Gym သွားရင် မိတ်ကပ်မလိမ်းသင့်တဲ့အကြောင်းရင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 12, 2021 . 2 mins read
Share now

Gym သွားရင် မိတ်ကပ်လိမ်းထားတာ မျက်နှာအသားအရေအတွက်မကောင်းပါဘူး။

ဒါဟာ Gym သွားနေကျလေဒီတို့အတွက် သိထားသင့်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ဘယ်ကိုသွားသွား၊ဘာပဲလုပ်လုပ် လှနေဖို့က မိန်းကလေးတွေအလေးထားကြတဲ့အရာပဲလေ။ အားကစားဝတ်စုံလေးနဲ့ ဆယ်လ်ဖီဆွဲတာလေးလည်းပါတာပေါ့။ နည်းနည်းပါးပါးဖြီးလိမ်းထားမှ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသလို ခံစားရတယ် မဟုတ်ဘူးလား။

တချို့တွေကျတော့လည်း ညနေမှ အလုပ်ကအပြန်ဝင်ရတာဆိုတော့ မနက်တည်းကပြင်ဆင်ထားတဲ့အတိုင်း gym ကိုရောက်လာရပါတယ်။ အပြေးအလွှားနဲ့မို့ မိတ်ကပ်ဖျက်ဖို့အချိန်ကမရ၊ ဝတ်စုံလေးအမြန်လဲပြီး အချိန်ရှိတုန်းဝင်ကစားရတာမျိုးပေါ့။ ဒါပေမယ့် မိတ်ကပ်တွေနဲ့ ကိုယ်လက်လှုပ်ရှားမလုပ်လိုက်ပါနဲ့။ ခန္ဓာကိုယ်ကျစ်လျစ်ကျန်းမာဖို့၊ အဆီကျလှပဖို့ လာကစားကြတယ်ဆိုပေမယ့် မျက်နှာအသားအရေအတွက်လည်း လေဒီတို့မေ့မထားသင့်ပါဘူး။ ဘာကြောင့်လဲ။ မိတ်ကပ်လိမ်းထားရင်ရော ဘာဖြစ်လို့လဲ၊ မိတ်ကပ်ပျက်ရုံအပြင် ဘာဖြစ်လာနိုင်သေးလဲဆိုတာတွေကို ရှင်းပြပေးမယ်နော်။ မိတ်ကပ်တွေနဲ့ အားကစားလုပ်ရင် –

ချွေးပေါက်တွေပိတ်စေတယ်

ခန္ဓာကိုယ်ကလှုပ်ရှားတဲ့အခါ ချွေးထွက်လာတာက အရေပြားကိုအအေးဓာတ်ပေးတဲ့သဘာဝနည်းလမ်းဖြစ်တာကြောင့် မိတ်ကပ်လိမ်းထားရင်ချွေးပေါက်တွေပိတ်စေပြီး ချွေးလည်းအကုန်အစင်မထွက်နိုင်ဘဲ ဘက်တီးရီးယားတွေခိုအောင်းစေနိုင်ပါတယ်။ ရလဒ်အနေနဲ့ ဆားဝက်ခြံဖြစ်ခြင်း၊ အရေပြားနီမြန်းခြင်းဖြစ်စေပြီး ဝက်ခြံပိုထွက်စေနိုင်ပါတယ်။

ဝက်ခြံတွေရှိတဲ့သူဆို ပိုဆိုးစေနိုင်ပါတယ်

အားကစားလုပ်တဲ့အချိန်တောက်လျှောက်မှာ နံရံ၊ ကြမ်းပြင်၊အလေးမ ဝိတ်တုံး၊စက်ဘီးလက်ကိုင်၊စတဲ့နေရာမှန်သမျှကို လက်ကထိတွေ့မိနေမှာဖြစ်ပြီး အဲဒီနေရာတွေက ဘက်တီးရီးယားပေါက်ဖွားလွယ်တဲ့ နေရာတွေဖြစ်ပါတယ်။ မျက်နှာမှာ မိတ်ကပ်တွေရှိနေရင် ဘက်တီးရီးယားကပ်တွယ်နေဖို့ ပိုခိုင်မာစေတာကြောင့် ဝက်ခြံအတွက် ပိုဆိုးစေပါတယ်။

ချွေးထွက်နည်းတတ်သူဆိုရင် အသားအရေပိုခြောက်သွေ့စေတယ်

မိတ်ကပ်လိမ်းထားတယ်ဆိုရင် အရေပြားမှာ ချွေးငုပ်သွားစေနိုင်ပါတယ်။ အဲ့လိုချွေးမထွက်တဲ့အခါချွေးမှာပါတဲ့ အက်စစ်ဓာတ်pHပမာဏ ကြောင့် အသားအရေမှာ နီမြန်းရောင်ရမ်းခြင်း၊ တင်းနေခြင်းတို့ဖြစ်စေတတ်ပါတယ်။

