လွန်ခဲ့သော ၆ လအတွင်းက ဆေးမင်ကြောင် ထိုးခြင်း၊ နားဖောက်ခဲ့ခြင်း၊ ဆေးအပ်စိုက်ခဲ့ခြင်းတို့ မရှိသူ ဖြစ်ရပါမယ်။
ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ခြင်း၊ လတ်တလော ဓမ္မတာလာခြင်းတို့ မရှိသူဖြစ်ရပါမယ်။
သွေးမှတဆင့် ကူးစက်တတ်သော ရောဂါတွေ (အထူးသဖြင့် အသည်းရောင်အသားဝါ ဘီ/စီ၊အိတ်ခ်ျအိုင်ဗွီရောဂါပိုး ကင်းရှင်းသူတွေ ဖြစ်ရပါမယ်)
ဒီအချက်တွေနဲ့ ကိုက်ညီပြီဆိုရင်တော့ လူမျိုးဘာသာ၊အယုတ်အလတ် အမြတ်မရွေး သွေးလှူဒါနကို ကြည်နူးစွာ ပြုနိုင်ပြီပဲ ဖြစ်ပါတယ်။
သွေးလှူရင် ကျန်းမာရေးထိခိုက်သလား။ သွေးတွေ အများကြီး ဖောက်ထုတ်မှာလား
အပေါ်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီမှုရှိမရှိအပြင် သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေဟာ သွေးလှူနိုင်လောက်တဲ့ အနေအထားရှိရဲ့လားဆိုတာကိုလည်း ဆရာဝန်တွေက (သွေးမလှူခင်မှာ) အသေအချာ စစ်ဆေးပေးဦးမှာဖြစ်တဲ့အတွက် ဘာမှ စိုးရိမ်စရာမလိုပါဘူး။ သွေးမလှူသင့်တဲ့ အခြေအနေမျိုးဆိုရင် ဆရာဝန်က သင့်ကို အိမ်ပြန်အားမွေးပြီး နောက်တခါမှ ထပ်လာဖို့ အကြံပြုမှာပါ။ ဒါကြောင့် သွေးလှူခြင်းဟာ ကျန်းမာရေးကို ထိခိုက်စရာအကြောင်း လုံးဝမရှိပါဘူး။ နောက်တချက်က သွေးလှူတဲ့အခါ သင့်ခန္ဓါကိုယ်ထဲက သွေးတယူနစ်သာ ထုတ်ယူမှာဖြစ်ပါတယ်။ သွေးတယူနစ်ဟာ ၅၂၅ စီစီ (တပိုင့်)ပမာဏသာရှိတဲ့အတွက် သင့်ခန္ဓါကိုယ်တခုလုံးက သွေးပမာဏရဲ့ ဆယ်ပုံတပုံသာသာပဲ ရှိပါတယ်။ ဒါကြောင့် စိတ်ချလက်ချလှူဒါန်းနိုင်ပါတယ်။ သွေးလှူပြီးတဲ့အခါ ခဏနားနေပြီးမှ သင့်ကို အိမ်ပြန်ခွင့်ပြုမှာ ဖြစ်တဲ့အပြင် အားဖြစ်စေဖို့ ကြက်ဥတွေ၊မုန့်တွေ၊အာဟာရတွေကိုလည်း ကျွေးမွေးပြုစုဦးမှာပါ။ ကုသိုလ်လည်းရ၊ဝမ်းလည်းဝဆိုတာ ဒါမှ အစစ်ပေါ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။