တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် အကျိုးပြုရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် အကျိုးပြုရဲ့လား

ခန္ဓါကိုယ် တကိုယ်လုံး အနှိပ်ခံတာကို ကြိုက်တဲ့သူဆိုရှိသလို မကြိုက်တဲ့သူလည်း ရှိပါတယ်။ တစ်နေ့တာညောင်းညာမောပန်းသမျှကိုပြေလျှော့ဖို့တော်တော်များများကတော့ အနှိပ်ခံကြပါတယ်။ အိမ်မှာရှိတဲ့သူတွေကို နှိပ်ခိုင်းတာပဲဖြစ်ဖြစ် spa မှာ နှိပ်တာပဲဖြစ်ဖြစ် ကျန်းမာရေးကို အကျိုးပြုပါတယ်။ အကြော၊ အရိုးတွေ မထိခိုက်အောင်တော့ နှိပ်နယ်ပေးဖို့ လိုပါတယ်နော်။ ခန္ဓါကိုယ်တကိုယ်လုံး အနှိပ်ခံတာက အညောင်းညာပြေဖို့တင် မဟုတ်ဘဲ တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်းပေးစွမ်းနိုင်ပါသေးတယ်။ ဘာတွေလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

(၁) ခန္ဓါကိုယ် တကိုယ်လုံး စနစ်တကျ နှိပ်နယ်ခြင်းက ကြွက်သားတစ်ရှူးတွေ ပျက်စီးခြင်းကြောင့်ဖြစ်တဲ့ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ကြွက်သားတွေကောင်းမွန်စေဖို့အောက်ဆီဂျင်နဲ့ တခြားအာဟာရတွေ တိုးပွားစေဖို့သွေးလည်ပတ်မှုကောင်းအောင်လည်း အထောက်အကူပြုပါသေးတယ်။

(၂) နှိပ်နယ်ခြင်းဟာ ခန္ဓါကိုယ်ထဲကိုရောဂါတွေ ဝင်မလာနိုင်အောင် ခုခံတားဆီးပေးထားနိုင်တဲ့သွေးဖြူဥဆဲလ်တစ်မျိုးဖြစ်တဲ့ lymphocytes တုန့်ပြန်မှုကို တိုးတက်စေပါတယ်။

(၃)မောပန်းနွမ်းနယ်ခြင်းတွေကိုပြေပျောက်စေပြီး ခန္ဓါကိုယ် စွမ်းအင်တိုးတက်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာကိုလည်း နိုးကြားတက်ကြွစေပါတယ်။ နှိပ်နေရင်း အိပ်ပျော်သွားတယ်ဆိုရင်တောင် နိုးလာတဲ့အခါမှာ အားပြည့်လာတာကိုတွေ့ရှိမှာပါ။

(၄) နှိပ်နယ်ခြင်းဟာ cortisolဖြစ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း ပမာဏကိုလျှော့ချခြင်းဖြင့် စိုးရိမ်စိတ်ပူခြင်းကိုလျော့ကျစေပါတယ်။နောက်ထပ် အကျိုးပြုတဲ့ အချက်ကတော့ ခန္ဓါကိုယ်ထဲမှာပျော်ရွှင်ခြင်းကိုဖြစ်စေတဲ့serotonin ပမာဏကို တိုးစေပါတယ်။သွေးဖိအားကျဆင်းခြင်းပေါ်မှာလည်းကောင်းကျိုးသက်ရောက်စေပါသေးတယ်။

(၅)ချွေးထွက်ခြင်းဟာ အရေပြားပေါ်မှာရှိတဲ့ အဆိပ်အတောက်တွေ ဖယ်ရှားဖို့အတွက် လိုအပ်တဲ့ အရာပါပဲ။ spaတွေမှာချွေးထွက်အောင်ချွေးထုတ်ခြင်းဟာ ခန္ဓါကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေ ဖယ်ရှားနိုင်အောင်ပါပဲ။ နှိပ်နယ်ခြင်းဟာချွေးထွက်စေတာမို့ အဆိပ်အတောက်တွေကိုပြေလျော့စေပါတယ်။