ချွေးပေါက်ပိုကျယ်လာစေတယ်

ချွေးပေါက်တွေပိတ်နေတဲ့အခါ ပိတ်ဆို့မှုနဲ့ ကွက်တိကျအောင် အရေပြားချွေးပေါက်ကပိုချဲ့လာပြီး ကြာလာရင်ချွေးပေါက်တွေကျယ်လာစေနိုင်ပါတယ်။

အရေပြားထဲမှာ အဆိပ်အတောက်ဓာတ်တွေနဲ့အညစ်အကြေးတွေကျန်ရှိစေတယ်

မိတ်ကပ်လိမ်းထားတဲ့ အပေါ်ယံအလွှာဟာ အရေပြားကို ခန္ဓာကိုယ်အပူချိန်ထိန်းညှိပေးတဲ့စနစ်ကို အနှောင့်အယှက်ဖြစ်စေပြီးချွေးပိတ်စေလို့ အဆိပ်အတောက်ဓာတ်တွေနဲ့ တခြားအညစ်အကြေးတွေကိုမသန့်စင်ပေးနိုင်တော့ပါဘူး။

ဒီလိုနဲ့ကြာလာရင် အသားအရောင်ညစ်လာစေတယ်

ချွေးထွက်များအောင် လှုပ်ရှားကစားပေးပြီး အသားအရေကြည်လင်လှပလာစေဖို့ အားကစားလုပ်ကြတာဖြစ်ပေမယ့် မျက်နှာအသားအရေမှာချွေးပေါက်ပိတ်မှတော့ ဘယ်လိုအဆင်ပြေပါတော့မလဲ။ မိတ်ကပ်အဖွေးသားနဲ့အားကစားလှုပ်ရှားတဲ့အခါ ပိုလှမလာတဲ့အပြင် အသားအရောင်ညစ်ပြီး ပိုတောင်ရင့်ရော်နိုင်ပါတယ်တဲ့။

ဒါ့ကြောင့် gym ကိုရောက်လို့ အားကစားမလုပ်ခင်မှာ အိတ်ဆောင် မိတ်ကပ်ဖျက်ဆေးလေး သို့မဟုတ်Micellar Water နဲ့ မိတ်ကပ်ဖျက်ပြီး မျက်နှာသန့်စင်ပေးတာအကောင်းဆုံးပါ။ သန့်စင်ခန်းမှန်ရှေ့မှာပဲဖြစ်ဖြစ် ၃ မိနစ်လောက်အချိန်ပေးရုံနဲ့ရပါတယ်။ပြီးတော့မှရေဓာတ်ထိန်းပေးတဲ့serum တစ်မျိုးမျိုးကို ပါးပါးလိမ်းပေးနိုင်ပါတယ်။

မလိမ်းမဖြစ် တစ်ခုခုလိမ်းပြီးမှ သွားချင်တယ်ဆိုရင်တော့moisturiser တစ်မျိုးနဲ့ ပေါင်ဒါခပ်ပါးပါးပုတ်ပြီး နှုတ်ခမ်းနီအဆီဆိုးပြီးပြင်ဆင်နိုင်ပါတယ်။အောက်ခံမိတ်ကပ်တော့လုံးဝမလိမ်းသင့်ပါဘူးနော်။

အားကစားလုပ်နေရင်းမှာ တီရှပ် သို့မဟုတ် တဘက်လေးနဲ့ မျက်နှာကိုချွေးသုတ်ဖို့ကို စိုးရိမ်မနေပါနဲ့။ အသားအရေကိုမထိခိုက်ပါဘူး။ လက်နဲ့တိုက်ရိုက်မသုတ်ရင်ပေါ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်မှုက သွားတွေ၊ နှလုံး၊ အသည်းကစလို့ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေမှာရော အသားအရေတွေ အပေါ်မှာပါ  သက်ရောက်မှု ရှိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ အကြောင်း

ဆယ်ကျော်သက်အရွယ် မှာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု များစွာကို ကြုံရနိုင်တာကြောင့် ကြုံတွေ့ရမယ့် ပြောင်းလဲမှု နဲ့ အခက်အခဲတွေကို ဒီလိုကျော်ဖြတ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ဆယ်ကျော်သက်အရွယ် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read

အသားအရေက purging ဖြစ်နေတာလား။ Breakout (ကန်ထွက်) နေတာလား…………….

purging ဖြစ်နေတဲ့ အသားအရေလား။ Breakout ဖြစ်နေတဲ့ အသားအရေလား ကိုယ်တိုင် ဆန်းစစ်ပြီး အသားအရေကို အကောင်းဆုံး ထိန်းသိမ်းလိုက်ရအောင်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

အစားအသောက်ကနေ  ပိုးကူးစက်ပြီး အစာအဆိပ်သင့်တာက အဖြစ်များပါတယ်။ ဝယ်ယူတာကစပြီး စားတာအထိ သန့်သန့်ရှင်းရှင်း လုပ်မယ်ဆိုရင် ပိုးကူးစက်မှုကို လျှော့ချနိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 2, 2021 . 2 mins read
သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read