လည်ချောင်းနာခြင်းကို သက်သာစေသော နည်းလမ်း ၅မျိုး

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

လူများသည် မကြာခဏ လည်ချောင်းနာ တတ်ကြသည်။ ၎င်းသည် လည်ချောင်းတွင် နာကျင်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်းကို ဖြစ်စေသည်။ ဤဆောင်းပါးတွင် လည်ချောင်းနာခြင်းကို ဘယ်လို ကျော်လွှားမလဲကို ဖော်ပြ ထားပါသည်။

ဘာတွေက လည်ချောင်းနာခြင်းကို ဖြစ်စေသလဲ။

လည်ချောင်းနာခြင်းသည် ပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ ခြောက်သွေ့သောလေ၊ ဓါတ်မတည့်မှုများ သို့မဟုတ် တုပ်ကွေး၊ အအေးမိခြင်း၊ ရေကျောက်၊ ဝက်သက် စသော ရောဂါများကြောင့် ဖြစ်နိုင်သည်။

လည်ချောင်းနာခြင်းသည် ဆိုးရွားပါက ဆရာဝန်အကူ အညီလိုအပ်ပြီး မဆိုးရွားပါက အောက်ဖော်ပြပါ အိမ်သုံးကုထုံး များဖြင့် ကုသနိုင်သည်။

လည်ချောင်းနာခြင်းကို သက်သာစေသော အိမ်သုံးကုထုံးများ

  • နွယ်ချို အမြစ်

နွယ်ချို အမြစ်များကို ရေနှင့် ရောဖျောပါက အကျိုး ထိရောက်သော အာလုပ်ကျင်းဆေးရည်ကို ရရှိသည်။ ဤ ဆေးဖက်ဝင်သည် လည်ချောင်းနာခြင်းနှင့် ခွဲစိတ်ပြီးနောက် ချောင်းဆိုးခြင်းကို သက်သာစေနိုင်သည်။

  • ပျားရည်

ပျားရည်ကို အနာပျောက်စေသော အရာအဖြစ် သိကြ သည်။ ပျားရည်သည် လည်ချောင်းနာခြင်းကို လျင်မြန်စွာ ပျောက်ကင်းစေနိုင်သည်။ ပျားရည်ကို လက်ဖက်ရည်ဖြင့် ရော၍ဖြစ်စေ၊ တစ်မျိုးတည်း ဖြစ်စေ သုံးနိုင်သည်။ လည်ချောင်းနာခြင်းကို သက်သာစေသည့်အပြင် ညဘက် ချောင်းဆိုးခြင်းကိုလည်း သက်သာစေသည်။

  • ဆားရည်

ဆားရည်ဖြင့် အာလုပ်ကျင်းပါက လည်ချောင်းနာခြင်း ပျောက်ကင်းနိုင်သည်။ ဆားကို ရေနွေးဖြင့် ဖျော်ပါ။ ဆားရည်သည် လည်ချောင်းနာခြင်းကို သက်သာစေသည်။ စိမ့်ရည် ထွက်ခြင်း ကို နည်းစေသည်။ လည်ချောင်းတွင်းရှိ ဘတ်တီးရီးယားများကို သတ်ပေးသည်။ လည်ချောင်း သန့်ရှင်းပြီး အနာသက်သာစေရန် ၃နာရီတစ်ခါ ဆားရည်ဖြင့် အာလုပ်ကျင်းပေးပါ။

  • ပူရှိန်းသကြားလုံး

ပူရှိန်းသကြားလုံးသည် ခံတွင်းရနံ့ ကောင်းစေသည့်အပြင် လည်ချောင်းနာခြင်းကိုလည်း သက်သာစေနိုင်သည်။ ထို့အပြင် ပူရှိန်းသကြားလုံးတွင် ပါဝင်သော methol သည် အချွဲအကျိ များထွက်ခြင်းကို နည်းစေပြီး ချောင်းဆိုးသက်သာစေသည်။ ပူရှိန်းသကြားလုံးသည် အရောင်ကျသော၊ ဗိုင်းရပ်စ်နှင့် ဘတ်တီးရီးယားများ သေစေသော စွမ်းရည်လည်းရှိသည်။ ထိုစွမ်းရည်များသည် အနာသက်သာစေရန် ကူညီပေးသည်။

  • ကမ်မိုမိုင် လက်ဖက်ရည်

ကမ်မိုမိုင် လက်ဖက်ရည်ကို လည်ချောင်းနာခြင်း သက်သာ စေသော ဆေးအဖြစ် သုံးစွဲကြသည်။ ၎င်းသည် လည်ချောင်းနာခြင်းကို ကုသရာတွင်သုံးသော ရှေးအကျဆုံး ဆေးဖက်ဝင် တစ်မျိုး ဖြစ်သည်။ ထို့အပြင် ကမ်မိုမိုင် လက်ဖက်ရည်သည် ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး လည်ချောင်းနာခြင်းကို ဖြစ်စေသော အရာများကို ပိုပြီး ခုခံနိုင် စေသည်။

မွေးကင်းစကလေးငယ်များ၊ ကလေးများအတွက် ကုထုံးများ

  • သူတို့အခန်းကို ရေခိုးရေငွေ့ထုတ်စက် တပ်ပေးခြင်း ဖြင့် ပိုပြီးစိုထိုင်းအောင်လုပ်ပါ။ ၎င်းကို အနာ သက်သာစေနိုင်သည်။
  • မွေးကင်းစကလေးများနှင့် အသက် ၁နှစ်အောက် ကလေးများကို ပျားရည် မတိုက်ပါနှင့်။
  • ကလေးများကို ရေများများသောက်ရန် တိုက်တွန်း ခြင်းဖြင့် ရေဓါတ်ပြည့်ဝအောင် ထားပါ။ citrus (ရှောက်သီးအမျိုးအစားများ) များစွာပါသော ဖျော်ရည် များ မတိုက်ပါနှင့်။

လည်ချောင်းနာခြင်းကို ဘယ်လိုကာကွယ်မလဲ။

  • အအေးမိခြင်း၊ တုပ်ကွေး၊ ရေကျောက် စသော ကူးစက်ရောဂါရှိသူများနှင့် ဝေးဝေးနေပါ။
  • လက်ကို ပုံမှန်ဆေးပါ။
  • ရောင်ရမ်းခြင်းမဖြစ်အောင် စပ်သော အစာများ ရှောင်ပါ။ ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။
  • အမြဲတမ်း ရေဓါတ်ပြည့်ဝအောင်နေပါ။

လည်ချောင်းနာခြင်းသည် ရက်အတန်ကြာ အိမ်သုံးကုသမှု ဖြင့် သက်သာမလာပါက သင့်တော်သော ဆေးပညာ အကူအညီရယူပါ။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Share now :

တည်းဖြတ်သည့်နေ့ မေ 27, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဒီဇင်ဘာ 2, 2019