လေထိုးလေအောင့် ဖြစ်စေတာ ဒီအမူအကျင့်တွေကြောင့်နော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဗိုက်ပွတယ်၊ လေထိုးလေအောင့်ဖြစ်တယ် ဆိုတာ ရုတ်တရက်ခံစားရတတ်တဲ့ဝေဒနာဖြစ်ပြီး အတော်ခံရခက်ပါတယ်။ အစာစားပြီးခါစမှာလည်းဖြစ်တတ်တယ်၊ အဆာလွန်ရင်လည်း လေအောင့်တတ်တယ်။ အကြောင်းရင်းကျတော့ အဲဒါ အအေးစာတွေစားလို့ဖြစ်တာ၊ ဘာလို့၊ ညာလို့ ဆိုပြီး ပြောတတ်ကြသေးတယ်။

လေထိုးလေအောင့်ဖြစ်စေနိုင်တဲ့ အမူအကျင့်တွေက ဘာတွေလဲဆိုတာရော သိထားကြပြီလား။ တချို့ဟာတွေက သတိမထားမိလောက်ပေမယ့် နေ့စဉ်ဘဝမှာ အများဆုံးလုပ်မိလေ့ရှိတဲ့ အရာတွေနော်။

(၁) အစားကိုအမြန်စားမိတာ

သူငယ်ချင်းတွေနဲ့ ဆိုင်မှာသွားစားတယ်၊ မောင်နှမတွေ အိမ်မှာအတူစားသောက်ကြတယ်ထား။ စကားပြောရင်း၊ လုစားကြရင်း အမြန်စားမိကြမှာပဲ။ တစ်ခါတလေ သိပ်ဆာနေတဲ့အချိန် ဒရောသောပါး စားမိတတ်ကြပါတယ်။ အရသာတောင်သိပ်မခံလိုက်မိတာမျိုး။ အဲဒီအချိန်မှာ လေတွေပါမျိုချမိနိုင်တာကြောင့် ဗိုက်ထဲလေပွတာ၊ လေထိုးတာ တွေဖြစ်နိုင်တယ်နော်။

(၂) အချိုရည်ကို ပိုက်နဲ့သောက်တာ

အချိုရည်သောက်ပြီဆို ဘူးမှာဖြစ်ဖြစ်၊ အအေးခွက်မှာဖြစ်ဖြစ် ပိုက်ကလေးနဲ့သောက်ကြရတာပဲ။ တော်တန်ရုံက ဘာမှသိပ်မဖြစ်ပေမယ့် သောက်တာများရင်တော့ သောက်လိုက်တိုင်း ဝင်သွားတဲ့လေတွေစုပြီး လေပွစေမှာပေါ့။ လေတက်ရင်၊ လေလည်ရင်တော့ ဝေဒနာသက်သာတာပေါ့။

(၃) ရေသိပ်မသောက်တာ

ရေဓါတ်အလုံအလောက်မဖြည့်ပေးရင် လေတွေထကြွစေပါတယ်တဲ့။ ကိုယ်က လေနာဝေဒနာဖြစ်တတ်တယ်ဆိုရင် ပိုသတိထားရမှာပေါ့။ ရေသောက်ခြင်းရဲ့အကျိုးကျေးဇူးတွေထဲမှာ အစာချေဖျက်ခြင်းကို ပိုကောင်းစေတဲ့အချက် ပါဝင်ပါတယ်။

(၄) ပီကေ အမြဲဝါးနေတာ

ပီကေဝါးတဲ့အခါ ပါးစပ်ကို ဟမိတဲ့အချိန်တိုင်း လေတွေပိုဝင်တာပေါ့။ ပီကေအများစုမှာပါတဲ့ sugar alcohols တွေကလည်း အစာခြေစနစ်ကိုဒုက္ခပေးနိုင်ပါတယ်။ sugar alcohols တွေက လေပွခြင်းအပြင် ဝမ်းပျက်ခြင်းအထိဖြစ်စေတတ်လို့ ပီကေတွေအများကြီးမစားနဲ့နော်။

