ပိန်ချင်လို့။ ကယ်လိုရီလျှော့ရမှာ မို့လို့ဆိုပြီး မနက်စာ အငတ်ခံလိုက်မယ်ဆိုရင် ကိုယ်ခန္ဓာက ပိုဆာလောင်နေတတ်ပြီး နေ့လည်စာနဲ့ ညစာကို ပိုစားမိသွားတတ်ပါတယ်။ နောက်ပြီး ညစာစားပြီးနောက်ပိုင်းနဲ့ မနက်စာစားရမယ့် ကြားအချိန်ဟာ ၁၂ နာရီလောက်ပဲ ခြားသင့်တာပါ။ ဥပမာ ညစာကို ၈နာရီနောက်ပိုင်း ဘာမှမစားတော့ဘူး။ မနက်စာလည်း အလွတ်ခံပြီး နေ့လယ် ၁၂ လောက်မှ အစားပြန်စားရင် ဗိုက်ထဲ အစားမရှိတဲ့အချိန်ဟာ ၁၆ နာရီလောက်ဖြစ်သွားတဲ့အတွက် အစာအိမ်ရောဂါ ဖြစ်ဖို့ အလားအလာ အရမ်းများသွားပါပြီ။ ဒီတော့ ဝိတ်က မကျသေးဘူး အစာအိမ်ကပါထပ်ဖြစ်တော့ လမ်းတစ်ဝက်ကနေ လှည့်ပြန်သွားရပါလိမ့်မယ်။
( ၂ )အစားကို အချိန်မှန်စားပါ။
မနက်စာဆို မနက်၈ နာရီ၊ နေ့လယ်စာဆို ၁၂နာရီ၊ ညစာဆို ညနေ ၆ နာရီလောက်စားပေးတာ အကောင်းဆုံးပါ။ နေ့တိုင်း ဒီလို အချိန်မှန်စားတဲ့အတွက်ကြောင့် အစာအိမ်က ကျင့်သားရသွားပြီး ဆီကြော်မုန့်တွေ သရေစာတွေကို တောင့်တာတာမျိုးတွေ၊ ခဏပြီး ခဏဆာလောင်ခြင်းတွေ လည်း ဖြစ်တော့မှာ မဟုတ်ပါဘူး။
( ၃ ) အသီး အရွက်တွေကို ဦးစားပေးပါ။
ကယ်လိုရီလည်း နည်းတယ်၊ အမျှင်ဓာတ်လည်း ကြွယ်ဝတော့ စားပြီးရင် အဆာလည်းခံတဲ့ အသီးအရွက်တွေက ဝိတ်ကျတဲ့ပန်းတိုင်ကို မြန်မြန်ရောက်ချင်တဲ့သူတိုင်း ဆောင်သွားသင့်တဲ့ ရိက္ခါထုတ်လေးတွေပါ။ ါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။