အကြမ်းအားဖြင့် အမေရိကမှာဖြစ်ပွားတဲ့ အရေးပေါ် ကျန်းမာရေးကိစ္စ ၈၀၀၀၀၀ ခန့်က တိရစ္ဆာန်ကိုက်ခြင်းကြောင့်ဖြစ်ပြီး ဒီထဲကတစ်ဝက်လောက်ကကလေးငယ်လေးတွေပါ။ တောရိုင်း တိရစ္ဆာန်တွေ ကိုက်ခံရတာမျိုးရှိသလို အိမ်မွေးတိရစ္ဆာန်လေးတွေ အဓိကအားဖြင့် ခွေးကိုက်ခံရတာပါ။ ခွေးရောကြောင်ပါ အကြောင်းတော်တော်များများကြောင့် ကိုက်တတ်ကြပါတယ်။ တိရစ္ဆာန်ကို ကလေးရှိတဲ့ ပတ်ဝန်းကျင်အသစ်နဲ့ မိတ်မဆက်ပေးခင် ဒီလိုဖြစ်တတ်တယ်ဆိုတာကို နားလည်ထားဖို့အထူးလိုအပ်ပါမယ်။
၁။ ဘာလို့ အိမ်မွေးတိရစ္ဆာန်တွေ ကိုက်ကြသလဲ
ကလေးငယ်များ အထူးသဖြင့် ငါးနှစ်အောက်ကလေးများသည် တိရစ္ဆာန် သို့မဟုတ် လူအကြောင်း ကောင်းစွာနားမလည်သေးပေ။ ကလေးက အိမ်မွေး တိရစ္ဆာန်အနားကို အရမ်းနီးကပ်အောင်သွားပြီး ခြောက်လန့်သလိုဖြစ်သွားတတ်သည်။ သိပ်အဖြစ်မများတဲ့အကြောင်းအရင်းတွေကြောင့်လည်း အိမ်မွေးတိရစ္ဆာန်တွေက ကိုက်တတ်ကြတယ်။ ဥပမာ ကလေးကပြေးနေတဲ့အခါ ခွေးကသားကောင် အဖြစ်မြင်ပြီး တိုက်ခိုက်နိုင်ပါတယ်။ တိရစ္ဆာန်ကိုက်ခြင်း၊ ခြစ်မိခြင်းတို့က အနာသေးရင် သေးပါလိမ့်မယ်။ ဒါပေမယ့် နောက်ဆက်တွဲပြဿနာကတော့ များပါတယ်။
၂။ တိရစ္ဆာန်ကိုက်ခြင်း လက္ခဏာတွေက ဘာလဲ။
အဖြစ်အများဆုံး ရောဂါပိုးဝင်သည့် လက္ခဏာမှာ နာခြင်း၊ ရောင်ခြင်း၊ နီခြင်း တို့ဖြစ်နိုင်ပါတယ်။
အနာတွင်းသို့ ရောဂါပိုးဝင်သွားမယ်ဆိုရင် ပြည် သို့မဟုတ် အရည်များ အနာမှ စိမ့်ထွက်လာခြင်း၊ နာခြင်း၊ ထိလို့ထိမှန်း မသိတော့ခြင်းတို့ဖြစ်လာနိုင်ပါတယ်။ လက်မှာကိုက်မိမယ်ဆိုရင် လက်ချောင်း (သို့မဟုတ်) လက် သိပ်မလှုပ်နိုင်တော့ခြင်း၊ နီခြင်း၊ အဖျားတက်ခြင်း (၃၈ဒီဂရီဆဲလ်စီးရပ် ၁၀၀ .၄ ဒီဂရီဖာရင်ဟိုက်) ချွေးထွက်ခြင်း၊ ချမ်းတုန်နေခြင်းစသည်တို့ဖြစ်နိုင်ပါတယ်။
၃။ အိမ်မွေးတိရစ္ဆာန် အကိုက်ခံရပါက ဘာလုပ်သင့်သလဲ။
ကုသမှုက အနာဘယ်လောက်ဆိုးသလဲပေါ် မူတည်ပါမယ်။ သိပ်မပြင်းထန်ပါက ရေနှင့် ဆပ်ပြာသုံးပြီးသေချာစွာဆေးပါ။ အညစ်အကြေးပေနိုင်သောနေရာဖြစ်ပါက ကြပ်ထုပ်စည်းပါ။ သို့မဟုတ်ပါက လေသလပ်ခံပါ။
