သို့သော် ဆရာဝန် အများစု၏သုံးသပ်ချက်အရ အဆိုပါ နှစ်မျိုးလုံးသည် အူလမ်းကြောင်းကျန်းမာရေးအတွက် အရေးပါသည်ဖြစ်ရာ နှစ်မျိုးလုံးကို မှီဝဲသင့်ကြောင်းဖော်ပြထားပါသည်။
အကျိုးပြု ကာဗွန်ဟိုက်ဒြိတ်များကို ဘယ်ကရသလဲ။
အကျိုးပြု ကာဗွန်ဟိုက်ဒြိတ်များ သည် အမျိုးအစားများစွာရှိပါသည်။ အဓိကအားဖြင့် အောက်ပါအမျိုးအစား၃ မျိုးကို အတွေ့များပါသည်။
- Inulin
- Fructooligosaccharides (Oligofructose or FOS)
- Galactooligosaccharides (Oligogalactos or GOS)
အခြားသော တွေ့ရခဲသော အကျိုးပြု ကာဗွန်ဟိုက်ဒြိတ်များမှာ lactulose, lafinose, arabinose ၊အမျှင်ဓါတ်ပါသောအစားအစာများ၊ lactilol, lactosucrose, pyrodextrin, xylooligosaccharides နှင့် ဂျုံပင်မှရသော dextrin တို့ဖြစ်သည်။
- Inulin ပါဝင်သော အစားအစာများမှာ ကြက်သွန်ဖြူ ၊ ရေညှိ၊ ကြက်သွန်နီ၊ ပိုးတီ၊ ဟင်းထုတ်ရွက်နှင့် ကြက်သွန်မိတ်တို့ဖြစ်သည်။
- Fructooligosaccharides ပါဝင်သော အစားအစာများမှာ ဘယ်ရီသီး၊ ရှားစောင်းလက်ပက်၊ ရေညှိ၊ ဌက်ပျောသီး၊ ကြက်သွန်နီ၊ ယင်းအမြစ်၊ ကြက်သွန်ဖြူ၊ ကညွတ်နှင့် ဟင်းထုပ်ရွက်တို့ဖြစ်သည်။
- Galactooligosaccharides ပါဝင်သော အစားအစာများမှာ ပဲလုံး၊ ပဲတောင့်ရှည်၊ ကုလားပဲ၊ ရွှေပဲသီး နှင့် ဗိုလ်စားပဲတို့ဖြစ်သည်။
- အစေ့အဆန်များနှင့် မိခင်နို့ရည်တို့တွင်လည်း အကျိုးပြု ကာဗိုဟိုက်ဒြိတ်အချို့ပါရှိသည်။ ထို့ကြောင့် မိခင်များအနေဖြင့် ကလေး၏အစာချေစနစ် ကောင်းမွန်မှန်ကမ်စေရန် မိခင်နို့တိုက်ကျွေးသင့်ပါသည်။