နည်းစနစ်မှန်မှန် ရေသောက်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ရေသောက်တာများ ငယ်ငယ်ကတည်းကသောက်တတ်သားပဲလို့များတွေးနေလား။ လူတိုင်းကရေသောက်တတ်တာသိပေမယ့်နည်းစနစ်မှန်မှန်သောက်တတ်ရဲ့လားဆိုတာကတော့ မသေချာဘူးလေနော်။ရေကို နည်းစနစ်မှန်မှန်သောက်တတ်မှလည်း ကျန်းမာမှာပါ။ ဒီတော့ရေကိုနည်းစနစ်မှန်မှန်သောက်တတ်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။

ရေသောက်ရတဲ့ပမာဏက အသက်အရွယ်၊ ရာသီဥတုအခြေအနေကိုယ်အလေးချိန် နဲ့ ဘယ်လိုလှုပ်ရှားမှုတွေလုပ်နေလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကွဲပြားမှုတွေရှိနိုင်ပါတယ်နော်။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်နေ့ကိုရေ ၈ ခွက်သောက်ရပါမယ်။ အနည်းဆုံးတော့ ၆ ခွက်ပေါ့။ ဒီသောက်လိုက်တဲ့ရေတွေက အချိန်မှန်ဖို့လည်းလိုပါမယ်နော်။

ရေလုံလောက်စွာရရှိမှုက ခန္ဓါကိုယ်ကျန်းမာစေနိုင်ပါတယ်

နည်းစနစ်မှန်မှန်ရေသောက်ကြမယ်

မနက်အိပ်ရာထရင်ရေတစ်ခွက်သောက်ပါ

မနက်နိုးနိုးချင်းမှာရေတစ်ခွက်သောက်ပါ။ ကိုယ်တွင်းအင်္ဂါတွေကို အကောင်းဆုံးလည်ပတ်စေဖို့ပါ။ မနက်စာမစားခင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားရာလည်းရောက်ပါတယ်။

အစားမစားခင်ရေတစ်ခွက်သောက်ပါ

အစားမစားခင် နာရီဝက်အလိုလောက်မှာရေတစ်ခွက်သောက်ပါ။ ဒါမှ အစာခြေစနစ်ကျန်းမာမှာပါ။ တစ်ခွက်ထက်တော့ ပိုမသောက်မိဖို့သတိထားပါ။ အစားမစားနိုင်တာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။ အစားစားပြီးချိန်မှာလည်းရေတစ်ခွက်ထက်ပိုမသောက်ပါနဲ့။ အစာခြေအက်ဆစ်အားပျော့သွားပြီး အစာမကြေတာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။ အကောင်းဆုံးကတော့ အူနံရံတွေက အာဟာရတွေကို အပြည့်အဝစုပ်ယူနိုင်စေဖို့အတွက် ထမင်းစားပြီး တစ်နာရီကြာမှရေသောက်တာအကောင်းဆုံးပါ။

ရေမချိုးခင် ရေတစ်ခွက်သောက်ပါ

ရေမချိုးခင်ရေတစ်ခွက်သောက်ပေးရပါမယ်။ ဒါကတော့သွေးပေါင်ချိန်ကိုထိန်းညှိဖို့အတွက်ပါ။ရေမချိုးခင်ရေတစ်ခွက်သောက်ပေးတာကသွေးတိုးကျစေနိုင်ပါတယ်နော်။

မအိပ်ခင်ရေတစ်ခွက်သောက်ပါ

ညအိပ်ရာမဝင်ခင်မှာရေတစ်ခွက်သောက်ပေးပါ။ ညအိပ်နေစဉ်ရေဓါတ်ဆုံရှုံးမှုကို ကာကွယ်ဖို့အတွက်ပါ။ ညမအိပ်ခင်ရေတစ်ခွက်သောက်တာကလေဖြတ်တာကို ကာကွယ်ပေးနိုင်သလို ရုတ်တရက်နှလုံးရပ်တြာဖစ်နိုင်ခြေကိုလည်း ကျဆင်းစေနိုင်ပါတယ်နော်။

ကိုယ်ဝန်ဆောင်မိခင်တွေ၊ အားကစားသမားတွေ၊ ကာယအားသုံးပြီး အလုပ်လုပ်နေရသူတွေ၊ချွေးထွက်များနေသူတွေ၊ နို့တိုက်မိခင်တွေကတော့ရေကို အခြားသူတွေထက် ပိုသောက်ဖို့လိုအပ်ပါမယ်။ ဒါမှ ခန္ဓါကိုယ်မှာရေဓါတ်မျှတပြီး ကျန်းမာလန်းဆန်းနေမှာပါ။ နည်းစနစ်မှန်မှန်လေးရေသောက်လို့ ခန္ဓါကိုယ်ကျန်းမာရေးကိုစောင့်ရှောက်ရအောင်လား Hello ဆရာဝန်ပရိသတ်ကြီးရေ……………

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲ

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေကို သတိထားဖို့ လိုမလဲ။ ဘယ်လိုတွေ ဂရုစိုက်ရမလဲ။ ကာကွယ်ဆေး ထိုတာနဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား ဆိုတာ သိချင်နေပြီလား မေမေ... သေချာအဖြေထွက်သွားအောင် ဆောင်းပါးလေးထဲမှာ တူတူဖတ်ရအောင်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Aphantasia (သို့မဟုတ်) စိတ်မျက်စိကွယ်ခြင်း

မှတ်ဉာဏ်က မျက်စိမှိတ်ထားချိန်မှာတောင် စိတ်ကူးထဲမှာ ပုံရိပ်တွေပေါ်လာအောင် ဖန်တီးပေးနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ ဒီလိုလုပ်ဆောင်နိုင်စွမ်း မရှိကြပါဘူး။

ရေးသားသူ Ye Zon Aung

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ.....

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 2 mins read

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 21, 2021 . 2 mins read
ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 3 mins read