ကလေးတစ်ယောက်အနေနဲ့ တစ်နေ့တာကိုရေဘယ်လောက်သောက်ဖို့လိုမလဲ
ကလေးတစ်ယောက်ချင်းစီမှာ အသက်အရွယ်၊ ကိုယ်အလေးချိန်နဲ့ယောက်ျားလေး၊မိန်းကလေး ကွာဟမှုကိုလိုက်ပြီး လိုအပ်တဲ့ရေပမာဏကလည်း ကွာခြားနိုင်ပါတယ်။ ကလေးအသက်အရွယ်အလိုက်တစ်နေ့ကိုရေပမာဏဘယ်လောက်သောက်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။
- လမ်းလျှောက်တတ်စအရွယ် တစ်နေ့ကိုရေ ၂ ခွက် ကနေ ၄ ခွက်
- အသက် ၄ နှစ်ကနေ ၈ နှစ် တစ်နေ့ကိုရေ ၇ ခွက်
- အသက် ၉ နှစ်ကနေ ၁၃ နှစ်ယောက်ျားလေးဆိုရင် တစ်နေ့ကိုရေ ၁၀ ခွက်၊ မိန်းကလေးဆိုရင် တစ်နေ့ကိုရေ ၉ ခွက်
- အသက် ၁၄ နှစ်ကနေ ၁၈ နှစ်ယောက်ျားလေးဆိုရင် တစ်နေ့ကို ရေ ၁၄ ခွက်၊ မိန်းကလေးဆိုရင် တစ်နေ့ကို ရေ ၁၀ ခွက် သောက်သုံးပေးရပါမယ်။
တကယ်လို့ ကလေးကပြေးလွှားဆော့မယ်၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ် ဆိုရင်ရေကပိုမိုလိုအပ်မှာပါ။ ဒီလိုမျိုးအချိန်တွေမှာ ကလေးက ကစားရင်းဖြစ်ဖြစ်၊ ကစားပြီးချိန်ဖြစ်ဖြစ်ရေကို ပုံမှန်ထက် ၂ ခွက်ကနေ၃ခွက်လောက်အထိပိုသောက်တာမျိုးရှိနိုင်ပါတယ်။ ကလေးကရေအများကြီးသောက်တာကို သိပ်စိုးရိမ်ဖို့မလိုပါဘူး။ ကလေးဆိုတာက လှုပ်ရှားလိုက်၊ မောလိုက်၊ ချွေးထွက်လိုက်၊ရေသောက်လိုက်က ပုံမှန်လုပ်ငန်းစဉ်တစ်ခုပါပဲ။ တကယ်လို့ကလေးကရေသောက်နည်းရင်သာရေဓါတ်ခမ်းခြောက်မှာ စိုးရိမ်ရတာပါ။ ဒီလိုအချိန်မှာမေမေတို့အနေနဲ့ ကလေးကိုရေထဲမှာ ဘယ်ရီသီးလေးတွေထည့်စိမ်ပြီးတိုက်တာမျိုး ကလေးရေသောက်ချင်လာအောင်လုပ်ပေးရမှာဖြစ်ပါတယ်။ ကလေးကိုရေပဲမတိုက်ချင်ဘူးဆိုရင်တော့ရေဓါတ်ပြည့်ဝနေစေဖို့ ဖရဲသီး၊ ဆလတ်ရွက်၊သခွားသီးတို့လိုမျိုးရေဓါတ်ပြည့်ဝတဲ့ အသီးအနှံလေးတွေကိုကျွေးပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။