ကျန်းမာချင်ရင် ငါးစားပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

လူတော်တော်များများက ငါးစားရင်အရိုးစူးမှာကိုတွေးကြောက်ပြီး ငါးမစားကြပါဘူး။ ငါးက ကြက်သားတွေ၊အမဲသားတွေလိုမျိုး စားရတာအရမ်းကြီး အဆင်မပြေပေမယ့် ခန္ဓါကိုယ်အတွက်ကတော့တော်တော်လေး အကျိုးရှိပါတယ်။ အခုတစ်ခေါက် ငါးစားရင် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်လဲဆိုတာကိုပြောပြပေးပါရစေ။

ဘာကြောင့်ငါး စားသင့်တာလဲ

ငါးမှာ ကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများတာကြောင့် ဦးနှောက်အတွက် အကျိုးပြုပါတယ်။ ငါးမှာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့omega-3 fatty acid လည်းပါဝင်ပါတယ်။ လူရဲ့ခန္ဓယကိုယ်ကomega-3 fatty acid ကိုမထုတ်လုပ်နိုင်ပါဘူး။လေ့လာမှုတွအရomega-3 fatty acid က နှလုံးကိုကျန်းမာစေနိုင်သလို ခန္ဓါကိုယ်ကျန်းမာရေးအတွက်လည်းအရေးပါပါတယ်။ ငါးကိုမကြိုက်ဘူး ဆိုရင်တောင်မှ ခန္ဓါကိုယ်ကျန်းမာစေဖို့အတွက် တစ်ပတ်ကို တစ်ကြိမ် နှစ်ကြိမ်လောက်တော့ ငါးစားပေးသင့်ပါတယ်။

ငါးစားရင် ခန္ဓါကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးတယ်

လေ့လာမှုတွေအရ တစ်ပတ်ကိုတစ်ကြိမ်ပုံမှန် ငါးစားသုံးတဲ့သူတွေက ပုံမှန်ထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းနည်းနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ ငါးလုံးဝမစားသူတွေက ရံဖန်ရံခါ ငါးစားသူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းခန့်ပိုများနေတတ်တယ်လို့လည်း သိရပါတယ်။ ငါးမှာပါတဲ့omega-3 fatty acid က နှလုံးရောဂါခံစားရနိုင်ခြေကို ကျဆင်းစေတာပါ။

Alzheimer’sဖြစ်နိုင်ခြေကို နည်းပါးစေတယ်

တစ်ပတ်မှာ တစ်ကြိမ်လောက် ငါးစားသုံးပေးမယ်ဆိုရင် ဦးနှောက်နဲ့မှတ်ဉာဏ်စွမ်းရည်ကိုကောင်းမွန်စေနိုင်ပါတယ်။ ငါးကိုကြော်စားတာထက် ဟင်းချက်စားတာ၊ပေါင်းစားတာက ကျန်းမာရေးနဲ့ပိုသင့်တော်ပါတယ်။ ငါးက ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေနိုင်ပါတယ်။ မှတ်ဉာဏ်ကောင်းပြီး သင်ယူမှုအားကောင်းချင်သူတေါအတွက် ငါးက အသင့်တော်ဆုံးအစားအစာပါ။

အရေပြားနဲ့ဆံသားကိုကျန်းမာစေနိုင်တယ်

အရေပြားနဲ့ဆံသားကျန်းမာစေဖို့အတွက် ခန္ဓါကိုယ်မှာ ကျန်းမာတဲ့ အဆီပြည့်ဝနေဖို့လိုပါမယ်။ အဆီပြည့်ဝနေမှ အသားအရေက မွဲခြောက်မှုကင်းစင်မှာပါ။ ငါးမှာပါတဲ့omega-3 က ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဖြစ်တာကြောင့် စားသုံးဖို့သင့်တော်ပါတယ်။ ဒါတင်မကသေးပါဘူး၊omega-3 ကအသားအရေကို အားဖြည့်ပေးသလို ဆံသားကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။

စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေတယ်

လေ့လာမှုတွေအရ ငါးမှာပါတဲ့ omega-3 ကစိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေနိုင်တယ်လို့သိရပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့ တစ်နေ့ကိုomega-3 ၃၀၀ မီလီဂရမ်စားသုံးပေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလအတွင်းခံစားရနိုင်တဲ့ စိတ်ကျရောဂါကို သက်သာစေနိုင်တယ်ဆိုပါတယ်။

ဦးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်စေတယ်

ဆယ်လ်မွန်ငါးမှာပါတဲ့EFA omega-3 နဲ့ ငါးကနေရရှိနိုင်တဲ့ အခြားအာဟာရဓါတ်တွေက ကလေးငယ်ရဲ့ ဥိးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။omega-3 စားသုံးပေးတာက ကလေးငယ်တွေမှာ ADHDရောဂါလက္ခဏာတွေမဖြစ်အောင် လုပ်ဆောင်ပေးနိုင်တယ်၊လို့ ကျွမ်းကျင်သူတွေကလေ့လာတွေ့ရှိခဲ့ပါတယ်။

နာတာရှည်ဝေဒနာတွေမဖြစ်အောင်ကာကွယ်ပေးတယ်

ငါးစားသုံးပေးမယ်ဆိုရင် အမျိုးအစား- ၁ ဆီးချိုရောဂါလိုမျိုး နာတာရှည်ဝေဒနာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။omega-3 က ကလေးငယ်လေးတွေမှာလည်း အမျိုးအစား-၁ ဆီးချိုရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်သလိုလေးဖက်နာဝေဒနာနဲ့ အာရုံကြောထိခိုက်ပျက်ယွင်းတဲ့ဝေဒနာတွေခံစားရနိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။

ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်မဖြစ်အောင်ကာကွယ်ပေးတယ်

ပန်းနာရင်ကျပ်ရောဂါဆိုတာက နာတာရှည်လေပြွန်ရောင်ရမ်းနေတဲ့အနေအထားတစ်ရပ်ပါ။ အခုနောက်ပိုင်း ပန်းနာရင်ကျပ်ရောဂါ ခံစားရသူအရေအတွက်ကတော်တော်လေးတိုးလာနေပါတယ်။လေ့လာမှုတွေအရ ငါးပုံမှန်စားသုံးပေးတဲ့ ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေက ပုံမှန်ထက် ၂၄ ရာခိုင်နှုန်းပိုနည်းတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ကလေးငယ်လေးတွေမှာ ငါးများများစားလေလေ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေနည်းလေလေပါ။

အမြင်အာရုံကောင်းမွန်စေတယ်

လူကြီးတွေမှာဖြစ်တဲ့macular degeneration (မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း) က အမြင်အာရုံထိခိုက်ဆုံးရှုံးရတဲ့ အဓိကအကြောင်းအရင်းပါ။ အသက်အရွယ်ရလာတာနဲ့အမျှ အမြင်အာရုံက တဖြည်းဖြည်း အားနည်းလာပါတယ်။ ငါးမှာပါတဲ့ omega-3 fatty acid ကမြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ငါးပုံမှန်စားသုံးပေးမယ်ဆိုရင် အမျိုးသမီးတွေမှာ အမြင်အာရုံထိခိုက်တာကို ၄၂ ရာခိုင်နှုန်းအထိကျဆင်းစေနိုင်သလို အမြင်အာရုံဆိုင်ရာကြွက်သားတွေထိခိုက်နိုင်ခြေကိုလည်း ၅၃ ရာခိုင်နှုန်းအထိကျဆင်းစေနိုင်ပါတယ်။ လူကြီးတွေမှာ အမြင်အာရုံထိခိုက်တာမဖြစ်စေဖို့ တစပတ်တစ်ကြိမ်လောက် ငါးကျွေးပေးပါ။

ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်

အခုခေတ်မှာ ညအိပ်မပျော်ရတဲ့အကြောင်းအရင်းတွေကတော်တော်လေးများလာပါတယ်။ ညဘက်အိပ်မပျော်တာက အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ ဗီတာမင် D နည်းရင်လည်း အိပ်မပျော်တာဖြစ်နိုင်ပါတယ်။ တစ်ပတ်မှာ ဆယ်လ်မွန်ငါး ၃ ကြိမ်ထက်ပိုစားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် D ကိုရရှိမှာဖြစ်ပါတယ်။

လေဖြတ်နိုင်ခြေကိုလျော့နည်းစေတယ်

ငါးစားတာကလေဖြတ်နိုင်ခြေကို ကျဆင်းစေပြီး ဦးနှောက်ကိုကျန်းမာစေနိုင်ပါတယ်။ ငါးမှာပါတဲ့omega-3 fatty acid ကလေဖြတ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။

အခုလောက်ဆိုရင် ငါးစားတာက ခန္ဓါကိုယ်ကို ကျန်းမာစေတယ်၊လို့ဘာကြောင့်ပြောရတာလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေး နို့မှုန့် အာဟာရနဲ့ပတ်သက်ပြီး သင်ဘာတွေ သိသင့်လဲ

ကလေး မိခင်နို့ နို့မှုန့် ကလေးအာဟာရ ကြီးထွားဖွံ့ဖြိုးမှု ငါးကြီးဆီ DHA Omega-3 ဗီတာမင် အာဟာရဓာတ် သတ္တုဓာတ် ပရိုတင်းဓာတ် ကယ်လ်စီယမ်ဓာတ် ကိုယ်အလေးချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

Covid-19 ကာကွယ်ဖို့ အားဆေးတွေကို အလွန်အကျွံ အားမကိုးပါနဲ့

Covid-19 အားဆေး coronavirus ကိုယ်ခံအား ကျန်းမာရေး ကပ်ဘေး ဗီတာမင် အာဟာရဓာတ် အစားအသောက် လေ့ကျင့်ခန်း အိပ်ချိန် အနားယူ ရေဓာတ် မိသားစု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
Corona Virus, COVID-19 ဧပြီ 16, 2020 . 2 mins read

ကိုယ်အလေးချိန် လျင်မြန်စွာ မြင့်တက်လာရင် ဘာတွေသတိထားသင့်သလဲ

ကိုယ်အလေးချိန် ဆေးဝါးများသုံးစွဲနေခြင်း အိပ်မပျော်ခြင်း သားဥအိမ်အရည်အိတ်တည်ခြင်း နှလုံးပျက်စီးခြင်း ကျောက်ကပ်ရောဂါ သိုင်းရွိုက်ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ပဲပင်ပေါက် ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ပဲပင်ပေါက် ကျန်းမာရေးအကျိုးကျေးဇူး ကိုယ်ခံအား အစာခြေစနစ် သွေးအားနည်း အမြင်အာရုံ ဝမ်းချုပ် ရောဂါပိုး ဝိတ်ကျ ဇီဝကမ္မဖြစ်စဉ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ

အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
အစားအသောက် တစ်ခုခုကို တအားတောင့်တမိနေတာ အာဟာရဓာတ် ချို့တဲ့နေလို့များလား

အစားအသောက် တစ်ခုခုကို တအားတောင့်တမိနေတာ အာဟာရဓာတ် ချို့တဲ့နေလို့များလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 24, 2020 . 2 mins read
ဒီထမင်း ကုန်အောင်မစားရင် ရိုက်မယ်ဆိုတဲ့ မေမေ နည်းလမ်းမှန်ရဲ့လား

ဒီထမင်း ကုန်အောင်မစားရင် ရိုက်မယ်ဆိုတဲ့ မေမေ နည်းလမ်းမှန်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 17, 2020 . 2 mins read
ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် ဖြည့်စွက်စာ တွေကို ဘယ်လို ကျွေးကြမလဲနဲ့ အခြားဂရုစိုက်သင့်သော အချက်များ။

ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် ဖြည့်စွက်စာ တွေကို ဘယ်လို ကျွေးကြမလဲနဲ့ အခြားဂရုစိုက်သင့်သော အချက်များ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 11, 2020 . 2 mins read