(၅) စိတ်ဖိစီးမှုများနေတာ

စိတ်ဖိစီးမှုကြောင့် အက်စစ်ပိုထွက်ပြီး လေပွခြင်းကိုဖြစ်စေနိုင်တယ်။ စိတ်အရမ်းညစ်လာ၊ ဒေါသထွက်လာတာမျိုးဆိုရင် ဗိုက်ထဲပူလောင်လာသလိုလို၊ လေထိုးလေအောင့်လာသလိုတွေဖြစ်လာတာ ကြုံဖူးကြမှာပါ။ စိတ်ဖိစီးမှုက အစာခြေစနစ်ရဲ့လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ဖြေလျှော့ဖို့ တတ်နိုင်သလောက်ကြိုးစားပါ။

(၆) ထမင်း/အစားစားပြီး တန်းအိပ်တာ

အိမ်ကိုနောက်ကျမှပြန်ရောက်တယ်၊ ညစာစားတယ်၊ ရေချိုးပြီးအိပ်လိုက်တယ်။ ဒါဆို အစာအိမ်မှာ ပြဿနာတက်ပါပြီ။ စားပြီးအိပ်လိုက်တာက အစာကိုချေဖျက်ဖို့မလွယ်တော့ဘဲ လေထိုးလေအောင့်တွေဖြစ်လာပါလိမ့်မယ်။ အိပ်ချင်နေလည်း အစားစားပြီး အနည်းဆုံး သုံးနာရီတော့စောင့်ပေးပါ။

(၇) အချိုစားများတာ

အချိုသိပ်များတဲ့အစားအသောက်တွေက လေပွခြင်းကိုဖြစ်စေပါတယ်။ ချက်ချင်းမဖြစ်လည်း လေထိုးလေအောင့်ဖြစ်စေတဲ့အကြောင်းရင်းထဲမှာ ပါဝင်တာကြောင့် အချိုသိပ်မစားပါနဲ့နော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လေချဉ်တက် တဲ့ ပြဿနာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရအောင်

လေချဉ်တက် လေတက် လေပွ အစားအသောက် အနေအထိုင် အကြောင်းရင်း ဖြေရှင်းနည်း လေထိုးလေအောင့် အစာအိမ်အူလမ်းကြောင်း အစာခြေစနစ် အူလမ်းကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သားသားမီးမီးတွေရဲ့ ဝမ်းဗိုက်ကလေး ကျန်းမာနေစေဖို့ အရေးပါလှတဲ့ Probiotics

သားသားမီးမီးတွေရဲ့ အစာခြေစနစ် အစာအိမ်ပြဿနာ အစာအိမ်နဲ့အူလမ်းကြောင်း အစာအိမ် သားသားမီးမီးတွေ ဘက်တီးရီးယား အဝလွန် ကိုယ်အလေးချိန် Probiotics

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်စားလို့ရလား…….

ကိုယ်ဝန်ဆောင်ချိန်မှာ လေဒီဗိုက် ဒိန်ချဉ် ပရိုတင်း အစာကြေ ခန္ဓာကိုယ်အပူချိန် ငရုတ်သီး အစာခြေအက်ဆစ် လေဒီလေး ကယ်လ်ဆီယမ် ဗီတာမင်D သန္ဓေသား နှလုံး ပရိုတင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကြက်ဟင်းခါးရွက် ရဲ့ဆေးဖက်ဝင်ပုံက

ကြက်ဟင်းခါးရွက် ဗီတာမင်K ဗီတာမင် ကြက်ဟင်းခါးသီး အခါးဓာတ် အပွင့် ခါးသက်သက် ဆီးချို နှလုံး ကိုယ်ဝန်ဆောင် ကျန်းမာရေး ဆေးဖက်ဝင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ

ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 18, 2020 . 2 mins read
အူအတက်‌ရောင်ခြင်းကို သိနိုင်မယ့် လက္ခဏာ ၇ ချက်

အူအတက်‌ရောင်ခြင်းကို သိနိုင်မယ့် လက္ခဏာ ၇ ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 4, 2020 . 2 mins read
အမျှင်ဓာတ်အကြောင်း သိသင့်သမျှ

အမျှင်ဓာတ်အကြောင်း သိသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် မေ 26, 2020 . 2 mins read
ကော်ဖီကြောင့် အစာအိမ်အောင့်နိုင်သလား

ကော်ဖီကြောင့် အစာအိမ်အောင့်နိုင်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 24, 2020 . 2 mins read