အသည်း ရောဂါ ရှိရင် မဖြစ်မ‌နေ ရှောင်သင့်တဲ့ (၅) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အသည်း ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိသလို အသည်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကလည်း အမျိုးကို စုံလို့ပါပဲ။ အသည်း နဲ့ ပတ်သက်ပြီး မကျန်းမာတဲ့သူတွေ အနေနဲ့ ရှောင်ရမယ့် အရာက အရက်တစ်မျိုးတည်း မဟုတ်ပါဘူးနော်။

မဖြစ်မနေ ရှောင်သင့်တဲ့ အရာလေး (၅) ခုအကြောင်း Hello ဆရာဝန် ပရိသတ်တွေကို ဒီဆောင်းပါးလေးနဲ့ သတိပေးလိုက်ပါတယ်။

(၁) ဆေးလိပ်သောက်တာ

အသည်းရောင် စီ ပိုး ရှိသူ တွေမှာ ဆေးလိပ်သောက်တဲ့ အလေ့အကျင့်က အသည်းကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ အဆုတ်ကိုလည်း ထိခိုက်စေပါတယ်။ အသည်းအစားထိုးကုသနိုင်ဖို့လည်း အောင်မြင်ဖို့ အခွင့်အလမ်းနည်းစေပါတယ်နော်။ အဲဒီကနေ အသည်းခြောက်ခြင်း၊ နောက်ဆုံး အသည်း အလုပ်မလုပ်ခြင်းတို့အထိ ဖြစ်လာနိုင်ပါတယ်။ ဆေးလိပ်  ဖြတ်ဖို့ ဆိုတာ မလွယ်ကူတဲ့ ကိစ္စ ဖြစ်ပေမယ့် ဆရာဝန်၊ မိသားစုနဲ့ ကိုယ်ချစ်ရတဲ့သူတွေရဲ့  အကူအညီနဲ့ ကြိုးစားပြီးတော့ ဖြတ်သင့်ပါတယ်။

(၂) အရက်သောက်တာ

ဒါကတော့ လူတိုင်းလိုလို သိထားပြီးသား ဖြစ်မှာပါ။ အရက်သောက်ရင် အသည်းထိတာ သိကြမှာပေါ့။ ကျန်းမာနေသူ တွေတောင် အရက်ကို စွဲမသောက်သင့်တာ။ အသည်းရောဂါ ရှိသူ သောက်ရင် ကိုယ့်ကိုယ်ကို လုပ်ကြံနေသလို ဖြစ်နေမှာ သေချာပါတယ်။ အသည်းရောဂါရှိသူတွေမှာ အရက် အပါအဝင် အခြားသော အဆိပ်အတောက် တွေကို အသည်းက ကောင်းကောင်း မသန့်စင်နိုင်ပါ။ ဒါ့ကြောင့် အရက်ကြောင့် အသည်းခြောက်ခြင်း နှင့် အသည်းကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

(၃) ဆေးသုံးတာ

မူးယစ်ဆေး၊ စိတ်ကြွဆေး၊ အပန်းဖြေဆေး တွေ သုံးတာကို ဆိုလိုပါတယ်။ ဒီဆေးတွေကို ရှုခြင်း၊ထိုးခြင်း၊ ဆေးလိပ်ထဲ ထည့်သောက်ခြင်းတို့ကြောင့် AIDS ရောဂါလို တခြား ကူးစက်ရောဂါများ ဝင်လာနိုင်ခြေများပါတယ်။ ဒါ့အပြင် လက်ရှိအသည်းရောဂါအပြင် အခြားသော အသည်းရောင် ဘီပိုး၊ စီပိုးတွေပါ ကူးစက်ဝင်ရောက်လာနိုင်ပါသေးတယ်။ အဲဒီအခါကျ ရောဂါကို ကုသဖို့ ပိုခက်ခဲသွားနိုင်ပါတယ်။

