brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရေးပေါ် ဆေးသေတ္တာထဲမှာ ဘာတွေထည့်ထားရမလဲ

အရေးပေါ် ဆေးသေတ္တာ ဟာ မိသားစုတိုင်း ရုံးခန်းတိုင်းမှာ ရှိကို ရှိရမယ့် အရာ တစ်ခုပါ။ ဒီ သေတ္တာဟာ သိပ်အရေးမကြီးတဲ့ မတော်တဆမှုတွေကို ချက်ချင်းကုသပေးနိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ဒါဆိုရင် အရေးပေါ် ဆေးသေတ္တာထဲမှာ ဘာတွေထည့်ထားရမလဲ ……

အရေးပေါ် ဆေးသေတ္တာထဲမှာ ဘာတွေထည့်ထားရမလဲ

ပြင်ဆင်မှု

အရေးပေါ်ဆေးသေတ္တာကို ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်သလို သင်ကိုယ်တိုင် ပြုလုပ်ယူလို့လည်း ရနိုင်ပါတယ်။

ပထမဆုံး သင့်မှာ တာရှည်ခံပြီး သယ်ဆောင်ရ လွယ်ကူပေါ့ပါးတဲ့ အလွယ်တကူ ဖွင့်လို့ရနိုင်တဲ့ သေတ္တာ တစ်ခုလို ပါတယ်။ ဖြစ်နိုင်မယ် ဆိုရင်တော့ ပလတ်စတစ်နဲ့ လုပ်ထားတာကို ရွေးပါ။

အရေးပေါ် ဆေးသေတ္တာထဲမှာ ဘာတွေထည့်ထားရမလဲ

အရေးပေါ် ဆေးသေတ္တာထဲမှာ ဘာတွေထည့်ထားရမလဲ ဆိုတော့

အခြေခံ ပါရမယ့် ပစ္စည်းများ

• အရွယ်အစား အမျိုးမျိုး၊ ပုံစံ အမျိုးမျိုး ရှိတဲ့ ပလာစတာများ

• အရွယ်အစား အမျိုးမျိုး၊ ပုံစံ အမျိုးမျိုး ရှိတဲ့ ပိုးသတ်ထားတဲ့ ဂွမ်းစများ

• အရွယ်အစား အမျိုးမျိုး၊ ပုံစံ အမျိုးမျိုး ရှိတဲ့ တိပ်တွေနဲ့ ပတ်တီးတွေ

• ဂွမ်းလုံး

• ဆွဲဆန့်လို့ရတဲ့ ပတ်တီး

• တွယ်ချိတ်များ (ပတ်တီးစည်းပြီး ပြန်မပြုတ်စေရန်တွယ်ချိတ်ဖို့ အသုံးပြုသည် )

• ရေခဲအိတ်

• ပိုးသတ်ထားတဲ့ လက်အိတ်

• ပိုးသတ်ဆေးရည်

• ဒဏ်ရာ သန့်စင်ရန်အတွက် ပေါင်းခံရည်

• သာမိုမီတာ

• ဇာဂနာ

• Splint (ကြပ်စည်းသည့် အပြား)

• ကပ်ကြေး

• သေတ္တာထဲ ပါဝင်သမျှ ပစ္စည်း အားလုံးအတွက် အသုံးပြုနည်း လမ်းညွှန်များ

• ဆေးခွက်၊ဇွန်း သို့မဟုတ် ဆေးထိုးအပ်များ

ဆေးဝါးများ

• အရေးပေါ် အခြေအနေအတွက် ဆရာဝန် ညွှန်ကြားချက် ပါသော ဆေးဝါးများ

• Antihistamine (ဓါတ်မတည့်ခြင်းများအတွက် ဆေး)

• Ibuprofen သို့မဟုတ် aspirin ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ

• အအေးမိ ချောင်းဆိုး ပျောက်ဆေး

• ဝမ်းပိတ်ဆေး

• မျက်လုံးဆေးသော အရည်

• ပိုးသတ်ဆပ်ပြာ၊ လိမ်းဆေး၊ ခရင်မ်၊ lotion၊ ethyl alcohol၊ ချောဆီ၊ နေရောင်ကာ လိမ်းဆေး၊ လက်ဆေး ဂျယ်လ်၊ အင်းဆက်ပိုးမွှားများ မကိုက်စေရန် လိမ်းသော လိမ်းဆေး

အရေးပေါ်ပစ္စည်းများ

• ရဲစခန်း၊ ဆေးရုံ၊ ဆေးခန်း စတာတွေ ပါဝင်တဲ့ အရေးပေါ် ဖုန်းနံပါတ်များ

• မိသားစုဝင်တွေ နဲ့ မိသားစု ဆရာဝန်ကို ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်

• မိသားစုဝင် အားလုံးရဲ့ ကျန်းမာရေး မှတ်တမ်း၊ လက်ရှိ သုံးစွဲနေတဲ့ ဆေးဝါးများ အပါအဝင်

• ဓါတ်မီး နှင့် ဓါတ်ခဲများ၊ မီးခြစ်ဆံများ

• စောင်

• နေရောင်ခြည်သုံး အားဖြည့်စက် ပါဝင်တဲ့ ဆဲလ်ဖုန်း

နောက်ထပ်ဘာတွေလုပ်ရဦးမလဲ။

  • ဆေးသေတ္တာထဲ ပါဝင်တဲ့ ပစ္စည်း တစ်ခုချင်းစီရဲ့ အသုံးပြုပုံတွေကို သေချာဖတ်ပြီး လိုအပ်တဲ့ အခါမှာ မှန်ကန်စွာ အသုံးပြုပါ။
  • ဆေးသေတ္တာကို လူကြီးတွေ အလွယ်တကူ လက်လှမ်းမှီနိုင်တဲ့ နေရာမှာ ထားပြီး ကလေးတွေ မမှီနိုင်တဲ့ နေရာမှာ ထားပါ။
  • ရက်လွန်သွားတဲ့ ပစ္စည်းတွေကို ဖယ်ရှားဖို့နဲ့ ကုန်သွားတဲ့ ပစ္စည်းတွေကို အစားထိုးနိုင်ဖို့ ဆေးသေတ္တာကို ပုံမှန် စစ်ဆေးပါ။
  • ဓါတ်မီး သို့မဟုတ် ဘက်ထရီ ကဲ့သို့သော အီလက်ထရောနစ် ပစ္စည်းတွေ သုံးလို့ ရ၊ မရ သေချာစစ်ပါ။
  • ခရီးသွားရာမှာ သင့်ခရီးဆောင် အိတ်ထဲ ဆေးသေတ္တာ ပါနေတာ သေချာပါစေ။
  • ကလေးတွေ အတွက် ဆေးသတ္တာကို ဘယ်လို သုံးရမယ်ဆိုတာ သေချာ ညွှန်ကြားပါ။
  • သင့် အိမ်၊ ကား၊ အလုပ်နေရာတွေမှာ ဆေးသေတ္တာ တစ်ခုစီ ထားပြီး အိတ်ထဲမှာ သေးငယ်ပြီး သယ်ဆောင်ရ လွယ်တဲ့ အရေးပေါ် ဆေးသေတ္တာ တစ်လုံး ထားပါ။
  • ကောင်းမွန်တဲ့ အရေးပေါ် ဆေးသေတ္တာ တစ်လုံးဟာ အသေးစား ထိခိုက်ဒဏ်ရာရမှု ကနေပြီး အရေးပေါ် အခြေအနေတွေ အထိ အခြေအနေ အမျိုးမျိုးမှာ ကူညီပေးနိုင်ပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/11/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။