Sugar Wax ကို အိမ်မှာ ကိုယ်တိုင် လုပ်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 1 min read
Share now

Sugar Wax ဆိုတာ (သူ့နာမည်အတိုင်းပါပဲ) သကြားနဲ့ လုပ်ထားတဲ့ အမွေးချွတ်ဖယောင်းလို့ ပြောရမှာပေါ့။ ဆိုင်တွေမှာ Waxing တစ်ခါတစ်ခါ လုပ်ရင် ငွေကုန်ကြေးကျ များတယ်။ အိမ်မှာပဲ လုပ်မယ်။ အလုပ်ရှုပ်ခံနိုင်တယ်ဆိုတဲ့သူတွေအတွက် အိမ်မှာ Sugar Wax ကို ဘယ်လို ကျိုရမယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ Sugar Wax မှာလည်း Hard Wax, Soft Wax ဆိုတာ ရှိပေမဲ့ ဒီပို့စ်မှာတော့ Soft Wax ကို အလွယ်ဆုံးနည်းလမ်းနဲ့ ဘယ်လို လုပ်ရလဲဆိုတာပဲ ပြောပြပေးမယ်နော်။

လိုအပ်သော ပစ္စည်းများ

  • သကြား တစ်ခွက် (အရောင်မချွတ်ထားတဲ့ သကြားကို သုံးလည်း ရပါတယ်)
  • သံပုရာရည် ၁/၄ ခွက်
  • ရေ ၁/၄ ခွက်
  • ပျားရည် ၁/၄ ခွက် (မရှိရင်လည်း မထည့်လို့ ရပါတယ်)

ပထမဆုံး Saucepan (အိမ်မှာရှိတဲ့ အိုးတွေနဲ့လည်း ရပါတယ်) ထဲ သကြားတွေ ထည့်လိုက်ပါ။ တခြား ဘာမှ မထည့်နဲ့နော်။

အိုးကို Medium-high အပူချိန်နဲ့ ဖြည်းဖြည်း အပူပေးပါ။ (အပူချိန် အရမ်းမများပါစေနဲ့။)

သကြားအရည်ပျော်လာပြီဆိုရင် သံပုရာရည်နဲ့ ရေကို သကြားအားလုံးစိုသွားအောင် လောင်းထည့်လိုက်ပါ။ သမပြီး အားလုံးပျော်အောင် မွှေရင်း မပျစ်မကျဲ အနေတော်လေးဆိုရင် ရပါပြီ။ အရမ်းပျစ်သွားရင်လည်း ခွာလို့ မကောင်းတာမျိုး ဖြစ်တတ်သလို ကျဲလွန်းရင်လည်း မကပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

သတိပြုရမှာက အမွေးတွေက အရမ်းတို၊ အရမ်းရှည်နေရင် Wax လုပ်ရတာ အဆင်မပြေပါဘူး။ ဆိုတော့ လက်မဝက်၊ တစ်နည်းအားဖြင့် ၃-၄ စင်တီမီတာလောက်ရှိမှ အဆင်ပြေမှာပါ။

အိမ်မှာ Wax ဘယ်လို လုပ်ကြမလဲ။

အရင်ဆုံး Wax မလုပ်ခင်မှာ ရေချိုးတာ (သို့) ကိုယ်လက်သန့်စင်တာမျိုး လုပ်ပါ။

သန့်စင်တဲ့အခါမှာ Scrub ကို ဖွဖွလေး တိုက်ပြီး ဆဲလ်သေတွေ ဖယ်ရှားပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။ အကြမ်းပတမ်းလည်း မတိုက်နဲ့နော်။ အရေပြားမှာ ဒဏ်ဖြစ်သွားနိုင်လို့ပါ။

Waxing မလုပ်ခင်မှာ လုပ်မယ့်နေရာတွေကို ခြောက်နေအောင် သုတ်ပါ။ ပေါင်ဒါသုံးရင်လည်း ရပါတယ်။ (လိင်အင်္ဂါနားတစ်ဝိုက်မှာတော့ ပေါင်ဒါတွေ မသုံးနဲ့နော်။)

နွေးနွေးလေး ဖြစ်နေတဲ့ Wax ကို အမွေးပေါက်ရာ လမ်းကြောင်းအတိုင်း သုတ်လိမ်းပါ။ (Wax က အရမ်းပူနေတတ်တာမို့ အဲဒါလေး တစ်ချက် သတိထားပါ။)

ပြီးတော့ အပေါ်ကနေ အဝတ်ပါးလေးနဲ့ ကပ်ပြီး အမွေးပေါက်ရာ လမ်းကြောင်းနဲ့ ပြောင်းပြန် ဆတ်ခနဲ ဆွဲခွာပါ။ ဒီ Sugar Wax, Soft Wax ကိုတော့ ခြေထောက်၊ လက်မောင်းနဲ့ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ သုံးလို့ ရပါတယ်။ (Bikini Wax နဲ့ Brazillian Wax တော့ သွားမလုပ်နဲ့နော်။)

လှနိုင်ကြပါစေ။

Wathun Myet Chal

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစားအသောက်တွေကို အရက်ပြန်၊ ဆပ်ပြာရည်တွေ သုံးပြီး ပိုးသတ်မယ့်အစား

မေးချင်တာက ဆပ်ပြာရည်တွေ အားပါတရဖျော်ပြီး ဝယ်လာတဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို စိမ်ပစ်နေတာလား။ သစ်သီးတွေကို ဘယ်လိုဆေးကြောနေလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင်

ချောင်းဆိုး ချောင်းခြောက်ဆိုး ချွဲထ ပျားရည် ရေနွေးပူပူ ချင်း ရေနွေးငွေ့ရှူ ချွဲပျော် ချွဲပျော်ဆေး သလိပ်အရောင် အိမ်တွင်းနည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ပန်ကရိယလေး ကျန်းမာပါစေ။

န်ကရိယလေးက အစာခြေစနစ်ရဲ့ အရေးပါတဲ့ လုပ်သားလေးပေါ့။ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း နဲ့ အဆီတွေကို ချေဖျက်ဖို့အင်ဇိုင်းတွေ ထုတ်ရင်း ကူညီပေးတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အိမ်မှာနေရင်း နှုတ်ခမ်းသားကို ပန်းသွေးကြွအောင် ဘယ်လိုထိန်းသိမ်းမလဲ

နှုတ်ခမ်းသား အရေပြား အလှအပ ရေဓာတ် အဆိပ်အတောက် skin care ရေသောက် နှုတ်ခမ်းခြောက် တံတွေး ဟင်းသီးဟင်းရွက် အသီးအနှံ ဗီတာမင် အမျှင်ဓာတ် နေရောင်ခြည် Mask ပျားရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ရိုးရိုးအိပ်မပျော်တာလား အိပ်မပျော်တဲ့ရောဂါရနေတာလား

ရိုးရိုးအိပ်မပျော်တာလား အိပ်မပျော်တဲ့ရောဂါရနေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 3 mins read
စမတ်ဖုန်းတွေပေါ်မှာ တစ်လနီးပါး ရှင်သန်နိုင်တဲ့ COVID-19 ဗိုင်းရပ်စ်ပိုး

စမတ်ဖုန်းတွေပေါ်မှာ တစ်လနီးပါး ရှင်သန်နိုင်တဲ့ COVID-19 ဗိုင်းရပ်စ်ပိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
ချောင်းဆိုးနေတဲ့ ကိုဗစ် ဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

ချောင်းဆိုးနေတဲ့ ကိုဗစ် ဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read
သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read