ကိုယ်အလေးချိန် မြင့်တက်စေနိုင်သောအသီးအနှံ ၅ မျိုး

    ကိုယ်အလေးချိန် မြင့်တက်စေနိုင်သောအသီးအနှံ ၅ မျိုး

    အသီးအနှံများကိုလေ့လာကြည့်လျှင် ကျန်းမာရေးအတွက် အကျိုးပြုသည်ကိုတွေ့ရမည်။ အရသာရှိရုံမျှမကဗီတာမင်နှင့်အခြားသောအာဟာရဓါတ်များကိုလည်းပေးစွမ်းနိုင်ပါသည်။ အသီးအနှံများကိုစုံလင်စွာစားသုံးပေးခြင်းဖြင့်ခန္ဓါကိုယ်ကိုကျန်းမာကြံ့ခိုင်စေပြီးခန္ဓါကိုယ်၏လုပ်ငန်းများကိုလည်းပိုမိုကောင်းမွန်အောင် ပြုလုပ်စေနိုင်ပါသည်။ သို့သော်လည်းအသီးအနှံအားလုံးတိုင်းမှာမူသင်၏ ခန္ဓါကိုယ်ကိုလှပစေနိုင်မည် မဟုတ်ပါ။ လွန်ကဲစွာစားသုံးပါကကိုယ်အလေးချိန် တိုးစေနိုင်သောအာနိသင်လည်းရှိပါသည်။

    ငှက်ပျောသီး

    မနက်စာအဖြစ် နှစ်သက်စွာပင် ငှက်ပျောသီးကိုစားလေ့ရှိသည်။ အရသာရှိပြီး ဗိုက်ဝစသည့် အသီးကိုမည်သူကမနှစ်သက်ဘဲနေလိမ့်မည်နည်း။ သို့သော် ငှက်ပျောသီးတွင် ပါဝင်သော အမျှင်ဓါတ် ၊ ပိုတက်စီယမ် နှင့် ဗီတာမင်စီတို့က ကယ်လိုရီ (၁၈၀) အထိရှိသည်ကိုတော့ သတိပြုရပေမည်။ ငှက်ပျောသီးကိုများပြားစွာစားသုံးလျှင် ကိုယ်အလေးချိန် ကျိန်းသေပေါက် တိုးလာမည် ဖြစ်သည်။

    ချယ်ရီသီး

    အရည်ရွှမ်း၍ အရသာရှိသော ချယ်ရီသီးကိုမည်သူမျှ ငြင်းမည် မဟုတ်ပေ။ လူအများစုက နှစ်သက်စွာပင် အခြားအသီးများထက် ပို၍ စားသုံးတက်ကြသည်။ ချယ်ရီသီးတွင် ပါဝင်သော ပိုတက်စီယမ်ဓါတ်သည် ခန္ဓါကိုယ်တွင်းမှပိုလျှံသောဆိုဒီယမ်ဓါတ်ကိုစွန့်ထုတ်စေခြင်းဖြင့် သွေးပေါင်ချိန်ကိုလျော့ကျစေနိုင်ပါသည်။ ထို့ကြောင့်ခန္ဓါကိုယ်အတွက် အကျိုးမရှိဟု ငြင်းရန်ခက်ပါသည်။ သို့သော်လည်းချယ်ရီသီးတွင် သကြားဓါတ်များပြားစွာ ပါဝင်ခြင်းကကိုယ်တွင်းသကြားဓါတ်ကိုတိုးမြင့်စေနိုင်ပါသည်။

    ထောပတ်သီး

    ထောပတ်သီးသည် နို့ကဲ့သို့ အဆီဓါတ်ပါသော အခြားအစားအစာဖြစ်သည်။ ကိုယ်အလေးချိန် မတက်လိုပါကသင့်တော်ရုံသာစားပေးသင့်ပါသည်။ခန္ဓါကိုယ်အတွက် အကျိုးပြုသောမိုနိုအဆီများ ပါဝင်သော်လည်း ကယ်လိုရီဓါတ်လည်းများပြားစွာ ပါဝင်သည့် အသီးဖြစ်ပါသည်။

    သဖန်းသီး

    သဖန်းသီးတွင် အမျှင်ဓါတ်နှင့် ပိုတက်စီယမ်ဓါတ် ကြွယ်ဝစွာ ပါဝင်သည်။ ကျန်းမာရေးအတွက်ကောင်းသည်ဟုယူဆပြီးအလွန်အမင်းစားသုံးပါကကျန်းမာရေးအတွက်မသင့်တော်သလိုခန္ဓါကိုယ်လည်း ဝဖြိုးလာစေနိုင်သည်။ သဖန်းသီးတွင် သကြားဓါတ်များပြားစွာပါဝင်သည့်အတွက် ကိုယ်အလေးချိန် လျှော့ချလိုပါကသင်၏အစားအစာထဲတွင် ထည့်သွင်းစားသုံးခြင်းမပြုသင့်ပါ။

    သရက်သီး

    သရက်သီးသည် အမျှင်ဓါတ်နှင့် ဗီတာမင်စီတို့ များစွာပါဝင်သော အသီးဖြစ်သည်။ သို့သော် သကြားဓါတ်လည်း များစွာပါဝင်သည်ကို သတိပြုသင့်သည်။ ထိုမှတစ်ဆင့် သွေးတွင်းသကြားဓါတ်ကို မြင့်တက်စေနိုင်သည်။ ထို့ကြောင့် အသီးအလုံးလိုက်စားခြင်းထက် အချိုတည်ရုံ အနည်းငယ်သာစားသုံးခြင်းကပို၍သင့်တော်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    5 Fruits That Could Be The Cause Of Your Weight Gain.

    http://www.shape.com.sg/food/5-fruits- could-be-cause- your-weight- gain?slide=1. Accessed September 20, 2016.

    စာရေးသူ ဓာတ်ပုံbadge
    Dr. Ye Pyae Hein မှ ရေးသားသည်။ 21/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။