(၄) စိတ်ဖိစီးမှု များတာ

အသည်းရောဂါရှိရင်  စိတ်ဖိစီးမှုများကို လျော့နည်းအောင် နေထိုင်ပါ။ စိတ်ဖိစီးမှုများရင် လူကို ပိုပင်ပန်းစေပြီး မကောင်းတဲ့ အတွေးတွေ ဝင်လာစေပါတယ်။

ဒါ့ကြောင့် စိတ်ဖိစီးမှုတွေ ကြုံလာရင် ကိုယ်နှစ်သက်တဲ့ အရာတွေကို ချစ်ခင်ရသူ၊ အပေါင်းအသင်းတွေနဲ့ အတူတူလုပ်ပြီး ဖြေဖျောက်လိုက်ပါ။ ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ယုံကြည်ရသူ တစ်ယောက်ယောက်ဆီမှာ ပြောပြခြင်း၊ ကိုယ့်ရဲ့ ဆရာဝန် သို့မဟုတ် အကူအညီပေးတဲ့ လူမှုအဖွဲ့အစည်းတွေ ဆီ ဆက်သွယ် တိုင်ပင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

(၅) အထိုင်များတာ

 ကိုယ်တိုင်က ပျင်းရိ ထိုင်းမှိုင်းနေမယ် ဆိုရင်  ကိုယ်ခန္ဓာ ကလည်း ကျန်းမာတော့မှာ မဟုတ်ပါ။ အဲဒီအခါ စိတ်ဖိစီးမှု ဖြစ်လာခြင်း၊ ပင်ပန်းခြင်း၊ စိတ်ဓါတ်ကျခြင်း တို့ပါ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အိမ်အလုပ် လုပ်ခြင်း လိုမျိုး တက်ကြွလှုပ်ရှားမှုများ ပြုလုပ်ရင်း တက်ကြွအောင် နေထိုင်ပါ။ ဘယ်အလုပ်ကို မဆို ဖြေးဖြေးနဲ့ မှန်မှန် နေ့စဉ်လှုပ်ရှားမှု တစ်ခုအနေနဲ့ လုပ်သွားပါ။

တကယ်တော့ ကိုယ့်မှာ အသည်းရောဂါ ရှိနေရင်လည်း ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာမယ်ဆိုရင် ကျန်းမာစွာ နေထိုင်သွားနိုင်ပါတယ် ဆိုတာလေး မမေ့ပါနဲ့နော်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းပင်က အရွက်ကစလို့ အစေ့၊ ပင်စည်၊ အသီး၊ အမြစ် အားလုံးက အသုံးဝင်ပါတယ်။ ဒါဆို မန်ကျည်းပင်စည်က အခေါက်ထူထူလေးတွေက ဘယ်လို ဆေးဖက်ဝင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဟင်းချက်တဲ့အခါ အရောင်လှပြီး ခံတွင်းတွေ့စေဖို့ ထည့်သုံးကြတဲ့ ငရုတ်သီးမှုန့်ကို ဘယ်လို သိမ်းလေ့ရှိလဲ…………

ငရုတ်သီးမှုန့်က အခြောက်အခြမ်းပဲ ပျက်စီးမှာ မဟုတ်သလို ပုပ်သိုးဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ယူဆကောင်း ယူဆနိုင်ပေမယ့် ငရုတ်သီးမှုန့်က ပျက်စီးနိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသားအရေကို ဂရုစိုက်ပါ။

အရေပြားက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာတင် သက်ရောက်နေတာ မဟုတ်ပါဘူး။ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေတာပါ။  အရေပြားကို စောင့်ရှောက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်တွင်းခရီးစွန့်စားခန်း

ရောဂါပိုးမွှားတွေကို ကာကွယ်ဖို့၊ ကိုယ်ခံအားတက်စေဖို့ ..ကိုယ်တွင်းအင်္ဂါတွေက လုပ်ပေးတာတွေလည်းအများကြီး။ကျန်းမာနေမှုအတွက် ကျေးဇူးတင်ထိုက်သူတွေပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Phyo Wai Lynn

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 1 min read
စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 22, 2020 . 2 mins read