ်ချို့တဲ့ခြင်းရဲ့ အန္တရာယ်တွေ မကြုံတွေ့ရအောင် ဘယ်လို ရှောင်ရှားသင့်သလဲ။

  • မနက်တိုင်း နိုးတာနဲ့ ရေတစ်ဖန်ခွက်ကို အရင်ဆုံးသောက်ပါ။
  • အစာမစားခင်တိုင်းမှာ နောက်ထပ် ရေတစ်ဖန်ခွက်ကို သောက်ပါ။
  • အလုပ်မှာရှိတဲ့ သင့်ရဲ့ စားပွဲပေါ်မှာ ရေတစ်ဗူး အမြဲ ရှိပါစေ သို့မဟုတ် သင်ဟာ ကျောင်းသွားမှာဆိုရင် လွယ်အိတ်ထဲမှာ ရေတစ်ဗူးထည့်သွားပါ။ ဒီလိုနည်းနဲ့ ရေမကြာခဏသောက်ဖြစ်ပြီး ရေဓာတ်ဆုံးရှုံးမှာကို ကာကွယ်ပေးပါလိမ့်မယ်။

ရေးသားသူ− Dr Khin Yin Kyay

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://beprepared.com/blog/8724/first-aid-for-dehydration/

ယခုပုံစံ

02/10/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဥပုသ်စောင့်တဲ့အခါ ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာများနဲ့ ဖြေရှင်းနည်းများ

ဆောင်းရာသီမှာ မိသားစုဝင်တိုင်း ကျန်းမာစေဖို့ နည်းလမ်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 02/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement