အနာပိုးဝင်တာက ဘယ်ထိခိုက်ဒဏ်ရာမျိုးမှာမဆိုဖြစ်နိုင်ပါတယ်။ အရေပြားက ခန္ဓါကိုယ်ထဲကိုရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် တားဆီးပေးထားတဲ့ ခံတပ်တစ်ခုပါ။ ထိခိုက်ဒဏ်ရာဖြစ်တဲ့အခါ အပေါ်ယံအရေပြားကပေါက်ပြဲသွားတာကြောင့်ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တဲ့ အတားအဆီးကျိုးပျက်သွားပြီလို့ဆိုရပါမယ်။ ဒီလိုအခြေအနေမှာ ပတ်ဝန်းကျင်မှာရှိတဲ့ ဘက်တီးရီးယားတွေက အနာပေါက်ကနေတဆင့် ကိုယ်ခန္ဓါအတွင်းထဲကိုဝင်ရောက်သွားပြီး ပိုးဝင်ကူးစက်တာတွေဖြစ်လာပါတော့တယ်။ အချို့အနာပိုးဝင်တာတွေကိုantibioticဆေးဝါးတွေနဲ့ကုသနိုင်ပေမယ့် အနာပြင်းထန်မယ်ဆိုရင်တာ့ ဆရာဝန်နဲ့သွားရောက်ပြသတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။
အနာပိုးဝင်ရင် ဘာတွေဖြစ်လာနိုင်လဲ
အနာပိုးမဝင်အောင်ကာကွယ်နိုင်သလို အနာပိုးဝင်တာက အရမ်းမဆိုးဝါးတဲ့အခါမျိုးမှာantibioticဆေးဝါးတွေနဲ့ကုသလို့ရနိုင်ပါတယ်။ ဒါပေမယ့်ပေါ့ပေါ့ဆဆထားမယ်ဆိုရင်တော့ အနာပိုးဝင်တာက ပိုဆိုးလာပြီး အသက်အန္တရာယ်ပါစိုးရိမ်ရနိုင်ပါတယ်။ အနာပိုးဝင်တာကို ဂရုမစိုက်ဘဲထားမိရင်ဖြစ်နိုင်တဲ့အဆိုးဆုံးရလဒ်တွေထဲကတစ်ခုကသွေးဆိပ်တက်တာပါ။ ခန္ဓါကိုယ်က ကူးစက်ရောဂါပိုးကိုတိုက်ထုတ်ဖို့အတွက်သွေးကြောတွေထဲကို ဓါတုပစ္စည်းတွေထုတ်လွှတ်လိုက်တဲ့အခါ ခန္ဓါကိုယ်အနှံ့မှာရောင်ရမ်းမှုတွေဖြစ်လာပါတယ်။ ဒီအခြေအနေကိုသွေးဆိပ်တက်တယ်လို့ခေါ်တာပါ။
သွေးဆိပ်တက်တာကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုတွေက ခန္ဓါကိုယ်တွင်းမှာပြောင်းလဲမှုတွေဖြစ်စေပြီး ကိုယ်တွင်းအင်္ဂါတွေကိုထိခိုက်ပျက်စိးစေနိုင်ပါတယ်။သွေးဆိပ်တက်တာက အနာကျက်ကိုနှေးစေတဲ့အပြင် အနာကတော်တော်နဲ့မကျက်တာကြောင့် မလိုလားအပ်တဲ့နောက်ဆက်တွဲ အန္တရာယ်တွေကိုပါဖြစ်စေနိုင်ပါသေးတယ်။
တကယ်လို့ သင့်အနေနဲ့ ထိခိုက်ဒဏ်ရာတစ်ခုခုရထားပြီး ကိုယ်အပူချိန်က ၁၀၁ ဒီဂရီဖာရင်ဟိုက်ထက်များနေတာ ဒါမှမဟုတ် ၉၆.၈ ဒီဂရီဖာရင်ဟိုက်အောက်ရောက်နေတာမျိုးဖြစ်နေမယ်။ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ် ၉၀ ကျော်နေတာ၊ အသက်ရှုအရမ်းမြန်နေတာမျိုး ဖြစ်မယ်ဆိုရင် အနာကြောင့်သွေးဆိပ်တက်နေတာပါ။
ပြင်းထန်တဲ့သွေးဆိပ်တက်ဝေဒနာကိုခံစားရတဲ့အခါ ဗိုက်အောင့်တာ နဲ့ ဆီးသွားနည်းသွားတာလိုမျိုး ကိုယ်တွင်းအင်္ဂါထိခိုက်ပျက်စိးတဲ့ လက္ခဏာတွေကိုခံစားရနိုင်ပါတယ်။ တကယ်လို့ အခုလိုမျိုးလက္ခဏာတွေဖြစ်လာမယ်ဆိုရင် နီးစပ်ရာဆေးခန်းမှာ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ အချိန်ဆွဲနေမယ်ဆိုရင်သွေးပေါင်ချိန်တွေတအားကျပြီး အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေဖြစ်သွားတဲ့အခါမှာတော့ အနာပိုးဝင်ကူးစက်တာကို ကုသဖို့အတွက်antibioticဆေးဝါးတွေကိုအသုံးပြုနိုင်သလိုသွေးပေါင်ချိန်ပြန်တက်လစေဖို့အတွက်vasopressors ကိုအသုံးပြုနိုင်ပါတယ်။ တစ်ခါတရံမှာ ခွဲစိတ်ကုသမှုခံယူတာမျိုးလုပ်ဖို့အထိလိုအပ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။