(၆) နှိပ်နယ်ခြင်းဟာ အလှအပအတွက်ပါ အကျိုးပြုပါတယ်။ခေါင်းအစခြေအဆုံး နှိပ်နယ်ပေးခြင်းက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီးချွေးပေါက်တွေကို ပွင့်စေတဲ့အပြင် ဆဲလ်အသစ်ဖြစ်ပေါ်ဖို့ကို အားပေးပါတယ်။ ဒီလိုလေး ပုံမှန်သာ နှိပ်ပေးမယ်ဆိုရင် အသားအရေ ကြည်လင်တောက်ပမှာသေချာပါတယ်။

(၇) နှိပ်နယ်ခြင်းဟာ အရေပြားလျှော့ရဲခြင်းတွေ မဖြစ်စေဖို့ တားဆီပေးပြီး ရုပ်ဆိုးစေတဲ့ အဆီခဲတွေကိုလျှော့ချပေးပါတယ်။ ဒါဟာ ကိုယ့်ရဲ့ အသားအရေကောင်းမွန်လာစေတဲ့ အချက်တစ်ချက်ပါပဲ။ အရေပြား တင်းတင်းရင်းရင်းဖြစ်စေမှာမို့ ငယ်ရွယ်နုပျိုနေမှာ အသေအချာပဲနော်။

(၈)တော်တော်များများကတော့ ဇက်ကြောနဲ့ကျောဘက်ညောင်းညာတာကြောင့် နှိပ်ကြတာပါ။Annals of Internal Medicine အရ နှိပ်နယ်ခြင်းဟာကျောဘက်ညောင်းညာတာတွေကိုဖြေစေတဲ့အပြင် အာရုံကြောကိုပါကောင်းစေတယ် ဆိုထားပါတယ်။

နှိပ်နယ်ခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို သိရပြီဆိုတော့ ကျန်းမာရေးကောင်းမွန်စေဖို့ အညောင်းပြေအညာပြေ နှိပ်နယ်တာတွေ လုပ်လို့ ရပြီနော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဗီတာမင် D လွန်ကဲရင် အန္တရာယ်ရှိပါတယ်

ဗီတာမင် D ဗီတာမင် သတ္တုဓာတ် အာဟာရဓာတ် အားဆေး D3 D2 ဖြည့်စွက်အာဟာရ အဆိပ်သင့်ခြင်း လွန်ကဲခြင်း အစားအသောက် နေရောင်ခြည် ဆိုးကျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အစားအသောက် တစ်ခုခုကို တအားတောင့်တမိနေတာ အာဟာရဓာတ် ချို့တဲ့နေလို့များလား

အစားအသောက် တောင့်တမှု အာသီသ ချဉ်ခြင်းတပ် စားချင်စိတ် အာဟာရ အာဟာရဓာတ် ချို့တဲ့မှု ခန္ဓာကိုယ် လိုအပ်ချက် အကြောင်းရင်း စိတ်ပိုင်းဆိုင်ရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်ပါ့မလား…….

ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်ပါ့မလား ကျောက်ကပ် အစားထိုး ကုသမှု ကိုယ်ဝန်ဆောင် ရင်သွေး လေဒီလေး ကလေးရနိုင်ခြေ အိုဂျီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အစာအိမ်အနာဖြစ်သူများအတွက် စားသောက်မှုပုံစံ

အစာအိမ်အောင့်ခြင်း အစာအိမ် အစားအသောက် အစာအိမ်အနာ ဘက်တီးရီးယား ပဋိဇီဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ Probiotics ချောကလက် အစာအိမ်ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

အစားအသောက်ပေါ်နားရင်း ယင်ကောင် တွေ လုပ်လေ့ရှိတဲ့ အရာများ

အစားအသောက်ပေါ်နားရင်း ယင်ကောင် တွေ လုပ်လေ့ရှိတဲ့ အရာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 13, 2020 . 2 mins read

ကျန်းမာရေးထိခိုက်စေနိုင်တဲ့ စမတ်ဖုန်းကို ကျန်းမာရေးအတွက် အသုံးချကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 9, 2020 . 3 mins read
ဘော်ဒီ တက်လာအောင် ဘာတွေ စားရမလဲ

ဘော်ဒီ တက်လာအောင် ဘာတွေ စားရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 3 mins read

ခွေးလေးတွေရဲ့ အစာကို လူတွေစားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 3 mins read