အရေပြားကွဲပြီး သွေးထွက်နေပါက ပြင်းထန်တဲ့ အခြေအနေပါ။ ဂွမ်း (သို့မဟုတ်) သန့်သောအဝတ်နှင့်ပတ်ပြီး အနာကို လက်ချောင်းများဖြင့်ဖိထားပါ။
ဒီလို ဖိထားပေမယ့် သွေးမတိတ်ဘူးဆိုရင် နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသပေးပါ။
သွေးထွက်သွားရင်တောင် ကလေးအနာချုပ်ရန်နှင့် အခြားသောဆေးကုသမှုလို၊ မလိုသိရန်ဆရာဝန်နဲ့ တိုင်ပင်ပါ။
တိရစ္ဆာန်ကိုက်ခံရခြင်းက အခြားသောဒဏ်ရာထက်စာရင် ပိုပြီးပိုးဝင်နိုင်သည်။ ဆရာဝန်မှ ပိုးသတ်ဆေးတစ်ပတ်လောက်ပေးနိုင်ပါတယ်။
ကလေးက ခွေးရူးရောဂါရှိသော ခွေးအကိုက်ခံရသည်ဟုသံသယရှိခြင်း သို့မဟုတ် လည်ပင်း၊ ခေါင်းမှာ အကိုက်ခံရခြင်းရှိပါက နီးစပ်ရာ ဆေးခန်းသို့ ချက်ချင်းသွားရောက်ပြသပေးပါ။ ကလေးလည်ပင်းမှာ ပေါက်ပြဲဒဏ်ရာ၊ အပေါ်ယံအရေပြား ထိခိုက်သွားတာ၊ အနာနက်တာမျိုးတွေဖြစ်မယ်ဆိုရင် နီရဲရောင်ရမ်းပြီးနာလာနိုင်သည်။
၄။ တိရစ္ဆာန်ကိုက်ခြင်းကိုဘယ်လိုကာကွယ်မလဲ။
သင့်ကလေးအား တိရစ္ဆာန်ကိုက်ခြင်းမှ ကာကွယ်နိုင်သော နည်းလမ်းများသင်ပေးပါ။ ခွေး (သို့မဟုတ်) ကြောင်တို့ရဲ့ အစာ၊ ကစားစရာစသည်တို့ကို လုယူပြီးမစရန် ကလေးတွေကိုသင်ပေးထားပါ။ အော်ခြင်း၊ ပြေးခြင်း၊ ရိုက်ခြင်းစသည့် ရုတ်တရက် လှုပ်ရှားမှုတွေ မလုပ်မိဖို့ သင်ထားပေးပါ။ ခွေး အစာစားနေချိန်၊ အိပ်နေချိန် သွားမစရန်သင်ပေးပါ။ ကလေးငယ်ငယ်လေးတွေကို ခွေးထိန်းခိုင်းတာ၊ အစာကျွေးတာ၊ ရေချိုးတာမျိုးတွေ မခိုင်းပါနဲ့။ ကလေးက ဆန္ဒရှိရင်တောင် ပေးမလုပ်ပါနဲ့။ ကလေးနှင့် ခွေးအတူရှိပါက သေချာစွာစောင့်ကြည့်ပါ။ ခွေးပိုင်ရှင်ရှိပါက ခွင့်ပြုချက်တောင်းပါ။ ခွေးကိုမြင်ဖူးထားခြင်း သို့မဟုတ် ခွေးကရင်းနှီးသောပုံပေါက်ရင်တောင်မှ လက်လွတ်စပယ် ပေးကိုင်တာမျိုး မလုပ်ပါနဲ့။
သင့်ကလေးအား အိမ်မွေးတိရစ္ဆာန်နှင့် ထိခိုက်မှုမရှိဘဲ နေထိုင်ဆက်ဆံနည်းကိုသင်ပေးလိုပါက လွယ်ကူပါတယ်။ အကိုက်မခံရတဲ့နည်းသာမက ဘယ်လိုဆက်ဆံရတယ်၊ တိရစ္ဆာန်က မိသားစုရဲ့ ဘယ်လိုနေရာမှာရှိတယ်ဆိုတဲ့ အချက်တွေကိုပါ သင်ပေးပါ။ သင်တွင် ကလေးငယ်ငယ်လေးရှိမယ်ဆိုရင် ကလေးငယ်က ခွေး၊ ကြောင် နှင့်အခြားသတ္တဝါဘေးနားတွင်ရှိချိန်အမြဲစောင့်ကြည့်ပါ။
[embed-health-tool-bmi]