ပရိုတင်းမှုန့် (Protein Powder) တွေကို Gym ကစားတဲ့သူတွေ အထူးသဖြင့် အမျိုးသားတွေ အသောက်များကြပါတယ်။ အဓိက ကိုယ်ခန္ဓာကြွက်သားထု မြန်မြန်တက်ဖို့နဲ့ Gym ကစားတဲ့ နေရာမှာ ပိုအားစိုက်ထုတ်နိုင်ဖို့ပေါ့။ တကယ်တော့ ပရိုတင်းမှုန့်မှာ ကျွန်တော်တို့ လူခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်လို့ Gym ကစားဖို့ သီးသန့်ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ ကျန်းမာရေးအတွက် သောက်ပေးသင့်ပါတယ်။